ဘုတ်အဖွဲ့ဝင်များ

ကန်ဟန်၊ မန်နေဂျင်းဒါရိုက်တာ

ဂျပန်လူမျိုး ကန်ဟန်သည် ၁၉၉၈ ခုနှစ်မှစ၍ Normura Securities တွင် အလုပ်လုပ်ခဲ့ပြီး၊ (၂၀၀၀) ခုနှစ်တွင် မာရုဟန်ကော်ပိုရေးရှင်းကို ဝင်ရောက်ခဲ့ပါသည်။ (၂၀၀၇) ခုနှစ်တွင် မာရုဟန်ကော်ပိုရေးရှင်း၏ ဒါရိုက်တာအဖြစ်၊ (၂၀၁၄) ခုနှစ်တွင် မန်နေဂျင်းဒါရိုက်တာအဖြစ်၊ (၂၀၂၀) ခုနှစ်တွင် ကိုယ်စားပြုဒါရိုက်တာအဖြစ်၊ (၂၀၂၁) ခုနှစ်တွင် ဘဏ္ဍာရေးကုမ္ပဏီ၏ ဥက္ကဌ အဖြစ် ခန့်အပ်ခံခဲ့ရပါသည်။ ကန်ဟန်သည် စင်္ကာပူအခြေစိုက် ဘဏ္ဍာရေးရုံးချုပ် ဖြစ်သော MARUHAN Investment Asia Pte. Ltd. ၏ မန်းနေဂျင်းဒါရိုက်တာ နှင့် အမှုဆောင်အရာရှိချုပ်/ဥက္ကဌ လည်း ဖြစ်ပါသည်။ သူသည် ဘဏ္ဍာရေး လက်အောက်ခံကုမ္ပဏီများဖြစ်သော စထာပါနာဘဏ် ပီလယ်လ်စီ၊ စထာပါနာလီမိတက်မြန်မာ ၊ နှင့် မာရုဟန်ဂျပန်ဘဏ်လာအို တို့ကိုလည်း စီမံခန့်ခွဲလျက် ရှိပါသည်။ ကန်ဟန်သည် ဒိုရှိရှတက္ကသိုလ်မှ ဥပဒေအထူးပြုဖြင့် ၁၉၉၇ ခုနှစ်တွင် ဘွဲ့ရရှိခဲ့ပါသည်။

ဒေါက်တာဟန်ချောင်ဝူး၊ ဒါရိုက်တာ

ဂျပန်လူမျိုး ဒေါက်တာဟန်ချောင်ဝူး၊ ဒါရိုက်တာသည် ဂေါက်ကွင်းများ၊ ဂေါက်ရိုက်လေ့ကျင့်ကွင်းများ၊ ဘိုးလင်းရုံများ ၊ ဂိမ်းစင်တာများ ၊ စားသောက်ဆိုင်များ နှင့် ပါချင်းကိုပါလော့ ကစားရုံများ အစရှိသည့် ဖျော်ဖြေရေးလုပ်ငန်းများကို စီမံခန့်ခွဲသော မာရုဟန် ကော်ပိုရေးရှင်း ဂျပန် ၏ တည်ထောင်သူ ဉက္ကဌ အမှုဆောင်အရာရှိချုပ် ဖြစ်သည်။ ဒေါက်တာဟန်ချောင်ဝူး သည် မာရုဟန် ကော်ပိုရေးရှင်းကို (၁၉၅၇) တွင်တည်ထောင်ခဲ့ပြီး နှစ်စဉ်ရောင်းရငွေ အမေရိကန်ဒေါ်လာ (၂၇) ဘီလီယံ ကျော်ထိ စီးပွားရေးလျှင်မြန် တိုးတက်အောင် လုပ်ဆောင်ခဲ့ပါသည်။ မာရုဟန် ကော်ပိုရေးရှင်းကို ဂျပန်နိုင်ငံရှိ သက်ဆိုင်ရာလုပ်ငန်း နယ်ပယ်တွင် ဉီးဆောင်ဉီးရွက်ပြုနေသော ကုမ္ပဏီအဖြစ် သိကြပါသည်။ ကုမ္ပဏီ၏ စီးပွားရေးတိုးတက် အောင်မြင်မှုကို ဒေါက်တာဟန်ချောင်ဝူး သည် ဖောက်သည်များ စိတ်ကျေနပ်မှုရရှိရန် အားသွန်ခွန်စိုက် ကြိုးစားမှုနှင့် စိန်ခေါ်မှုများကို ကြိုဆိုသော စိတ်ဓာတ်ဖြင့်တည်ဆောက်ထားသည်။ ယခုလက်ရှိတွင် ဒေါက်တာဟန်ချောင်ဝူး သည် အချို့သော အဖွဲ့အစည်းများတွင် တက်ကြွစွာ ပါဝင်လှုပ်ရှားလျက်ရှိပါသည်။ Han Chang-Woo Tetsu Cultural Foundation တွင် အုပ်ချုပ်မှု ဒါရိုက်တာအဖြစ် လည်းကောင်း၊ Kyoto Chapter United Nations Association of Japan ၏ အုပ်ချုပ်ရေး အရာရှိ အဖြစ်လည်းကောင်း ၊ Tokyo Philharmonic ၏ ဒါရိုက်တာအဖြစ်လည်းကောင်း လုပ်ဆောင်လျက်ရှိသည်။ ဒေါက်တာဟန်ချောင်ဝူး သည် ဟိုစိုင်းတက္ကသိုလ်မှ (၁၉၅၃) ခုနှစ်တွင် နိုင်ငံရေးဘောဂဗေဒဘွဲ့ရရှိခဲ့ပါသည်။

