လှိုင်သာယာရုံးခွဲ၏ အောင်မြင်မှုမှတ်တိုင်

𝐁𝐢𝐠 𝐂𝐨𝐧𝐠𝐫𝐚𝐭𝐮𝐥𝐚𝐭𝐢𝐨𝐧𝐬 𝐭𝐨 𝐇𝐥𝐚𝐢𝐧𝐠 𝐓𝐡𝐚𝐲𝐚 𝐁𝐫𝐚𝐧𝐜𝐡!

စထာပါနာလီမိတက်မြန်မာ၏ လှိုင်သာယာ ရုံးခွဲသည် ၂၀၂၆ ခုနှစ်၊ ဇူလိုင်လ စာရင်းအရ ထုတ်ချေးငွေလက်ကျန် (Loan Outstanding) စုစုပေါင်း (၁၀) ဘီလီယံကျပ် ပြည့်မြောက်သွားခဲ့ပြီ ဖြစ်ပါသည်။ ထို့အပြင် စထာပါနာတွင် ချေးငွေလက်ကျန် (၁၀) ဘီလီယံ ရရှိခဲ့သည့် ဒုတိယမြောက် ရုံးခွဲလည်းဖြစ်သည့်အတွက် အထူးဝမ်းမြောက်ဂုဏ်ယူမိပါသည်။

ယခုကဲ့သို့ ထူးချွန်ပြောင်မြောက်သော အောင်မြင်မှုမှတ်တိုင်ကို ရောက်ရှိနိုင်ရန် အစွမ်းကုန် ကြိုးပမ်းအားထုတ်ခဲ့ကြသော ရန်ကုန်တိုင်းဒေသကြီးတာဝန်ခံ၊ လှိုင်သာယာ ရုံးခွဲတာဝန်ခံနှင့် အဖွဲ့ဝင်ဝန်ထမ်းများ အားလုံးအား လှိုက်လှဲစွာ ဂုဏ်ပြုမှတ်တမ်းတင်အပ်ပါသည်။

ဤအောင်မြင်မှုသည် အသင်းသားများအား အရည်အသွေးမြင့် ဘဏ္ဍာရေးဝန်ဆောင်မှုများ ပေးအပ်နိုင်ရေးနှင့် ၎င်းတို့၏ လူမှုစီးပွားဘဝ တိုးတက်ဖွံ့ဖြိုးစေရေးအတွက် လှိုင်သာယာရုံးခွဲ အဖွဲ့သားများ၏ မဆုတ်မနစ်သော ကြိုးပမ်းအားထုတ်မှု၊ စိတ်အားထက်သန်မှု နှင့် အဖွဲ့လိုက်ပူးပေါင်းဆောင်ရွက်မှုတို့၏ အဖိုးတန်ရလဒ်ပင် ဖြစ်ပါသည်။

ယခုကဲ့သို့ အောင်မြင်မှုရရှိခြင်းသည် စထာပါနာအပေါ် အစဉ်တစိုက် ယုံကြည်အားပေးကြသော အသင်းသားများကြောင့်လည်းဖြစ်ပါသဖြင့် စထာပါနာမှအသင်းသားများကိုလည်း အထူးကျေးဇူးတင်ရှိပါသည်။ ရှေ့ဆက်၍လည်း အသင်းသားများ၏ လူမှုစီးပွားဘဝ ပိုမိုဖွံ့ဖြိုးတိုးတက်စေရန်နှင့် အကောင်းဆုံးသော ဘဏ္ဍာရေးဝန်ဆောင်မှုများကို ဆက်လက်ပေးအပ်နိုင်ရန် စထာပါနာမှ အမြဲတမ်း ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ပါသည်။

𝐂𝐨𝐧𝐠𝐫𝐚𝐭𝐮𝐥𝐚𝐭𝐢𝐨𝐧𝐬 𝐨𝐧𝐜𝐞 𝐚𝐠𝐚𝐢𝐧 𝐭𝐨 𝐭𝐡𝐞 𝐇𝐥𝐚𝐢𝐧𝐠 𝐓𝐡𝐚𝐲𝐚 𝐁𝐫𝐚𝐧𝐜𝐡 𝐨𝐧 𝐭𝐡𝐢𝐬 𝐨𝐮𝐭𝐬𝐭𝐚𝐧𝐝𝐢𝐧𝐠 𝐚𝐜𝐡𝐢𝐞𝐯𝐞𝐦𝐞𝐧𝐭! 🎉

 
 
 
 
 
 

Share this post