ကျွန်ုပ်တို့အကြောင်း

အနာဂါတ်ရည်မှန်းချက်

မြန်မာနိုင်ငံ၏ စွန့်ဦးတီထွင်မှုကို
အားပေးသောတည်ဆောက်မှုဖြစ်စဉ်တွင် ဦးဆောင်မှု အခန်းကဏ္ဍမှ ပါဝင်သော ဘဏ္ဍာရေးအဖွဲ့အစည်းတစ်ခုဖြစ်ရေး။

ထမ်းရွက်မည့် တာဝန်

စီးပွားရေးစွန့်ဦးတီထွင်သူများ လိုအပ်သော ဘဏ္ဍာငွေကြေးကို
ရေရှည်တည်တံ့သော နည်းလမ်းများဖြင့် ထောက်ပံ့ပေးအပ်ခြင်းနှင့်
အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးမှုမှတဆင့် လူနေမှုဘဝအဆင့်မြှင့်တင်နိုင်ရေး။

စထာပါနာအကြောင်း

SATHAPANA Limited သည် အသေးစားငွေရေးကြေးရေး ဝန်ဆောင်မှုပေးသော၊ ကုမ္ပဏီတစ်ခုဖြစ်ပြီး မတည်ရင်းနှီးငွေ အမေရိကန်ဒေါ်လာ (၁၅) သန်းဖြင့် ၂၀၁၅ခုနှစ် ဇန်နဝါရီလတွင် စတင်ဖွဲ့စည်းတည်ထောင်ခဲ့သော အဖွဲ့အစည်းတစ်ခုဖြစ်ပါသည်။

စထာပါနာဆိုသောစကားသည် ခမာ ဘာသာစကားမှ ဆင်းသက်လာပြီး၊ မူရင်းအနက်အားဖြင့် တည်ဆောက်ရန် (သို့) ဆောက်လုပ်ရန်ဟု အဓိပ္ပါယ်ရပါသည်။ ကမ္ဘောဒီးယားနိုင်ငံ၏ထင်ရှားသည့် အသေးစားငွေကြေး အဖွဲ့အစည်းဖြစ် သော SATHAPANA Institution သည် ကမ္ဘောဒီးယားနိုင်ငံမှ Maruhan Bank Japan နှင့်ပူးပေါင်း၍ SATHAPANA Bank PLC ကို ကမ္ဘောဒီးယားနိုင်ငံတွင် တည်ထောင်ခဲ့ပါသည်။ မြန်မာနိုင်ငံတွင် တည်ထောင်သည့် SATHAPANA Limited, Myanmar သည် ကမ္ဘောဒီးယား နိုင်ငံတွင်ရှိသည့် SATHAPANA Bank PLC ၏ ညီအစ်မကုမ္ပဏီတစ်ခုဖြစ်ပါသည်။

SATHAPANA ၏ အသေးစားငွေရေးကြေးရေးဝန်ဆောင်မှု လုပ်ငန်းများကို (၂၀၁၅) ခုနှစ် သြဂုတ်လမှစတင်၍ လုပ်ငန်းလည်ပတ်ခဲ့ပြီး ၂ နှစ်ကျော်၊ ၃ နှစ်တာကာလအတွင်း လုပ်ငန်းအောင်မြင်တိုးတက်မှုများစွာ ရရှိခဲ့ပါသည်။ ယနေ့အချိန်၌ ချေးငွေလက်ကျန်အားဖြင့် တိုင်းတာလျှင် မြန်မာနိုင်ငံ၏ ဒုတိယမြောက် အကြီးဆုံးဖြစ်သည့် အသေးစားငွေရေးကြေးရေး ဝန်ဆောင်မှုကုမ္ပဏီတစ်ခုအဖြစ်သို့ ရောက်ရှိခဲ့ပါသည်။