ကင်ဘာဒါ၊ ဒါရိုက်တာ

ကင်ဘာဒါသည် ကမ္ဘောဒီးယားဗဟိုဘဏ် (NBC) တွင် လုပ်သက် (၃၇) နှစ်ကျော်ရှိပြီဖြစ်သည်။ ဗဟိုဘဏ်၏ Kandal ပြည်နယ်ရုံးခွဲဌာနမှူးမှ စတင်၍ ဘဏ်များကြီးကြပ်ရေးဦးစီးဌာန၏ ညွှန်ကြားရေးမှူးချုပ် ဖြစ်သည်အထိ တာဝန်ထမ်းဆောင်ခဲ့သည့်အချိန်အတွင်း၌ ဘဏ်နယ်ပယ်တွင် ဆုံးရှုံးမှုစီမံခန့်ခွဲရေး (ဈေးကွက် ၊ ချေးငွေ၊ ငွေဖြစ်လွယ်မှု ၊ လုပ်ငန်းလည်ပတ်မှုဆိုင်ရာ ဆုံးရှုံးမှု အစရှိသည့် ) ကော်ပိုရိတ်အုပ်ချုပ်ရေး နှင့် စီးပွားရေးဗျူဟာချမှတ်ခြင်း တို့ကဲ့သို့ အကြီးအကဲ ရာထူးများ၌ တာဝန်ထမ်းဆောင်ခဲ့ပါသည်။ ကင်ဘာဒါသည် ၂၀၀၀ ခုနှစ်များအတွင်း ကမ္ဘောဒီးယား၌ ကောင်းစွာထိန်းညှိ ကြီးကြပ်မှုရှိသော ၊ ယှဉ်ပြိုင်နိုင်စွမ်းရှိ၍ ဆုံးရှုံးမှုများမှ ရှင်သန်နိုင်သော ဘဏ်စနစ်တစ်ခုကို ပြန်လည်တည်ဆောက်ရာတွင် အဓိကအခန်းကဏ္ဍမှ ပါဝင်ခဲ့ပါသည်။ ကမ္ဘောဒီးယားနိုင်ငံ၏ စီးပွားရေး တိုးတက်မှုကို တိုက်တွန်းနှိုးဆော်ရန် ငွေကြေးစုဆောင်းခြင်းကို ထိရောက်စွာ စည်းရုံးခဲ့ပါသည်။ ကင်ဘာဒါသည် (၁၉၇၅) ခုနှစ်တွင် ဥပဒေဘွဲ့၊ (၁၉၈၅) ခုနှစ်တွင် ဘဏ်လုပ်ငန်းဆိုင်ရာဘွဲ့ နှင့် (၂၀၀၃) ခုနှစ်တွင် သြစတြေးလျနိုင်ငံ Charles Sturt တက္ကသိုလ်မှ စီးပွားရေးလုပ်ငန်းစီမံခန့်ခွဲမှု မဟာဘွဲ့ကို ဘဏ္ဍာရေးအထူးပြုဖြင့်ရရှိခဲ့ပါသည်။ ကင်ဘာဒါသည် ကမ္ဘောဒီးယားနိုင်ငံရှိ လူသိများသော တက္ကသိုလ်အချို့၌ ကထိကအဖြစ်လည်းကောင်း ၊ ဧည့်ဟောပြောသူအဖြစ်လည်းကောင်း ထမ်းဆောင်ခဲ့ပါသည်။ ထို့အပြင် ကင်ဘာဒါသည် လွန်ခဲ့သော (၁၀) နှစ်အတွင်းတွင် ထိန်းညှိကြီးကြပ်မှုနှင့်ဆိုင်သော ဘောင်ကန့်သတ်ချက် ၊ ဘဏ်လုပ်ငန်း ၊ အသေးစားငွေရေးကြေးရေးလုပ်ငန်း ၊ မိုဘိုင်းဘဏ်စနစ်နှင့် ငွေကြေးဆိုင်ရာဝန်ဆောင်မှုများတွင် ပါဝင်ခြင်း နှင့်သက်ဆိုင်သော ညီလာခံများ ၊ ဆွေးနွေးပွဲများတွင် ထင်ပေါ်သော ဟောပြောသူအဖြစ် ပါဝင်လှုပ်ရှားခဲ့ပါသည်။ ကင်ဘာဒါသည် နိုင်ငံတကာအဆင့်၌ ဇူလိုင်လ (၂၀၁၂) မှ ဇွန်လ (၂၀၁၄) အထိ အာရှ-ပစိဖိတ် ကျေးလက်နှင့် စိုက်ပျိုးမွေးမြူရေးချေးငွေ အဖွဲ့အစည်း (APRACA) ၏ ဥက္ကဌရာထူးဖြင့် ဇန်နဝါရီလ (၂၀၁၅) မှ ဇွန်လ (၂၀၁၇) ထိ လူတိုင်းစေ့တရားဝင် ဘဏ္ဍာရေးဝန်ဆောင်မှုရရှိနိုင်ရေး မဟာမိတ်အဖွဲ့ (AFI) ၏ အမှုဆောင်အဖွဲ့ဝင်အဖြစ် ပါဝင်ခဲ့ပါသည်။

