စထာပါနာ အမှတ်တံဆိပ်

စထာပါနာအမှတ်တံဆိပ်သည် ဂျပန်နိုင်ငံ၏ ကောင်းစွာ အသိအမှတ် ပြုခံရသော သင်္ကေတဖြစ်သည့် ဖူဂျီတောင်ကို ကိုယ်စားပြုပါသည်။ ကြံ့ခိုင်ခြင်းနှင့်သဟဇာတ ဖြစ်ခြင်း၏ အရင်းအမြစ် အဖြစ်လည်း အလားတူပင်ဖြစ်ပါသည်။

SATHAPANA အမှတ်တံဆိပ်၏ ဆဌဂံအနားဝန်းသည် တန်ဖိုးရှိသောလူ၊ ပစ္စည်းကို အကောင်းဆုံး သိုမှီးခြင်း သဘောတရားကို ရည်ညွှန်း၍ ပျားအုံ၏ ပျားသလက်တည်ဆောက်ပုံကို ကိုယ်စားပြုပါသည်။

ဆဌဂံများကို တစ်ခုနှင့်တစ်ခု ကပ်လျက်ထားခြင်းဖြင့် ကုမ္ပဏီ၏ ကွန်ရက် တလျှောက် အသင်းဝင်များအား ဝန်ဆောင်မှုပေးရာတွင် စွမ်းရည်ဖြန့်ကျက်လျက် ၎င်း၏ကြံ့ခိုင်မှုကို အားဖြည့်ထားပါသည်။ အမှတ်တံဆိပ်ကို သုံးဘက်မြင်ရှုထောင့်မှကြည့်လျှင် မီးခံသေတ္တာ (သို့) အလုံတိုက်ခန်းကို ကိုယ်စားပြုပါသည်။ ထို့အပြင် ၅ မျိုးသော အပြာရောင်သည် ကောင်းကင်ပြာ၏ ရောင်ပြန်ဟပ်ခြင်းကို ကိုယ်စားပြု၍ ခေတ်မီခြင်း ၊ တိုးတက်ခြင်း၏ သင်္ကေတအဖြစ် မှတ်ယူသည်။

စင်စစ်အားဖြင့် စထာပါနာအမှတ်တံဆိပ်သည် ကြံ့ခိုင်ခြင်း၊ သဟဇာတဖြစ်ခြင်း၊ လုံခြုံခြင်း၊ ခိုင်မြဲခြင်း၊ စိတ်ချရခြင်း၊ ပွင့်လင်းမြင်သာမှုရှိခြင်းနှင့် အသင်းဝင်များကို အရည်အသွေးပြည့်ဝသော ဝန်ဆောင်မှုများပေးရန် ကတိကဝတ်ပြုခြင်း စသည့် အဓိကတန်ဖိုးများကို ကိုယ်စားပြုပါသည်။