အမြန်ရှာဖွေရန်
အသင်းသားအရေအတွက်
စုစုပေါင်း ချေးငွေလက်ကျန်
စုစုပေါင်း စုဆောင်းငွေလက်ကျန်
- ၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ၊ ၃၀ ရက် အထိ ဒေတာများဖြစ်ပါသည်။
သတင်းများ

Refreshment Training for CLO & DCLO – Batch 1
စထာပါနာလီမိတက် ရုံးခွဲအသီးသီးတွင် တာဝန်ထမ်းဆောင်နေသော ချေးငွေတာဝန်ခံချုပ်နှင့် လက်ထောက်ချေးငွေတာဝန်ခံချုပ်များအတွက် ချေးငွေဆိုင်ရာလုပ်ငန်းများကို လွယ်ကူအဆင်ပြေစေရန် ရည်ရွယ်၍ “CLO/DCLO’s Refreshment Training” ကို ရုံးချုပ်တွင် အောင်မြင်စွာပို့ချနိုင်ခဲ့ကြောင်း ဂုဏ်ယူစွာဖြင့်

ကမ္ဘာ့စိတ်ကျန်းမာရေးနေ့ အထိမ်းအမှတ် Pottery Painting Activity ကျင်းပပြုလုပ်ခြင်း
ယနေ့ အောက်တိုဘာလ (၁၀) ရက်နေ့တွင် ကျရောက်သော ကမ္ဘာ့စိတ်ကျန်းမာရေးနေ့ (World Mental Health Day) အမှတ်တရအနေနဲ့ စထာပါနာဝန်ထမ်းများ၏ စိတ်ပိုင်းဆိုင်ရာကျန်းမာရေး ကောင်းမွန်စေရန်နှင့် စိတ်အေးချမ်းသာယာမှုကို

ရေကြည်မြို့နယ်ရှိ စထာပါနာလီမိတက်၏ ရေဘေးသင့်အသင်းသားများအတွက် ကူညီထောက်ပံ့ငွေ ပေးအပ်လှူဒါန်းပွဲ
ဧရာဝတီတိုင်းဒေသကြီးအတွင်း ဖြစ်ပွားခဲ့သော ရေကြီးနစ်မြုပ်မှုဒဏ်ကို ခံစားခဲ့ရသည့် စထာပါနာအသင်းသားများအတွက် ငွေကြေးထောက်ပံ့ကူညီသည့် အစီအစဉ်တစ်ရပ်ကို ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါ ကူညီထောက်ပံ့ငွေ ပေးအပ်လှူဒါန်းပွဲကို ၂၀၂၆ ခုနှစ်၊ အောက်တိုဘာလ (၇)

🎉 စထာပါနာဝန်ထမ်းများ၏ စက်တင်ဘာလ မွေးနေ့ပွဲ 🎉
စထာပါနာလီမိတက်မြန်မာသည် ဝန်ထမ်းများအကြား ပျော်ရွှင်မှု၊ စည်းလုံးညီညွတ်မှုနှင့် သဘောတူညီမှုကို အမြဲတမ်းတန်ဖိုးထားပြီး ထိုရည်ရွယ်ချက်အတိုင်း ဝန်ထမ်းအချင်းချင်း ပိုမိုချစ်ကြည်ရင်းနှီးစေရန်နှင့် လုပ်ငန်းအတွင်း သာယာသော ပတ်ဝန်းကျင်တစ်ခုကို ဖော်ဆောင်နိုင်ရန်အတွက် ဝန်ထမ်းစုပေါင်းလှုပ်ရှားမှုများကို ဆောင်ရွက်လျက်ရှိပါသည်။
ပိုမိုကောင်းမွန်တဲ့ အလုပ်ကိုရှာဖွေနေပါသလား။
စထာပါနာလီမိတက်မြန်မာသည် မြန်မာနိုင်ငံရှိ ကောင်းမွန်စွာအသိအမှတ်ပြုခံထားရသော ကုမ္ပဏီများထဲမှ တစ်ခုဖြစ်သည်နှင့်အညီ ရေရှည်တည်တံ့သော ဖွံ့ဖြိုးတိုးတက်မှုအတွက် အားသွန်ခွန်စိုက်ကြိုးပမ်းလျက်ရှိပါသည်။ စထာပါနာမှ အဓိပ္ပာယ်ပြည့်ဝသော အလုပ်အကိုင်များ၊ ထူးခြားကွဲပြားသော လုပ်ငန်းခွင်ယဉ်ကျေးမှုများကို ဖန်တီးပေးလျက်ရှိပါသည်။ စထာပါနာတွင် တာဝန်ထမ်းဆောင်ခြင်းဖြင့် တခြားလုပ်ငန်းခွင်တွင် မရရှိနိုင်သော အတွေ့အကြုံများရရှိနိုင်ပါသည်။ လူတိုင်း အောင်မြင်သော အသက်မွေးဝမ်းကြောင်းဆိုင်ရာတိုးတက်မှုနှင့် တကိုယ်ရည်တိုးတက်မှု ဖန်တီးရန် အခွင့်အရေးများ ရှိပါသည်။ စထာပါနာသည် သက်ဆိုင်ရာလုပ်ငန်းနယ်ပယ်များတွင် ယှဉ်ပြိုင်လိုစိတ်ရှိသော၊ တက်ကြွသော၊ ပန်းတိုင်ရောက်ရန်စိတ်အားထက်သန်သော၊ အရည်အချင်းပြည့်ဝသောလူများ၏ အလုပ်လျှောက်လွှာများကို ဖိတ်ခေါ်လျက်ရှိပါသည်။
ကျွန်ုပ်တို့၏ အားသာချက်များ
လူကြီးမင်းတို့၏ လူနေမှုအဆင့်အတန်း တိုးတက်မြင့်မားရန် အဓိကသော့ချက်ဖြစ်သည့် ယုံကြည်စိတ်ချရသော၊ လက်လှမ်းမီသော ငွေရေးကြေးရေးဝန်ဆောင်မှုများကို ရယူနိုင်ပါသည်။


