ချေးငွေများ

စိုက်ပျိုးရေးချေးငွေ

စိုက်ပျိုးမွေးမြူရေးကဏ္ဍသည် နိုင်ငံတစ်ခု၏ စားနပ်ရိက္ခာဖူလုံရေးကို တိုးမြှင့်နိုင်သည့်အပြင် မိသားစုများ၊ အထူးသဖြင့် ကျေးလက်ဒေသတွင် နေထိုင်သော မိသားစုများ၏ ဝင်ငွေအဆင့်ကိုပါ မြင့်မားစေပါသည်။ စထာပါနာ၏ စိုက်ပျိုးရေးချေးငွေသည် စိုက်ပျိုးရေးသုံးမျိုးစေ့များ၊ ဓါတ်မြေသြဇာများနှင့် စက်ပစ္စည်းကိရိယာများ ဝယ်ယူခြင်း၊ လုပ်ခလစာပေးခြင်း အစရှိသည့် စိုက်ပျိုးမွေးမြူရေး ထုတ်လုပ်မှုဆိုင်ရာ (အသားငါးမွေးမြူရေးနှင့် သစ်တောလုပ်ငန်း အပါအဝင်) စီးပွားရေးလုပ်ငန်း ဆောင်ရွက်ချက်များအတွက် ရင်းနှီးမြှုပ်နှံမှု ပုံစံအမျိုးမျိုးအား ဘဏ္ဍာငွေကြေး ထောက်ပံ့ပေးရန် ရည်ရွယ်ပါသည်။

အသေးစားစီးပွားရေးလုပ်ငန်းချေးငွေ

အသေးစား၊ အငယ်စား၊ အလတ်စား စီးပွားရေး လုပ်ငန်းများသည် နိုင်ငံတစ်ခု၏ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုအတွက် အရေးပါသော အခန်းကဏ္ဍမှ ပါဝင်ပါသည်။ စွန့်ဦးတီထွင်လုပ်ငန်းရှင်များ လုပ်ငန်းသစ်စတင်ခြင်းနှင့် လုပ်ငန်းချဲ့ထွင် ခြင်း အားဖြင့် အလုပ်အကိုင်အခွင့်အလမ်းများစွာကို ဖန်တီးပေးသောကြောင့် လူတစ်ဦးချင်း၏ ဝင်ငွေအဆင့်ကို မြှင့်တင် ပေးနိုင်ပါသည်။ စထာပါနာလီမိတက်သည် လုပ်ငန်းစတင်ရန်နှင့် လက်ရှိလုပ်ငန်းများ တိုးချဲ့ရန်အတွက် လိုအပ်သော ဘဏ္ဍာငွေအရင်းအနှီးကို ရေရှည်တည်တံ့သော နည်းလမ်းများအသုံးပြု၍ ထောက်ပံ့ပေးအပ်ခြင်းဖြင့် ကျေးလက်နှင့် မြို့ပြ နှစ်ရပ်လုံးရှိ စွန့်ဦးတီထွင်လုပ်ငန်းရှင်များကို အားပေးမြှင့်တင်လျက်ရှိပါသည်။

သုံးစွဲမှုချေးငွေ

သုံးစွဲမှုချေးငွေသည် နေအိမ်ပြုပြင်ခြင်းနှင့် အိမ်ထောင်ပရိဘောဂ၊ မော်တော်ဆိုင်ကယ်စသော လိုအပ်သည့် အိမ်အသုံး အဆောင်ပစ္စည်းများ ဝယ်ယူရာတွင် အသုံးပြုနိုင်ရန်အတွက် ဝန်ဆောင်မှုပေးသော ချေးငွေအမျိုးအစား ဖြစ်ပါသည်။ ဤချေးငွေကို အသင်းသားများ၏ ပညာရေးနှင့် ကျန်းမာရေး ကဏ္ဍတွင် ဘဏ္ဍာငွေကြေး လိုအပ်သောအခါ၌လည်း အသုံးပြုနိုင်ပါသည်။ စထာပါနာသည် သုံးစွဲမှုချေးငွေ ထောက်ပံ့ပေးခြင်းဖြင့် အသင်းသားများ၏ လူနေမှုဘဝအဆင့်အတန်းနှင့် စီးပွားရေးလုပ်ငန်းများ ကို မြှင့်တင်ပေးနိုင်ရန်၊ ပိုမိုမြင့်မားသောဝင်ငွေကို ဖြစ်ပေါ်လာစေရန် ရည်ရွယ်ပါသည်။