စထာပါနာသည် ၂၀၁၅ ခုနှစ်၊ သြဂုတ်လတွင် အသေးစားငွေကြေးဝန်ဆောင်မှုလုပ်ငန်းကို စတင်လည်ပတ်ခဲ့ပြီး ၂၀၁၆ ခုနှစ်၊ ဇူလိုင်လတွင် အမြဲတမ်းလိုင်စင် ရရှိခဲ့ပါသည်။ ၂၀၂၀ ခုနှစ်၊ ဇန်နဝါရီလတွင် မတည်ရင်းနှီးငွေ အမေရိကန်ဒေါ်လာ (၅) သန်း ထည့်ဝင်ခဲ့ပါသည်။ စထာပါနာ၏ တရားဝင် မတည်ရင်းနှီးငွေနှင့် ဘဏ္ဍာရေး ကတိကဝတ်များအား ပိုမိုတောင့်တင်းခိုင်မာစေရန် ၂၀၂၁ ခုနှစ်၊ မေလတွင် အမေရိကန်ဒေါ်လာ (၅) သန်း ထပ်မံ ထည့်ဝင်ခဲ့ပါသည်။

လုပ်ငန်းစတင်လည်ပတ်သည့်အချိန်မှစ၍ စထာပါနာလီမိတက်သည် လူတိုင်းလက်လှမ်းမီသော ဘဏ္ဍာရေး ဝန်ဆောင်မှုများ ပေးအပ်ခြင်းဖြင့်လည်းကောင်း၊ လူတိုင်း (အထူးသဖြင့် ကျေးလက်ဒေသတွင် နေထိုင်သော ဆင်းရဲနွမ်းပါးသူများ) ချေးငွေဝန်ဆောင်မှုများ ပိုမိုရရှိရန် ထောက်ပံ့ပေးခြင်းဖြင့်လည်းကောင်း မြန်မာနိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို များစွာ အထောက်အကူပြုလျက်ရှိပါသည်။ စထာပါနာလီမိတက်သည် အချိန်နှင့် အမျှ အံ့အားသင့်ဖွယ် တိုးတက်အောင်မြင်မှုများ ရရှိလာခဲ့ပြီး၊ ယခုအချိန်တွင် ချေးငွေလက်ကျန်ပမာဏနှင့် ချေးငွေအသင်းသားအရေအတွက်အားဖြင့် တိုင်းတာလျှင် မြန်မာနိုင်ငံ၏ ဒုတိယ-တတိယ အကြီးဆုံး အသေးစားငွေကြေးဝန်ဆောင်မှုလုပ်ငန်း ဖြစ်လာခဲ့ပါသည်။

အဓိကတန်ဖိုးများ

အဖွဲ့အစည်းတစ်ခု၏ အဓိကတန်ဖိုးများမှာ လုပ်ငန်းလုပ်ကိုင် ဆောင်ရွက်ရာတွင် ကျင့်သုံးသော အတွေးအခေါ် မူဝါဒတစ်ခုဖြစ်ပြီး၊ ဝန်ထမ်းများ၏ လုပ်ငန်းခွင်နှင့် လုပ်ငန်းခွင်ပြင်ပရှိ ဖောက်သည်များ၊ စီးပွားရေးမိတ်ဖက်များ၊ မိမိ၏ လုပ်ငန်းကဏ္ဍတွင် ပတ်သက်သော သူများအားလုံးနှင့် ဆက်ဆံပြောဆိုရာတွင် လမ်းညွန်သဖွယ် အသုံးပြုနိုင်ပါသည်။ စထာပါနာ၏ အဓိကတန်ဖိုးများကို ကျွနု်ပ်တို့၏ ကိုယ်ပိုင်အဓိပ္ပါယ်ဖွင့်ဆိုချက်များဖြင့် အောက်ပါအတိုင်း အဓိပ္ပါယ်ဖွင့်အပ်ပါသည်။