ဆူသိဒ် ဂုသား၊ ဒါရိုက်တာ

အိန္ဒိယလူမျိုး၊ ဆူသိဒ်ဂုသားသည် စထာပါနာလီမိတက်မြန်မာ၏ အမှုဆောင်အရာရှိချုပ်အဖြစ် တာဝန်များထမ်းဆောင်လျက်ရှိပါသည်။ ဂုသားသည် ဘဏ်နှင့် ဘဏ်မဟုတ်သောငွေကြေးအဖွဲ့အစည်းများတွင် ဘဏ္ဍာရေးကဏ္ဍကို အဓိကဦးဆောင်ခဲ့သော လုပ်ငန်းအတွေ့အကြုံ (၂၃) နှစ်ကျော်ရှိပါသည်။ လုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး၊ လုပ်ငန်းလျာထားချက်များ ရာနှုန်းပြည့် အောင်မြင်မှုရရှိအောင်စွမ်းဆောင်ခြင်း၊ ဆုံးရှုံးနိုင်ခြေ အန္တရာယ်ရှိမှု စီမံခန့်ခွဲခြင်း၊ ကော်ပိုရိတ်စီမံအုပ်ချုပ်မှု ၊ ထုတ်ကုန်ဒီဇိုင်းနှင့် ဖြန့်ဖြူးရေး၊ ချေးငွေ အရည်အသွေးစီမံခန့်ခွဲမှု စသည့်ကဏ္ဍများပါဝင်သော လုပ်ငန်းလည်ပတ်ရေးမဟာဗျူဟာအား မွမ်းမံအ‌ကောင်အထည်ဖော်ခြင်း၊ အစရှိသည်တို့သည် ၎င်း၏ ကျွမ်းကျင်အားသန်ရာ နယ်ပယ်ဖြစ်သည်။ ဂုသားသည် အာမခံမယူသော နှင့် အာမခံယူသော အသေးစားငွေကြေးဝန်ဆောင်မှု၊ တစ်ကိုယ်ရည်သုံးချေးငွေ၊ လုပ်ငန်းချေးငွေ၊ အသေးစား၊ အငယ်စား၊ အလတ်စားလုပ်ငန်းချေးငွေ၊ မော်တော်ကားချေးငွေ၊ အပေါင်ချေးငွေ အစရှိသည့်လုပ်ငန်းတို့ကို အသေးစိတ်နားလည်သိရှိ ကျွမ်းကျင်သည်။ စထာပါနာလီမိတက်နှင့် လက်တွဲမလုပ်ကိုင်မီ ဂုသားသည် Fino Finance ၊ မွန်ဘိုင်းမြို့၏ အချိန်ပြည့်ဒါရိုက်တာအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပါသည်။ ဂုသားသည် Satin Microfinance ၊ Fullerton India ၊ ICICI Bank နှင့် Ashok Leyland Finance စသည့် အဖွဲ့အစည်းများတွင်လည်း တာဝန်ထမ်းဆောင်ခဲ့ဖူးပါသည်။ ဂုသားသည် စီးပွားရေးစီမံခန့်ခွဲမှုဘာသာရပ်ဖြင့် မဟာဘွဲ့ကို ရရှိထားပါသည်။

