လေ့ကျင့်သင်ကြားပေးမှုများ

၃၇၈၈

ရုံးတွင်းသင်တန်းသားအရေအတွက်

၃၂၉

ပြင်ပသင်တန်းတက်ရောက်သော ဝန်ထမ်းအရေအတွက်

၁၁

ထိရောက်သောရုံးခွဲစီမံအုပ်ချုပ်မှုသင်တန်း အကြိမ်အရေ အတွက်

၃၃

ဝန်ထမ်းသစ်လုပ်ငန်းခွင်အသုံးချသင်တန်း အကြိမ်အရေအတွက်

ဝန်ထမ်းသစ်လုပ်ငန်းခွင်အသုံးချသင်တန်း

ဝန်ထမ်းသစ်များအနေဖြင့် ကုမ္ပဏီ၏ မူဝါဒနှင့်လုပ်ငန်းစဉ်များကို အပြည့်အဝနားလည်ရန် ဝန်ထမ်းသစ်လုပ်ငန်းခွင်အသုံးချသင်တန်းအား ပို့ချပေးလျက်ရှိပါသည်။
ဝန်ထမ်းသစ်လုပ်ငန်းခွင်အသုံးချသင်တန်းကို လူ့စွမ်းအားအရင်းအမြစ်ဌာန၏ ပံ့ပိုးပေးမှုဖြင့် သက်ဆိုင်ရာဌာနများမှ ဝန်ထမ်းသစ်များသို့ ပို့ချပေးနေပါသည်။ ဤနည်းအားဖြင့် ဝန်ထမ်းသစ်များသည် လုပ်ငန်းခွင်သို့ စတင်ဝင်ရောက်သည့်အချိန်မှစ၍ မိမိတို့၏ အခန်းကဏ္ဍဆိုင်ရာတာဝန်များကို ကောင်းမွန်စွာ ထမ်းဆောင်နိုင်မည်ဖြစ်သည်။

မွမ်းမံသင်တန်း

ဝန်ထမ်းများအား ကုမ္ပဏီ၏တိုးတက်ပြောင်းလဲမှုသတင်းများနှင့် အဆက်မပြတ်စေရန် ရည်ရွယ်၍ မွမ်းမံသင်တန်းကို ပို့ချလျက်ရှိသည်။ ဌာနတိုင်းသည် ၎င်းတို့၏မူဝါဒများ ပြောင်းလဲမှုရှိခဲ့သော် ဝန်ထမ်းများအား အကြောင်းကြားရန်တာဝန်ရှိသည်။

ထိရောက်သောရုံးခွဲစီမံအုပ်ချုပ်မှုသင်တန်း

ရုံးခွဲတာဝန်ခံ၊ ရုံးခွဲငယ်တာဝန်ခံ၊ ချေးငွေတာဝန်ခံချုပ် ၊ လက်ထောက်ချေးငွေတာဝန်ခံချုပ် ၊ စာရင်းကိုင်နှင့် လက်ထောက်စာရင်းကိုင်တို့ကဲ့သို့သော ကုမ္ပဏီ၏အနာဂတ် အကျိုးထမ်းရွက်ဆက်ခံမည့်သူများအတွက် ဤသင်တန်းကို ပို့ချပေးလျက်ရှိသည်။ စီမံအုပ်ချုပ်နိုင်စွမ်းကို အရှိန်မြှင့်တင်ပေးရန်သာမက လူ့ကျင့်ဝတ်နှင့်ကိုက်ညီသော၊ တာဝန်ယူနိုင်သော အပြုအမူများနှင့်တကွ အသေးစားငွေရေးကြေးရေးအဖွဲ့အစည်းတွင်ရှိသော ဝန်ထမ်းများ၏ သဘောသဘာဝကို အလုံးစုံနားလည်နိုင်စေရန်ပါ ရည်ရွယ်ပါသည်။