ကိုယ်ကျင့်တရား

ကောင်းမွန်သောနိုင်ငံသားများဖြစ်လာစေရန်အတွက်၊ စထာပါနာဝန်ထမ်းအားလုံးသည် တည်ဆဲဥပဒေများကို လိုက်နာပြီး၊ ပြစ်မှုကျူးလွန်ခြင်း၊ အကျင့်ပျက်ခြစားမှုနှင့် အခြားတရားမဝင်လုပ်ဆောင်ချက်များကို ရှောင်ရှားနိုင်ရန် မျှော်လင့်ပါသည်။ လူ့အဖွဲ့အစည်း၏ ပိုမိုအသိအမှတ်ပြုလေးစားခြင်းကို ခံယူနိုင်ရန်အတွက် လူထုနှင့် ဆက်ဆံရာတွင်၊ မည်သို့သော အခြေအနေ မျိုးတွင်မဆို ဝန်ထမ်းများသည် ယဉ်ကျေးသိမ်မွေ့စွာ ပြောဆိုဆက်ဆံရမည်။

ချစ်ခင်မြတ်နိုးခြင်း

စထာပါနာဝန်ထမ်း များအားလုံးသည် လူထုအားဆက်ဆံရာတွင် မေတ္တာတရား၊ နှစ်ထောင်းအားရရှိမှု၊ ရိုသေလေးစားမှုတို့ဖြင့် ဆက်ဆံပြောဆိုရမည်။ ခွဲခြားဆက်ဆံခြင်း (သို့) မညီမျှစွာပြုမူ ဆောင်ရွက်ခြင်းမရှိစေရ။ ဝန်ထမ်းများသည် ရိုးသားခြင်း၊ ခွင့်လွတ်ခြင်း၊ ဝန်ထမ်းအချင်းချင်း အားပေး ကူညီခြင်းနှင့် တစ်ဦး၏ အလုပ်ကို တစ်ဦးမှ အပြုသဘောဝေဖန်အကြံပေး ခြင်းအားဖြင့် လုပ်ငန်းတွင် ပိုမိုတိုးတက်ကောင်းမွန်လာစေရန် အထောက်အကူပြုနိုင်ပါသည်။

ပူးပေါင်းဆောင်ရွက်ခြင်း

ဘုံရည်မှန်းချက်များကို အောင်မြင်စွာရရှိနိုင်ရန်အတွက် လုပ်ဖော်ကိုင်ဖက်များအနေဖြင့် အချင်းချင်း အနီးကပ်ပူးပေါင်း ဆောင်ရွက်ရန်နှင့် စထာပါနာဝန်ထမ်းများသည် စားသုံးသူများ ဒေသဆိုင်ရာ အာဏာပိုင်များ၊ ထောက်ပံ့ပေးသူများ၊ အခြားလုပ်ငန်းနှင့်ပတ်သက်သူအားလုံး ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် ကောင်းမွန်သော ဆက်ဆံရေးကို တည်ဆောက်ရမည်။ ဝန်ထမ်းများသည် ကောင်းမွန်သောအကြံဉာဏ်များနှင့် အချို့သော ဆုံးဖြတ်ချက်များကို ပါဝင်ဆောင်ရွက်နိုင်ရန် အားပေးပါသည်။

ဝန်ဆောင်မှု

ဝန်ဆောင်မှုဆိုသည်မှာ မထိတွေ့၊ မကိုင်တွယ်နိုင်သောအရာဖြစ်ပြီး စားသုံးသူများ၊ လုပ်ဖော်ကိုင်ဖက်များနှင့် ပါဝင်သူများအားလုံး၏ လိုအပ်ချက်ကို တုံ့ပြန်ရန်ဖြစ်သည်။ စထာပါနာမှ ပါဝင်သူများအားလုံး အထူးသဖြင့် မိမိ၏ အသင်းဝင်များအား ပညာရပ်နှင့်ယှဉ်သော ဝန်ဆောင်မှုများကို ကျွမ်းကျင်ပိုင်နိုင်စွာဖြင့် တတ်နိုင်သမျှ ပေးအပ်ရန်ဖြစ်သည်။ ဖောက်သည်များဆိုင်ရာ ဝန်ဆောင်မှုကျွမ်းကျင် သင်တန်းများကိုလည်း စထာပါနာမှ ဝန်ထမ်းအားလုံးသို့ ပို့ချပေးပါမည်။

