အမှုဆောင်ကော်မတီ

ဆူသိဒ် ဂုသား၊ ဥက္ကဌ

အိန္ဒိယလူမျိုး၊ ဆူသိဒ်ဂုသားသည် စထာပါနာလီမိတက်မြန်မာ၏ အမှုဆောင်အရာရှိချုပ်အဖြစ် တာဝန်များထမ်းဆောင်လျက်ရှိပါသည်။ ဂုသားသည် ဘဏ်နှင့် ဘဏ်မဟုတ်သောငွေကြေးအဖွဲ့အစည်းများတွင် ဘဏ္ဍာရေးကဏ္ဍကို အဓိကဦးဆောင်ခဲ့သော လုပ်ငန်းအတွေ့အကြုံ (၂၃) နှစ်ကျော်ရှိပါသည်။ လုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး၊ လုပ်ငန်းလျာထားချက်များ ရာနှုန်းပြည့် အောင်မြင်မှုရရှိအောင်စွမ်းဆောင်ခြင်း၊ ဆုံးရှုံးနိုင်ခြေ အန္တရာယ်ရှိမှု စီမံခန့်ခွဲခြင်း၊ ကော်ပိုရိတ်စီမံအုပ်ချုပ်မှု ၊ ထုတ်ကုန်ဒီဇိုင်းနှင့် ဖြန့်ဖြူးရေး၊ ချေးငွေ အရည်အသွေးစီမံခန့်ခွဲမှု စသည့်ကဏ္ဍများပါဝင်သော လုပ်ငန်းလည်ပတ်ရေးမဟာဗျူဟာအား မွမ်းမံအ‌ကောင်အထည်ဖော်ြခင်း၊ အစရှိသည်တို့သည် ၎င်း၏ ကျွမ်းကျင်အားသန်ရာ နယ်ပယ်ဖြစ်သည်။ ဂုသားသည် အာမခံမယူသော နှင့် အာမခံယူသော အသေးစားငွေကြေးဝန်ဆောင်မှု၊ တစ်ကိုယ်ရည်သုံးချေးငွေ၊ လုပ်ငန်းချေးငွေ၊ အသေးစား၊ အငယ်စား၊ အလတ်စားလုပ်ငန်းချေးငွေ၊ မော်တော်ကားချေးငွေ၊ အပေါင်ချေးငွေ အစရှိသည့်လုပ်ငန်းတို့ကို အသေးစိတ်နားလည်သိရှိ ကျွမ်းကျင်သည်။ စထာပါနာလီမိတက်နှင့် လက်တွဲမလုပ်ကိုင်မီ ဂုသားသည် Fino Finance ၊ မွန်ဘိုင်းမြို့၏ အချိန်ပြည့်ဒါရိုက်တာအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပါသည်။ ဂုသားသည် Satin Microfinance ၊ Fullerton India ၊ ICICI Bank နှင့် Ashok Leyland Finance စသည့် အဖွဲ့အစည်းများတွင်လည်း တာဝန်ထမ်းဆောင်ခဲ့ဖူးပါသည်။ ဂုသားသည် စီးပွားရေးစီမံခန့်ခွဲမှုဘာသာရပ်ဖြင့် မဟာဘွဲ့ကို ရရှိထားပါသည်။

မူတို ယုဂျိ၊ အမှုဆောင်အဖွဲ့ဝင်

ဂျပန်လူမျိုး၊ မူတိုယုဂျိသည် ဘဏ်လုပ်ငန်းနယ်ပယ်တွင် လုပ်ငန်းအတွေ့အကြုံ (၃၂) နှစ်ကျော်ရှိပြီဖြစ်သည်။ မာရုဟန်သို့ မဝင်ရောက်မီ Sumitomo Bank (၂၀၂၁ ခုနှစ်၊ ဧပြီလတွင် Mitsui နှင့်ပူးပေါင်းပြီး Sumitomo Mitsui Banking Corporation ဖြစ်လာခဲ့ပါသည်) တွင် လုပ်ကိုင်ခဲ့သည်။ ၁၉၉၀ ခုနှစ်၊ ဧပြီလတွင် တက္ကသိုလ်မှ ဘွဲ့ရပြီးနောက် နိုင်ငံတကာဘဏ်လုပ်ငန်းများတွင် (၂၂) နှစ်ကြာ၊ ထိုထဲတွင်မှ (၁၄) နှစ်သည် ဂျပန်နိုင်ငံတွင် မဟုတ်ဘဲ Madrid, Los Angeles, London, Chicago, Seoul စသည့် နိုင်ငံများတွင်လုပ်ကိုင်ခဲ့ခြင်းဖြစ်ပြီး စုစုပေါင်း လုပ်ငန်းအတွေ့အကြုံ (၃၂) နှစ်ကျော် ရှိသည်။ အငယ်တန်းဝန်ထမ်းမှ အထွေထွေမန်နေဂျာအထိ လုပ်ငန်းဌာန အသီးသီးတွင် စီးပွားရေးမြှင့်တင်ခြင်း၊ လုပ်ငန်းသစ်များ (start-ups) ကို စီးပွားရေးအကြံဉာဏ်ပေးခြင်း၊ ဂျပန် ကုမ္ပဏီနှင့် ဂျပန်မဟုတ်သောကုမ္ပဏီများ၏ လုပ်ငန်းစီးပွားကို နိုင်ငံတကာသို့ ချဲ့ထွင်ခြင်း စသည့်တာဝန်များကို ရာထူးအမျိုးမျိုးဖြင့် ထမ်းဆောင်ခဲ့ပါသည်။ ချီကာဂိုရှိ Railcar Leasing Company ၏ Chief Administrative Officer (CAO) အဖြစ်လည်း တာဝန်ထမ်းဆောင်ခဲ့ဖူးသည်။ တိုကျိုနိုင်ငံခြားဘာသာတက္ကသိုလ်၊ တိုကျို၊ ဂျပန် မှ ပေါ်တူဂီဘာသာစကား အထူးပြုဖြင့် ဝိဇ္ဇာဘွဲ့ (Bachelor of Arts in Portuguese Language) ကို ရရှိထားပါသည်။