စွမ်းရည်ဖွံ့ဖြိုးရေးသင်တန်း

ရုံးအတွင်း ရာထူးတိုးသွားသော ရုံးခွဲတာဝန်ခံများ၏ အရည်အသွေးကို တိုးမြှင့်စေရန် အတတ်ပညာပိုင်းဆိုင်ရာကျွမ်းကျင်မှုနှင့် အသိပညာဗဟုသုတများ တိုးတက်ရေးကို ကုမ္ပဏီမှ ပံ့ပိုးပေးလျက်ရှိသည်။ သင်တန်းတက်ရောက်သူများအား အတွေးအခေါ်အမြင်ကျယ်စေရန် နည်းပညာပိုင်းဆိုင်ရာကျွမ်းကျင်မှု၊ Soft and Human Skills တို့ကို ဖြန့်ဝေပေးလျက်ရှိသည်။

အရည်အချင်းမြှင့်တင်ခြင်းအစီအစဉ်

အရည်အချင်းမြှင့်တင်ခြင်းအစီအစဉ်သည် ရုံးခွဲနှင့် ရုံးချုပ်ရှိ ရာထူးအဆင့်ဆင့်မှ အလားအလာရှိသော ဝန်ထမ်းများအတွက် ရည်ရွယ်ပါသည်။ ဝန်ထမ်းများ၏ ထုတ်လုပ်နိုင်စွမ်းအား တည်မြဲစေရန်၊ ပိုမို ဖွံ့ဖြိုးတိုးတက်လာစေရန်၊ အားပေးရန်နှင့် အနာဂတ်တွင် တွေ့ကြုံလာရမည့် အပြောင်းအလဲများကို ကိုင်တွယ်ဖြေရှင်းနိုင်ရန် ဝန်ထမ်းများကို ခွန်အားပေးရန် ရေးဆွဲထားသော အစီအစဉ် ဖြစ်ပါသည်။

ဤအစီအစဉ်သည် ဝန်ထမ်းများအား စထာပါနာ ရည်မှန်းချက်ပန်းတိုင်၏ ရှေးရှုရာအတိုင်း အလုပ်လုပ်ရင်း ကုမ္ပဏီ၏ လုပ်ငန်းလှုပ်ရှားမှုများနှင့် အဆက်မပြတ်စေရန်၊ လိုအပ်သော အရည်အချင်း ပြည့်ဝစေရန်၊ စိတ်ဓာတ်တက်ကြွစေရန် ရည်ရွယ်ပါသည်။ ထိုနည်းအားဖြင့် အသင်းသားများ၏ စိတ်ကျေနပ်မှုနှင့် လုပ်ငန်းစွမ်းဆောင်မှုကို တိုးမြင့်စေပါသည်။ အရည်အချင်းမြှင့်တင်ခြင်းအစီအစဉ်သည် လက်ရှိဝန်ထမ်းများ အလုပ်တွင် တည်မြဲစေရန်၊ အဖွဲ့အစည်းအတွင်း ပိုမိုမြင့်မားသော ရာထူးနေရာများသို့ ရောက်ရှိရန် ဖြစ်ပါသည်။

အလုပ်သင်အစီအစဉ်

အကြံဉာဏ်သစ်များနှင့် ခွန်အားများ ပေးစွမ်းနိုင်သော ခေါင်းဆောင်နှင့် ကျွမ်းကျင်သူများ ပေါ်ပေါက်လာစေရန် အတွက် အလုပ်သင်များသည် စထာပါနာလီမိတက်အတွက် အရေးကြီးသော အခန်းကဏ္ဍမှ ပါဝင်ပါသည်။ စထာပါနာ၏ အနာဂတ်ကို ပုံဖော်ရာတွင် နိုင်ငံတဝှမ်းရှိ လူငယ်အတတ်ပညာရှင်များအား ပါဝင်လာစေချင်သည့် အပြင် စီမံခန့်ခွဲမှုအဖွဲ့၏ အစိတ်အပိုင်းတစ်ခုဖြစ်လာစေရန် ရည်ရွယ်ပါသည်။ ထို့အပြင် လျင်မြန်စွာ ဖွံ့ဖြိုးတိုးတက် နေသော အပြည်ပြည်ဆိုင်ရာ ကုမ္ပဏီတစ်ခုဖြစ်သည့် စထာပါနာလီမိတက် မြန်မာနှင့်အတူ လျင်မြန်စွာ တိုးတက်လာရန် မျှော်မှန်းပါသည်။