စွန့်ဦးတီထွင်ခြင်း

မိမိ၏အသင်းဝင်များ၊ ဝန်ထမ်းများ၏ စွန့်ဦးတီထွင်ခြင်းဆိုင်ရာ စိတ်ဓာတ်များကို အချိန်နှင့်အမျှ ပြင်ဆင်မွမ်းမံ ပေးရန်ဖြစ်ပါသည်။ စွမ်းဆောင်ရည် ဖွံ့ဖြိုးတိုးတက်မှု၊ မိမိ၏ အလုပ်တွင်၊ ကိုယ်စိတ်နှစ်ပါး နှစ်မြှုပ်လုပ်ကိုင်မှု၊ ရည်မှန်းချက်ကြီးမြင့်မှုနှင့် ဝင်ငွေပိုမိုတိုးတက် မြင့်မားလိုမှုများသည် စွန့်ဦးတီထွင်ခြင်းနှင့်ဆိုင်သော စိတ်ဓာတ်များဖြစ်ပါသည်။ လုပ်ငန်းနှင့်သက်ဆိုင်သောသူများအားလုံး စဉ်ဆက်မပြတ် တိုးတက်အောင်မြင်နိုင်ရေးအတွက် စထာပါနာသည် ခေတ်ရေစီးကြောင်း နှင့်အညီ အကောင်းမွန်ဆုံး လုပ်ငန်းလုပ်ကိုင် လည်ပတ်နိုင်ရန် ကတိကဝတ်ပြုပါသည်။

အစုရှယ်ယာရှင်များ

MARUHAN INVESTMENT ASIA PTE. LTD.

MARUHAN Investment Asia Pte. Ltd သည် ကုမ္ပဏီမှတ်ပုံတင်အမှတ် 201202241 N ဖြင့် (၂၀၁၂) ခုနှစ်၊ ဇန်နဝါရီလ၊ (၃၁)ရက်နေ့တွင် စင်ကာပူသမ္မတနိုင်ငံတွင် ဖွဲ့စည်းထားသော တစ်ဦးတည်းပိုင်ကုမ္ပဏီ ဖြစ်ပါသည်။ ကုမ္ပဏီနှင့်တိုက်ရိုက်ဆက်သွယ်ထားသော မူလကုမ္ပဏီသည် ဂျပန်နိုင်ငံတွင် ဖွဲ့စည်းထားသော မာရုဟန်ကော်ပိုရေးရှင်း ဖြစ်ပါသည်။ ကုမ္ပဏီသည် 6 Temasek Boulevard, #29-00 Suntec Tower 4, Singapore 038986 တွင်တည်ရှိပါသည်။ ထည့်ဝင်ပြီး မတည်ရင်းနှီးမြှုပ်နှံငွေမှာ (၂၀၁၈) ခုနှစ်၊ ဒီဇင်ဘာ (၃၁)ရက်နေ့အထိ အမေရိကန်ဒေါ်လာ ၂၂၄.၆၈ သန်းဖြစ်ပါသည်။ ကုမ္ပဏီ၏ အဓိကလှုပ်ရှားမှုမှာ အရှေ့တောင်အာရှနိုင်ငံများတွင် ပုဂ္ဂလိကစီးပွားရေးဘဏ်လုပ်ငန်းလုပ်ကိုင်ခြင်းနှင့် အသေးစားငွေရေးကြေးရေးလုပ်ငန်းတွင် ရင်းနှီးမြှုပ်နှံခြင်း ဖြစ်ပါသည်။ ထိုဒေသများတွင်ရှိသော ကုမ္ပဏီရုံးခွဲများနှင့် မာရုဟန်အုပ်စု ကုမ္ပဏီများကိုလည်း စီမံခန့်ခွဲမှုနှင့်ဆိုင်သော ဝန်ဆောင်မှုများပေးပါသည်။ (၂၀၁၈) ခုနှစ်၊ ဒီဇင်ဘာ (၃၁)ရက်အရ ကုမ္ပဏီသည် အောက်ပါတိုက်ရိုက် ကုမ္ပဏီခွဲများရှိပါသည်။