ဒေါ်လာမလေး၊ အမှုဆောင်အဖွဲ့ဝင်

ဒေါ်လာမလေးသည် မြန်မာလူမျိုးဖြစ်ပြီး သူမကို ၁၉၉၃ ခုနှစ်တွင် မွေးဖွားခဲ့ပါသည်။ သူမသည် Myanmar Union Adventist Seminary မှ စာရင်းကိုင်ပညာအထူးပြုဖြင့် စီးပွားရေးစီမံခန့်ခွဲမှုပညာဘွဲ့နှင့် International Financial Reporting Standard ဒီပလိုမာ တို့ကို ရရှိထားပါသည်။ စာရင်းကိုင်အဖြစ် စထာပါနာလီမိတက် မြန်မာသို့ ၂၀၁၅ ခုနှစ်၊ သြဂုတ်လတွင် စတင်ဝင်ရောက်ခဲ့ပါသည်။ သူမသည် စထာပါနာ၌ ၂၀၂၀ ခုနှစ်၊ ဧပြီလ မတိုင်ခင်ထိ ဘဏ္ဍာရေးအရာရှိ၊ စာရင်းကိုင်နှင့် အခွန်ယူနစ် မန်နေဂျာ၊ ဘဏ္ဍာရေးဌာန ဒု-ဌာနမှူး၊ လက်ထောက် တိုင်းဒေသကြီးမန်နေဂျာ စသည့် ရာထူးအမျိုးမျိုးဖြင့် တာဝန်ထမ်းဆောင်ခဲ့ပြီး ၂၀၂၀ ခုနှစ်၊ မေလတွင် ယခုလက်ရှိတာဝန်ထမ်းဆောင်လျက်ရှိသော ဘဏ္ဍာရေးဌာနမှူးအဖြစ် ရာထူး တိုးမြှင့်ခံခဲ့ရပါသည်။

ဒေါ်နှင်းဝတ်ရည်၊ အမှုဆောင်အဖွဲ့ဝင်

မြန်မာလူမျိုး ဒေါ်နှင်းဝတ်ရည်ကို ၁၉၈၄ ခုနှစ်တွင် မွေးဖွားခဲ့ပါသည်။ ၂၀၁၈ ခုနှစ်၊ ဇွန်လ (၁၂) ရက်နေ့တွင် စထာပါနာလီမိတက်သို့ လုပ်ငန်းလည်ပတ်ရေးဌာနမှူးအဖြစ် ဝင်ရောက်ခဲ့ပါသည်။ ဒေါ်နှင်းဝတ်ရည်သည် စီးပွားရေးပညာဘွဲ့ (စာရင်းအင်းပညာ) ကို ရန်ကုန်စီးပွားရေးတက္ကသိုလ်မှ ရရှိခဲ့ပါသည်။ ရန်ကုန်စီးပွားရေးတက္ကသိုလ်မှ ပြည်သူ့ရေးရာစီမံခန့်ခွဲမှုပညာမဟာဘွဲ့ (MPA) နှင့် University of Thai Chamber of Commerce (UTCC) မှ စီးပွားရေးစီမံခန့်ခွဲမှုပညာမဟာဘွဲ့ (MBA) တို့ကိုလည်း ရရှိခဲ့ပါသည်။ ထို့အပြင် ရန်ကုန်တက္ကသိုလ်မှ နိုင်ငံတကာဆက်ဆံရေးဒီပလိုမာ၊ Temasek Polytechnic (စင်ကာပူ) မှ ခရီးသွားလုပ်ငန်းစီမံခန့်ခွဲမှုဒီပလိုမာနှင့် HIDA (ဂျပန်) မှ အမှုဆောင်များအတွက် စီမံခန့်ခွဲမှုမြှင့်တင်ရေး (Management Improvement for Executives) တို့ကိုလည်း ရရှိထားပါသည်။ နိုင်ငံတကာအဖွဲ့အစည်းများဖြစ်သော GIZ ၊ Asian Development Bank (ADB) ၊ Oversea Chinese Banking Corporation (OCBC) ၊ Cathy United Bank နှင့် Central Bank of Myanmar (CBM) တို့မှ ပို့ချသော သင်တန်းများကိုလည်း တက်ရောက်ခဲ့ပါသည်။ ဒေါ်နှင်းဝတ်ရည်သည် United Amara Bank (UAB) ၊ Ayeyarwady Bank နှင့် စထာပါနာလီမိတက် အပါအဝင် ဂုဏ်သိက္ခာရှိသော ဘဏ္ဍာရေးအဖွဲ့အစည်းများတွင် လုပ်ကိုင်ဆောင်ရွက်ခဲ့သော အတွေ့အကြုံသက်တမ်း (၁၃) နှစ်ကျော်ခန့် ရှိပြီဖြစ်သည်။ ၂၀၂၃ ခုနှစ်၊ မေလတွင် အကြီးတန်းလုပ်ငန်းလည်ပတ်ရေးဌာနမှူးအဖြစ် ရာထူး တိုးမြှင့်ခန့်အပ်ခြင်းခံခဲ့ရပြီး ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ (၁) ရက်နေ့မှစ၍ လုပ်ငန်းလည်ပတ်ရေးအရာရှိချုပ်အဖြစ် ရာထူးတိုးတာဝန်ထမ်းဆောင်လျက်ရှိပါသည်။