ဟိရာမစု နာအိုရာ၊ ဒါရိုက်တာ

မစ္စတာ ဟိရာမစု နာအိုရာသည် ၁၉၈၈ ခုနှစ်တွင် တိုကျိုရှိ Mitsubishi UFJ Bank တွင် စတင်ဝင်ရောက်အလုပ်လုပ်ကိုင်ခဲ့သည်။ အလုပ်လုပ်ကိုင်ခဲ့သည့် ၃၅ နှစ်တာကာလအတွင်း ၄င်းသည် ဝါရင့် ဘဏ်လုပ်ငန်းနှင့် ကော်ပိုရိတ်အမှုဆောင်အရာရှိအဖြစ် အတွေ့အကြုံများစွာကို ရရှိခဲ့သည်။ MUFG တွင် လုပ်ကိုင်နေစဉ်ကာလအတွင်း နိုင်ငံရပ်ခြားတာဝန်များအဖြစ် နယူးရောက်နှင့် စင်္ကာပူတို့တွင် ငွေတိုက်၊ ကော်ပိုရိတ်စီမံကိန်းရေးဆွဲရေး၊ ဘဏ္ဍာရေး၊ ဝန်ထမ်းရေးရာ၊ သတင်းအချက်အလက်နည်းပညာစီမံခန့်ခွဲမှု နှင့် ဆုံးရှုံးနိုင်ချေနှင့် လိုက်နာဆောင်ရွက်မှုစသည့်အခန်းကဏ္ဍမျိုးစုံတွင် တာဝန်ထမ်းဆောင်ခဲ့ရသည်။ ဒါ့အပြင် ဒေသခံဝန်ထမ်းများ စီမံခန့်ခွဲမှုလုပ်ငန်းစဉ်အတွင်း ပါဝင်နိုင်ရန် နည်းဗျူဟာများ ဖော်ထုတ်ခြင်း၊ အုပ်ချုပ်မှုဆိုင်ရာ အရေးပါသော ပြောင်းလဲမှုများကို အကောင်အထည်ဖော်ခြင်း၊ နိုင်ငံတကာတွင် မိမိဘဏ်၏ဖြစ်တည်မှုကို ပိုမိုတိုးတက်အောင် ဆောင်ရွက်ခြင်း၊ ကုမ္ပဏီအတွင်းလုပ်ငန်းစဉ်များ ပိုမိုထိရောက်မှုရှိအောင် လုပ်ဆောင်ခြင်း စသည့်လုပ်ငန်း၏စွမ်းဆောင်ရည်တိုးမြှင့်ရာကဏ္ဍများတွင် များစွာပါဝင်လုပ်ကိုင်ခဲ့သည်။ ၂၀၁၉ ခုနှစ်တွင် မစ္စတာ ဟိရမစုသည် Nippon Paint Group သို့ ပြောင်းရွှေ့လုပ်ကိုင်ခဲ့ပြီး ကုမ္ပဏီ၏ ကမ္ဘာတစ်ဝန်းစျေးကွက်ထိုးဖောက်ရာတွင် ဦးဆောင်ဦးရွက်ပြုခဲ့သည်။ Nippon Paint Automotive Coatings Co.,Ltd တွင် ဒုတိယဥက္ကဌ၊ အမှုဆောင်ကော်ပိုရိတ်အရာရှိတို့အဖြစ် တာဝန်ယူခဲ့ပြီး ကြီးမားသော ဘဏ္ဍာရေးနှင့် လုပ်ငန်းဆိုင်ရာ ပြုပြင်ပြောင်းလဲမှုများပြုလုပ်ခြင်း၊ လုပ်ငန်းဧရိယာအသစ်များ ထုတ်ဖော်ခြင်း၊ စီမံခန့်ခွဲမှုဆိုင်ရာ အခြေခံအုတ်မြစ်များချမှတ်ခြင်း စသည်တို့ကို ဦးဆောင်အကောင်အထည်ဖော်ခဲ့သည်။ ဒါ့အပြင်၄င်းသည် ဉာဏ်ရည်တုနည်းပညာနှင့် ဒီဂျစ်တယ်အသွင်ပြောင်းလဲမှုတို့ကို အခြေပြုကာ လုပ်ငန်း၏ ထုတ်လုပ်နိုင်စွမ်း၊ အကျိုးအမြတ်နှင့် လုပ်ငန်းကြီးထွားမှုတို့ကို ဖြစ်ပေါ်စေခဲ့သည်။ ၂၀၂၄ ခုနှစ်တွင် ကော်ပိုရိတ်အရာရှိအဖြစ် မာရုဟန်ကော်ပိုရေးရှင်းနှင့်လက်တွဲခဲ့ပြီး၊ ၄င်းသည် ပြည်ပဘဏ္ဍာရေးလုပ်ငန်းခွဲအဖွဲ့အစည်းများကို ကြီးကြပ်ခြင်း၊ လုပ်ငန်းတိုးမြှင့်မှုနှင့် ပြုပြင်ပြောင်းလဲမှုများတွင် လုပ်ငန်းနည်းဗျူဟာဆိုင်ရာ လိုအပ်ချက်များကို ပံ့ပိုးခြင်းများအတွက် တာဝန်ယူဆောင်ရွက်လျက်ရှိပါသည်။