ဘဏ္ဍာရေးဌာန၊ လုပ်ငန်းလည်ပတ်ရေးဌာန၊ ဈေးကွက်ဌာန၊ ချေးငွေဌာန၊ ဝန်ထမ်းရေးရာဌာန၊ ဆုံးရှုံးနိုင်ခြေနှင့် လိုက်နာမှုဌာန၊ အတွင်းစာရင်းစစ်ဌာန၊  စီမံရေးရာဌာန၊ သတင်းအချက်အလက်နည်းပညာနှင့် စီမံခန့်ခွဲမှု သတင်းအချက်အလက်စနစ်ဌာန အစရှိသည်တို့တွင် လူငယ်အတတ်ပညာရှင်များအား အလုပ်သင်အဖြစ်ပါဝင်လာရန် စထာပါနာသည် အများနှင့်မတူသော အလုပ်အကိုင် အခွင့်အလမ်းများကို ပေးအပ်လျက်ရှိပါသည်။

သက်မွေးဝမ်းကျောင်းဖွံ့ဖြိုးတိုးတက်မှု

စထာပါနာလီမိတက်၌ သက်မွေးဝမ်းကျောင်း လုပ်ကိုင်ရခြင်းသည် စစ်မှန်သော၊ အများနှင့်မတူကွဲပြားသော အတွေ့အကြုံတစ်ခုဖြစ်သည်။ ဝန်ထမ်းတိုင်းတွင် တစ်ကိုယ်ရေတိုးတက်မှုသာမက သက်မွေးဝမ်းကျောင်း ရေရှည်တိုးတက်မှုတို့ ဖန်တီးရန် အခွင့်အလမ်းရှိပါသည်။

လတ်တလော ပို့ချနေသော သင်တန်းများ

ရုံးခွဲစီမံခန့်ခွဲမှု အလုပ်ရုံဆွေး‌နွေးပွဲ ၂၀၂၄

ရုံးခွဲစီမံခန့်ခွဲမှု အလုပ်ရုံဆွေး‌နွေးပွဲ ၂၀၂၄။ စထာပါနာလီမိတက်သည် ရုံးခွဲစီမံခန့်ခွဲမှုအလုပ်ရုံဆွေးနွေးပွဲ (Branch Management Workshop) ကို မြန်မာနိုင်ငံအဝှမ်းရှိ ကုမ္ပဏီ၏ ဦးစီးဦးဆောင်အဖွဲ့များအားလုံး အတူတကွစုပေါင်း၍ ၂၀၂၄ ခုနှစ်၊ မတ်လ၊ ၂၃ ရက်နေ့တွင် Ngwe Saung

Read More »

Leadership Excellence Workshop Training

စထာပါနာလီမိတက်မှ ဝန်ထမ်းတိုးတက်မှုအတွက်” Leadership Excellence Workshop “အား မန်နေဂျာရာထူးများအတွက် ဖေဖော်၀ါရီလ ၁၆ရက်နေ့တွင် အောင်မြင်စွာ ကျင်းပပြုလုပ်ခဲ့ပါသည်။ ။ သင်တန်းတွင် စထာပါနာလီမိတက်၏ Head Office တွင်ရှိသော ဌာနဆိုင်ရာအသီးသီးမှာ မန်နေဂျာများတက်ရောက်ခဲ့ကြပါသည်။ ဤ

Read More »

စထာပါနာလီမိတက်၏ Brach Management Workshop 2023 အမှတ်တရပုံရိပ် ဗီဒီယို

အနာဂတ်မှာ ဖြစ်လာနိုင်မယ့်အရာတွေကို ကြိုမသိရပေမဲ့ အနာဂတ်ကို ဘယ်သူတွေက ဖန်တီးပုံဖော်နေကြသလဲဆိုတာကိုတော့ ကျွန်တော်တို့ သိကြပါတယ်။ ဟုတ်ပါတယ်။ စထာပါနာရဲ့အနာဂတ်ကို ကျွန်တော်တို့တွေ အတူတကွ ဖန်တီးပုံဖော်နိုင်ကြပါတယ်။ စထာပါနာရဲ့ Branch Management Workshop 2023 က ၂၀၂၂

Read More »

စထာပါနာလီမိတက် (ရန်ကုန်ရုံးချုပ်) ၌ ကျင်းပသော Training of Trainers (ToT) အစီအစဉ်

စထာပါနာလီမိတက်ရှိ ဌာနပေါင်းစုံမှ သင်တန်းဆရာများအတွက် ပြင်ပမှသင်တန်းဆရာများအား ဖိတ်ကြားပြီး ToT သင်တန်းကို အောင်မြင်စွာ လေ့ကျင့်သင်ကြားပေးခဲ့ပါသည်။ ဤသင်တန်းတွင် စထာပါနာ၏ သင်တန်းဆရာများသည် ပညာရပ်ဆိုင်ရာ၊ ပျော်ရွှင်ဖွယ်ရာ သင်ကြားမှုများနှင့် ထိရောက်သော လေ့ကျင့်သင်ကြားမှုနည်းလမ်းများဖြင့် တက်တက်ကြွကြွပါဝင်ခဲ့ပြီး ၎င်းတို့၏ သင်ကြားရေးစွမ်းရည်မျုားနှင့်

Read More »

ဝန်ထမ်းသစ်လုပ်ငန်းခွင်အသုံးချသင်တန်း အမှတ်စဉ် (၄၂)

စထာပါနာလီမိတက်၏ ရန်ကုန်ရုံးချုပ်ရှိ ဝန်ထမ်းသစ်များနှင့် ဖွင့်လှစ်ပြီးသော ရုံးခွဲများတွင် တာဝန်ထမ်းဆောင်နေသော ရုံးခွဲတာဝန်ခံ၊ ချေးငွေတာဝန်ခံ, Cashier နှင့် Teller ဝန်ထမ်းသစ်များအတွက် ဝန်ထမ်းသစ်လုပ်ငန်းခွင်အသုံးချသင်တန်း အမှတ်စဉ် (၄၂) အား ဇူလိုင်လ ၀၅ ရက်နေ့မှ ဇူလိုင်လ

Read More »

အလုပ်သင်အစီအစဉ် အမှတ်စဉ် (၁)

စထာပါနာလီမိတက်သည် လူငယ်များ၏ စိတ်အားထက်သန်မှုနှင့် စွမ်းရည်အပေါ် အပြည့်အဝယုံကြည်သော အဖွဲ့အစည်းတစ်ခုဖြစ်သည့်အားလျော်စွာ ပထမဦးဆုံး Management Trainee Program (Bath-1) (Paid Opportunity) မှ အလုပ်သင် (Management Trainee) ၂ ဦးကိုအောင်မြင်စွာ မွေးထုတ်ပေးနိုင်ခဲ့ပါသည်။

Read More »

အခြေခံဒီဂျစ်တယ်ငွေကြေးဆိုင်ရာအသိပညာပေးအစီအစဉ်

မည်သို့သော အခြေအနေအခက်အခဲများ ရှိနေစေကာမူ စထာပါနာလီမိတက်သည် မိမိ၏ အသင်းသားများအား ငွေရေးကြေးရေးနှင့် ငွေကြေးဆိုင်ရာ ဗဟုသုတများ မျှဝေပေးအပ်နိုင်ရန် အစဉ်အမြဲကြိုးစားလျက်ရှိပါသည်။   စထာပါနာလီမိတက်သည် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ အင်းစိန်ရုံးခွဲ၊ လှိုင်သာယာရုံးခွဲ၊ လှည်းကူးရုံးခွဲ၊ တိုက်ကြီးရုံးခွဲနှင့် သုံးခွရုံးခွဲတို့မှ အသင်းသားပေါင်း

Read More »

ကျွမ်းကျင်မှုတိုးတတ်ရေးသင်တန်း အမှတ်စဉ် (၂)

စထာပါနာလီမိတက် ရုံးခွဲများတွင် တာဝန်ထမ်းဆောင်နေသော ရုံးခွဲတာဝန်ခံဝန်ထမ်းများအတွက် ကျွမ်းကျင်မှုတိုးတတ်ရေးသင်တန်း  အမှတ်စဉ် (၂) အား မတ်လ ၄ ရက်နေ့မှ ၆ ရက်နေ့ထိ နေပြည်တော်ရုံးခွဲတွင် ဖွင့်လှစ်သင်ကြားပေးနေမှုများ။      

Read More »