(၁) စထာပါနာလီမိတက်မြန်မာ
• ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ရှိ အသေးစားငွေရေးကြေးရေးအဖွဲ့အစည်း
• ထည့်ဝင်ပြီး မတည်ရင်းနှီးမြှုပ်နှံငွေ အမေရိကန်ဒေါ်လာ (၁၅) သန်း (၉၉.၉၉%)

(၂) စထာပါနာဘဏ်ပီအယ်လ်စီ
• ကမ္ဘောဒီးယားဘုရင့်နိုင်ငံရှိ ပုဂ္ဂလိကဘဏ်လုပ်ငန်း
• ထည့်ဝင်ပြီး မတည်ရင်းနှီးမြှုပ်နှံငွေ အမေရိကန်ဒေါ်လာ သန်း (၁၂၀) (၁၀၀%)
• စထာပါနာဘဏ်ပီအယ်လ်စီသည် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံရန်ကုန်မြို့တွင် ကိုယ်စားလှယ်ရုံးရှိပါသည်။

(၃) မာရုဟန်ဂျပန်ဘဏ် လာအိုကုမ္ပဏီလီမိတက်
• လာအိုပြည်သူ့ဒီမိုကရက်တစ်သမ္မတနိုင်ငံရှိ ပုဂ္ဂလိကဘဏ်လုပ်ငန်း
• ထည့်ဝင်ပြီး မတည်ရင်းနှီးမြှုပ်နှံငွေ အမေရိကန်ဒေါ်လာ (၄၅.၂၅)သန်း (၉၀%)

(၄) မာရုဟန်မြန်မာကုမ္ပဏီလီမိတက်
• ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ရှိ အကြံပေးဝန်ဆောင်မှုကုမ္ပဏီ
• ထည့်ဝင်ပြီး မတည်ရင်းနှီးမြှုပ်နှံငွေ အမေရိကန်ဒေါ်လာ (၃.၅)သန်း (၉၉.၉၉%)

(၅) မာရုဟန်ကမ္ဘောဒီးယားကော်ပိုရေးရှင်း
• ကမ္ဘောဒီးယားဘုရင့်နိုင်ငံရှိ အိမ်ခြံမြေရင်းနှီးမြှုပ်နှံမှုလုပ်ငန်း
• ထည့်ဝင်ပြီး မတည်ရင်းနှီးမြှုပ်နှံငွေ အမေရိကန်ဒေါ်လာ (၂၂) သန်း

၂၀၁၈ ခုနှစ် ဒီဇင်ဘာလ ၃၁ ရက်နေ့အရ ကုမ္ပဏီ၏ ဘုတ်အဖွဲ့ဝင်များမှာ အောက်ပါအတိုင်းဖြစ်ပါသည်။

– ဒေါက်တာဟန်ချောင်ဝူး၊ ဥက္ကဌ
– ဟန်ကန်၊ အမှုဆောင်အရာရှိချုပ်
– ဟန်ယု
– ဟန်ခို့
– မိုဟာမက်ဇင်း
– ခါရခိယုဂျိ

လုပ်ငန်းဖွဲ့စည်းပုံ

မာရုဟန်အုပ်စု