မာဆုယာမာ ဟီရိုဟီဆာ၊ ဒါရိုက်တာ

ဒါရိုက်တာ၊ မစ္စတာ မာဆုယာမာ ဟီရိုဟီဆာ သည် ၁၉၈၈ ခုနှစ်တွင် ဂျပန်နိုင်ငံ၊ ကျိုတိုမြို့ရှိ MUFG ဘဏ်၌ မန်နေဂျာအဖြစ် စတင်လုပ်ကိုင်ခဲ့ပါသည်။ MUFG ဘဏ်၌ နှစ် (၃၀) ကြာ အလုပ်လုပ်နေစဉ်အတွင်း၊ အတွေ့အကြုံများစွာကို စုဆောင်းရရှိခဲ့ပြီး ၎င်းတို့တွင် Derivatives Sales (ဘဏ္ဍာရေးစာချုပ် အရောင်းအဝယ်) ၊ ဂျပန်ကော်ပိုရေးရှင်း ဆက်ဆံရေးစီမံခန့်ခွဲမှု (Japanese Corporate RM) ၊ ချေးငွေ စီမံကိန်းရေးဆွဲမှု (Credit Planning) ၊ ကော်ပိုရေးရှင်း စီမံကိန်းရေးဆွဲမှု (Corporate Planning) ၊ ချေးငွေထိန်းချုပ်မှု (Credit Control) စသည့်တာဝန်များ ပါဝင်ပါသည်။ MUFG ဘဏ်၌ လုပ်ကိုင်မှုအတွင်း စင်္ကာပူတွင် ၁၃.၅ နှစ်ကြာ သွားရောက်တာဝန်ထမ်းဆောင်မှု အတွေ့အကြုံရှိပြီး၊ အာရှနှင့် အိုရှန်နီးယားဒေသ (Asia & Oceania Region) ရှိ ဂျပန်မဟုတ်သော ချေးငွေများကို ကြီးကြပ်ကွပ်ကဲရာ စင်္ကာပူအပြည်ပြည်ဆိုင်ရာ ချေးငွေဌာနခွဲ၏ အထွေထွေမန်နေဂျာရာထူး အပါအဝင် တာဝန်များစွာ ထမ်းဆောင်ခဲ့ပါသည်။ ၂၀၁၈ ခုနှစ်တွင် မစ္စတာ မာဆုယာမာ သည် MUFG ၏ တွဲဖက်အဖွဲ့စည်းတစ်ခုဖြစ်သည့် BOT Lease Co., Ltd. ၏ အရာရှိချုပ်အဖြစ် လုပ်ကိုင်ခဲ့ပြီး၊ ဂျပန်/ဂျပန်မဟုတ်သော ကော်ပိုရေးရှင်းဘဏ္ဍာရေး စီမံခန့်ခွဲမှု နှင့် ငှားရမ်းမှု (Corporate Finance & Leasing) ၊ သင်္ဘော/လေယာဉ် ဘဏ္ဍာရေးစီမံခန့်ခွဲမှု၊ အဆောက်အဦ ဘဏ္ဍာရေးစီမံခန့်ခွဲမှု စသည့်ကဏ္ဍများအတွက် ချေးငွေစီမံကိန်းရေးဆွဲခြင်းနှင့် ထိန်းချုပ်ခြင်း တာဝန်များကို (၇) နှစ်ကြာ ဆောင်ရွက်ခဲ့ပါသည်။ ၂၀၂၅ ခုနှစ်တွင် မစ္စတာ မာဆူယာမာ သည် MARUHAN Corporation သို့ ကော်ပိုရေးရှင်းအရာရှိအဖြစ် ဝင်ရောက်လာပြီး၊ ၎င်း၏ ပညာအတွေ့အကြုံဖြင့် နိုင်ငံခြားရှိ ကုမ္ပဏီခွဲများ၏ ချေးငွေစီမံကိန်းရေးဆွဲမှုနှင့် အန္တရာယ်စီမံခန့်ခွဲမှုတို့ကို ကြီးကြပ်ကွပ်ကဲရန် တာဝန်ယူဆောင်ရွက်လျက်ရှိပါသည်။ မစ္စတာ မာဆုယာမာ သည် ၁၉၈၈ ခုနှစ်တွင် ဂျပန်နိုင်ငံ ဟီတိုဆုဘရှိ တက္ကသိုလ်မှ စီးပွားရေးပညာဘွဲ့ကို ရရှိခဲ့ပါသည်။

