စထာပါနာလီမိတက်၏ အစဥ်အလာမပျက် ကထိန်သင်္ကန်းကပ်လှူပွဲကို ၂၀၂၆ ခုနှစ်၊ နိုဝင်ဘာလ (၂၀) ရက်နေ့တွင် မရမ်းကုန်းမြို့နယ်ရှိ မဟာဇောတိကာရုံကျောင်းတိုက်၌ ကျင်းပပြုလုပ်ခဲ့ပါသည်။
အဆိုပါ ကုသိုလ်ပြုပွဲတွင် ဌာနအသီးသီးမှ လှူဖွယ်ပစ္စည်းများဖြင့် ပဒေသာပင်ကို စုပေါင်းပြင်ဆင်ကာ ကထိန်သင်္ကန်းနှင့်တကွ ကြည်ညိုသဒ္ဓါတရားအပြည့်ဖြင့် ဆက်ကပ်လှူဒါန်းခဲ့ကြပါသည်။
အားလုံး၏ ကောင်းမှုကုသိုလ်အစုစုတို့ကြောင့် ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာပြီး လိုရာဆန္ဒများ ပြည့်ဝကြပါစေကြောင်း စထာပါနာလီမိတက်မှ ဆုမွန်ကောင်းတောင်းအပ်ပါသည်။