တစ်ဦးချင်းချေးငွေ

ဝိုင်းကြီးချုပ်ချေးငွေ

သိန်း ၂၀၀ အထိ

သိန်း ၃၀ အထိ

၂၄ လအထိ

၁၂ လအထိ

တစ်နှစ်လျှင် ၂၈ ရာခိုင်နှုန်း

တစ်နှစ်လျှင် ၂၈ ရာခိုင်နှုန်း

အတိုးတွက်ချက်မှုပုံစံ

ချေးငွေ (၁၀) သိန်းကျပ် အပေါ်တွင် အတိုးနှုန်း တစ်လလျှင် ၂.၃၃ ရာခိုင်နှုန်းဖြင့် အခြေခံ၍ နမူနာပုံစံအဖြစ် တွက်ချက်ပြသထားခြင်း ဖြစ်ပါသည်။

နှစ်စဉ်အတိုးနှုန်း

စဉ်ပေးဆပ်ရမည့်
ပမာဏ
ပေးဆပ်ရမည့် ချေးငွေပေးဆပ်ရမည့်အတိုးချေးငွေလက်ကျန်
ပမာဏ
၁၉၆,၅၀၆၇၃,၄၉၂၂၃,၀၁၄၉၂၆,၅၀၈
၂၉၆,၅၀၆၇၄,၄၇၃၂၂,၀၃၃၈၅၂,၀၃၅
၃၉၆,၅၀၆၇၆,၈၉၈၁၉,၆၀၈၇၇၅,၁၃၇
၄၉၆,၅၀၆၇၈,၀၇၃၁၈,၄၃၃၆၉၇,၀၆၅
၅၉၆,၅၀၆၇၉,၉၂၉၁၆,၅၇၇၆၁၇,၁၃၆
၆၉၆,၅၀၆၈၃,၂၅၀၁၃,၂၅၆၅၃၃,၈၈၅
၇၉၆,၅၀၆၈၃,၈၁၀၁၂,၆၉၆၄၅၀,၀၇၆
၈၉၆,၅၀၆၈၆,၁၄၈၁၀,၃၅၈၃၆၃,၉၂၇
၉၉၆,၅၀၆၈၇,၈၅၁၈,၆၅၄၂၇၆,၀၇၆
၁၀၉၆,၅၀၆၉၀,၁၅၂၆,၃၅၄၁၈၅,၉၂၃
၁၁၉၆,၅၀၆၉၂,၀၈၅၄,၄၂၁၉၃,၈၃၉
၁၂၉၆,၀၇၀၉၃,၈၃၉၂,၂၃၂၀.၀၀
စုစုပေါင်း၁,၁၅၇,၆၃၆၁,၀၀၀,၀၀၀၁၅၇,၆၃၆

သက်ရောက်အတိုးနှုန်း

စဉ်ပေးဆပ်ရမည့်
ပမာဏ
ပေးဆပ်ရမည့် ချေးငွေပေးဆပ်ရမည့်အတိုးချေးငွေလက်ကျန်
ပမာဏ
၁၁၀၇,၁၁၃၈၃,၃၃၃၂၃,၇၈၀၉၁၆,၆၆၇
၂၁၀၅,၁၃၂၈၃,၃၃၃၂၁,၇၉၉၈၃၃,၃၃၃
၃၁၀၃,၁၅၀၈၃,၃၃၃၁၉,၈၁၇၇၅၀,၀၀၀
၄၁၀၁,၁၆၈၈၃,၃၃၃၁၇,၈၃၅၆၆၆,၆၆၇
၅၉၉,၁၈၆၈၃,၃၃၃၁၅,၈၅၃၅၈၃,၃၃၃
၆၉၇,၂၀၅၈၃,၃၃၃၁၃,၈၇၂၅၀၀,၀၀၀
၇၉၅,၂၂၃၈၃,၃၃၃၁၁,၈၉၀၄၁၆,၆၆၇
၈၉၃,၂၄၁၈၃,၃၃၃၉,၉၀၈၃၃၃,၃၃၃
၉၉၁,၂၅၉၈၃,၃၃၃၇,၉၂၆၂၅၀,၀၀၀
၁၀၈၉,၂၇၈၈၃,၃၃၃၅,၉၄၅၁၆၆,၆၆၇
၁၁၈၇,၂၉၆၈၃,၃၃၃၃,၉၆၃၈၃,၃၃၃
၁၂၈၅,၃၁၄၈၃,၃၃၃၁,၉၈၁၀
စုစုပေါင်း၁,၁၅၄,၅၆၉၁,၀၀၀,၀၀၀၁၅၄,၅၆၉

လိုအပ်ချက်များ

လိုအပ်ချက်များ

ချေးငွေဘယ်လိုယူမလဲ။

လိုအပ်သောစာရွက်စာတမ်းများ