“စထာပါနာ၏ အာမခံဝန်ဆောင်မှုဆိုင်ရာ နှစ်ပတ်လည် အစည်းအဝေးကျင်းပခြင်း”
၂၀၂၅ ခုနှစ်၊ မေလ (၂၁) ရက်။
ရန်ကုန်မြို့။
စထာပါနာလီမိတက်သည် မိမိ၏အသင်းသားများနှင့် မြန်မာပြည်သူများအား ချေးငွေဝန်ဆောင်မှု (Credit Service) မျှသာမက၊ အရေးပေါ်နှင့် အကြပ်အတည်းအခြေအနေများတွင် လိုအပ်သည့် ဘဏ္ဍာရေးနှင့် ငွေကြေးဆိုင်ရာအကာအကွယ်များ (Financial Protection) ကို ပေးအပ်နိုင်ရန် အတွက် Capital Taiyo Life Insurance Limited နှင့် ပူးပေါင်း၍ အာမခံဝန်ဆောင်မှု (Bancassurance Service) ကိုလည်း ပေးအပ်လျက်ရှိပါသည်။
စထာပါနာ၏အာမခံဝန်ဆောင်မှုများနှင့် ပတ်သက်၍ ၂၀၂၅- ၂၀၂၆ ဘဏ္ဍာနှစ်အတွက် နှစ်ပတ်လည် အစည်းအဝေးကို စထာပါနာလီမိတက်ရုံးချုပ်တွင် ၂၁. ၅. ၂၀၂၆ ရက်နေ့တွင် ကျင်းပခဲ့ပြီး နှစ်ဘက် ကုမ္ပဏီမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။
အစည်းအဝေးတွင် ၂၀၂၅-၂၀၂၆ ခုနှစ်အတွင်း လုပ်ငန်းလုပ်ကိုင်ဆောင်ရွက်မှုများကိုပြန်လည်သုံးသပ် ဆွေးနွေးခဲ့ကြပြီး ၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ်အတွင်း ဘဏ္ဍာရေးနှင့်ငွေကြေးအကာအကွယ်ဆိုင်ရာ ဝန်ဆောင်မှုများကို အရည်အသွေးပိုမိုမြင့်မားကောင်းမွန်စွာ ပေးအပ်နိုင်ရန်လည်းကောင်း၊ နယ်ပယ်ဒေသများ ပိုမိုတိုးချဲ့ပေးအပ်နိုင်ရန်အတွက်လည်းကောင်း ဆွေးနွေးဆုံးဖြတ်ခဲ့ကြပါသည်။