ရှန်တန်နု ဆန်ဂုသား၊ ဒါရိုက်တာ

ရှန်တန်နု ဆန်ဂုသား သည် အိန္ဒိယနှင့် အရှေ့တောင်အာရှတိုက်တစ်လွှားရှိ လက်လီဘဏ်ဝန်ဆောင်မှုလုပ်ငန်း၊ လက်လီပိုင်ဆိုင်မှု စီမံခန့်ခွဲမှု၊ ဓနစီမံခန့်ခွဲမှု၊ အသေးစားနှင့် အလတ်စား (SME) ဘဏ်ဝန်ဆောင်မှုလုပ်ငန်း၊ အကြွေးဝယ်ကတ်နှင့် ဒစ်ဂျစ်တယ်ကူးပြောင်းမှု နယ်ပယ်များတွင် အတွေ့အကြုံ နှစ် (၃၀) နီးပါးရှိသည့် အကြီးတန်းဘဏ်လုပ်ငန်း အမှုဆောင်အရာရှိတစ်ဦး ဖြစ်ပါသည်။ ဆန်ဂုသားသည် DBS Bank၊ The Royal Bank of Scotland (RBS)၊ ABN AMRO Bank၊ Citibank၊ Bank of America နှင့် Bandhan Bank အစရှိသည့် ထိပ်တန်းအပြည်ပြည်ဆိုင်ရာနှင့် ပြည်တွင်းဘဏ္ဍာရေးအဖွဲ့အစည်းများတွင် နိုင်ငံအဆင့်နှင့် အကြီးတန်းစီမံခန့်ခွဲမှုအဆင့် စသည့် မြင့်မားသော ရာထူးနေရာများကို တာဝန်ယူခဲ့သူ ဖြစ်ပါသည်။ ၎င်း၏ လုပ်သက်တစ်လျှောက်တွင် ကြီးမားသော လက်လီဘဏ်ဝန်ဆောင်မှုလုပ်ငန်း ကွန်ရက်များကို တည်ဆောက်ခြင်း၊ ဒစ်ဂျစ်တယ်အသွင်ကူးပြောင်းမှုကို ဖော်ဆောင်ခြင်း၊ စီမံအုပ်ချုပ်မှုစနစ်များကို အားကောင်းစေခြင်းနှင့် ရှုပ်ထွေးသော စည်းမျဉ်းစည်းကမ်းကြီးကြပ်စစ်ဆေးရေး ပတ်ဝန်းကျင်များအတွက် လမ်းညွှန်ချက်ချမှတ်ပေးခြင်း တို့အပေါ် အဓိကထား လုပ်ဆောင်ခဲ့ပါသည်။ DBS Bank တွင် တာဝန်ထမ်းဆောင်စဉ်အတွင်း လက်လီဘဏ်ဝန်ဆောင်မှုလုပ်ငန်း၊ ဒစ်ဂျစ်တယ်ဘဏ် လုပ်ငန်းနှင့် ဓနစီမံခန့်ခွဲမှုဌာန၏ Managing Director နှင့် Country Executive အဖြစ် အိန္ဒိယနိုင်ငံ၏ ပထမဆုံးသော မိုဘိုင်းသီးသန့်ဘဏ်ဖြစ်သည့် digibank ကို စတင်မိတ်ဆက်ခဲ့ပြီး သုံးစွဲသူသန်းပေါင်းများစွာ ရှိသော ဒစ်ဂျစ်တယ်နှင့် ဓနစီမံခန့်ခွဲမှုပလပ်ဖောင်းကို ကြီးကြပ်ကွပ်ကဲခဲ့ပါသည်။ Bandhan Bank တွင်မူ လက်လီဘဏ်ဝန်ဆောင်မှုလုပ်ငန်းဆိုင်ရာ Executive President နှင့် Country Head အဖြစ် တာဝန်ယူခဲ့ပြီး တစ်နိုင်ငံလုံးရှိ ဘဏ်ခွဲကွန်ရက်များအနှံ့ mass-market ၊ SME နှင့် Affluent ကဏ္ဍများအထိ ကျယ်ပြန့်သော လက်လီလုပ်ငန်းယန္တရားကြီး (Retail Franchise) ကို အသွင်ကူးပြောင်းရန် တာဝန်ယူခဲ့ပါသည်။ ၎င်း၏ အစောပိုင်းလုပ်သက်ကာလများတွင် RBS နှင့် ABN AMRO တို့၌ အကြီးတန်းခေါင်းဆောင်ပိုင်းရာထူးများဖြင့် လက်လီဘဏ်ဝန်ဆောင်မှုလုပ်ငန်း၊ အကျိုးဆောင်လုပ်ငန်းနှင့် ဓနစီမံခန့်ခွဲမှုလုပ်ငန်းများကို ဦးဆောင်ခဲ့ပြီး အိန္ဒိယ၏ ပထမဆုံးသော နိုင်ငံခြားဘဏ်မှ ဦးဆောင်သည့် အွန်လိုင်းလက်လီအကျိုးဆောင် ပလပ်ဖောင်းကိုလည်း စတင်ခဲ့ပါသည်။ ဆန်ဂုသားသည် စီမံအုပ်ချုပ်မှု၊ စည်းမျဉ်းလိုက်နာမှု၊ ဆုံးရှုံးနိုင်ခြေစီမံခန့်ခွဲမှုနှင့် အကြီးစားစီးပွားရေးလုပ်ငန်း အသွင်ကူးပြောင်းမှုဆိုင်ရာ ကိစ္စရပ်များနှင့်ပတ်သက်၍ စည်းမျဉ်းကြီးကြပ်စစ်ဆေးရေးအဖွဲ့များ၊ ဒါရိုက်တာဘုတ်အဖွဲ့များ၊ အကြီးတန်းလုပ်ငန်းဆက်စပ်သက်ဆိုင်သူများ (Senior Stakeholders) နှင့် လက်တွဲလုပ်ဆောင်ခဲ့သည့် အတွေ့အကြုံများစွာ ရှိပါသည်။ ၎င်းသည် ကာလကတ္တားတက္ကသိုလ်မှ စီးပွားရေးစီမံခန့်ခွဲမှုပညာမဟာဘွဲ့ကို ရရှိထားပြီး MIT တက္ကသိုလ်မှ ဥာဏ်ရည်တု (AI) နှင့် ဒေတာသိပ္ပံ (Data Science) ဘာသာရပ်များအပါအဝင် အဆင့်မြင့်အမှုဆောင်နှင့် နည်းပညာဆိုင်ရာသင်တန်းများကိုလည်း တက်ရောက်ပြီးမြောက်ထားသူ ဖြစ်ပါသည်။