စီမံခန့်ခွဲရေးအဖွဲ့

blank

ဆန်စရေး၊ အမှုဆောင်အရာရှိချုပ်

ကမ္ဘောဒီးယားလူမျိုး ဆန်စရေး သည် စထာပါနာလီမိတက်မြန်မာ၏ အမှုဆောင်အရာရှိချုပ်အဖြစ် လက်ရှိတွင်တာဝန်ထမ်းဆောင်လျက် ရှိပါသည်။ ဆန်စရေး သည် ငွေရေးကြေးရေး အဖွဲ့အစည်းများနှင့် နိုင်ငံခြာ ကုမ္ပဏီများတွင် လုပ်ငန်းအတွေ့အကြုံ နှစ် (၂၀) ကျော်ရှိပြီ ဖြစ်သည်။ စထာပါနာလီမိတက်သို့ မဝင်ရောက်မီ ဆန်စရေး သည် (၂၀၀၄) ခုနှစ်မှ (၂၀၀၈) ခုနှစ်အထိ အထင်ကရ အသေးစားငွေရေးကြေးရေး အဖွဲ့အစည်းတစ်ခုတွင် လက်ထောက်လုပ်ငန်းလည်ပတ်ရေး မန်နေဂျာရာထူး နှင့် ပြည်နယ်မန်နေဂျာ ရာထူးအဖြစ် လုပ်ဆောင်ခဲ့ပါသည်။ အထူးသဖြင့် ချေးငွေစီစစ်ရေးနှင့် ဝန်ထမ်းရေးရာစီမံခန့်ခွဲရေး နယ်ပယ်တွင် အတွေ့အကြုံများစွာ ရှိပါသည်။ ၂၀၀၈ ခုနှစ်တွင် ကမ္ကောဒီးယားနိုင်ငံရှိ ပထမဦးဆုံး ဂျပန်ကုမ္ပဏီဖြစ်သည့် မာရုဟန်ဂျပန်ဘဏ်ပီအယ်စီ တွင် ရုံးခွဲတာဝန်ခံအဖြစ်၎င်း၊ ရုံးချုပ်တာဝန်ခံအဖြစ်၎င်း၊ အရောင်းဌာနတာဝန်ခံအဖြစ်၎င်း၊ ဘဏ္ဍာရေးအဖွဲ့အစည်းတာဝန်ခံအဖြစ်၎င်း စသည့် စီမံအုပ်ချုပ်ရေးရာထူးများကို တာဝန်ယူခဲ့ပါသည်။ ၂၀၁၄ စက်တင်ဘာလ၌ နှုတ်ထွက်စာမတင်မီ Specialized Bank တွင် Business Division and Finance ဌာန၏ Assistant President and Executive Officer အဖြစ်ကမ်းလှမ်းခံခဲ့ရသည်။ ထို့နောက် ၂၀၁၄ အောက်တိုဘာတွင် စထာပါနာဘဏ်ပီအယ်စီ ၌ စီမံရေးရာအရာရှိချုပ် (CAO) အဖြစ် ခန့်အပ်ခံခဲ့ရပါသည်။ ထိုမှတဆင့် ၂၀၁၄၊ ဇန်နဝါရီလမှစတင်၍ ယနေ့ထိ စထာပါနာလီမိတက် မြန်မာ ၏ အမှုဆောင်အရာရှိချုပ် (CEO) အဖြစ် တာဝန်ထမ်းဆောင်နေပါသည်။ ဆန်စရေးသည် Maharishi Vedic University မှ ၁၉၉၇ ခုနှစ်တွင် ဘွဲ့ရရှိခဲ့ပါသည်။ ၂၀၀၆ ခုနှစ်တွင် Charles Sturt University, သြစတြေးလျနိုင်ငံ မှ မဟာဘွဲ့ ထပ်မံရရှိခဲ့ပါသည်။

blank

တကဲရှိ အိုခုဘို၊ ဒုတိယအမှုဆောင်အရာရှိချုပ်

ဂျပန်လူမျိုး တကဲရှိ အိုခုဘို သည် စထာပါနာလီမိတက်မြန်မာတွင် ဒုတိယအမှုဆောင်အရာရှိချုပ်အဖြစ် လက်ရှိတွင် တာဝန်ထမ်းဆောင်နေပါသည်။ တကဲရှိ အိုခုဘို သည် ဂျပန်၊ အမေရိကန် နှင့် အိန္ဒိယနိုင်ငံတို့ရှိ အပြည်ပြည်ဆိုင်ရာဘဏ်နှင့် ငွေရေးကြေးရေးအဖွဲ့အစည်းတို့တွင် (၂၅)နှစ်ကျော် လုပ်ငန်းအတွေ့အကြုံရှိပါသည်။ ၂၀၀၁ ခုနှစ်မှ ၂၀၀၄ ခုနှစ်ထိ ဖူဂျီဘဏ် ကော်ပိုရိတ်စီမံကိန်းရေးဆွဲရေးဌာနတွင် လက်ထောက်ဒုဥက္ကဌ အဖြစ် တာဝန်ယူခဲ့ပါသည်။ ၂၀၀၄ ခုနှစ်မှစတင်၍ မစ်ဇုဟိုဘဏ်တွင် အမေရိကန်ကော်ပိုရေးရှင်း ဘဏ်လုပ်ငန်းဌာန၊ အပြည်ပြည်ဆိုင်ရာ လုပ်ငန်းလည်ပတ်ရေးဆိုင်ရာ စီမံကိန်းရေးဆွဲရေးဌာန တို့တွင် အကြီးတန်းဒုဥက္ကဌအဖြစ်၎င်း၊ အိန္ဒိယ စီမံရေးရာဌာန တွင် ပူးတွဲအထွေထွေမန်နေဂျာ အဖြစ်၎င်း၊ Global Core Banking System Transformation Project Team ၏ ပူးတွဲစီမံကိန်းမန်နေဂျာ အဖြစ်၎င်း တာဝန်ထမ်းဆောင်ခဲ့ပါသည်။ တကဲရှိသည် ၁၉၉၁ ခုနှစ်တွင် ဝဆဲဒတက္ကသိုလ် မှ ဥပဒေဘွဲ့ရရှိခဲ့ပြီး ၁၉၉၅ ခုနှစ်တွင် အမေရိကန်နိုင်ငံ အီလီနွိုက်တက္ကသိုလ် မှ မဟာဥပဒေဘွဲ့ ရရှိခဲ့ပါသည်။

blank

ဆော့ဗီးဆက်(သ်)၊ ဘဏ္ဍာရေးအရာရှိချုပ်

ဆော့ဗီဆက်(သ်) ကို ၁၉၈၅ ခုနှစ်တွင် ကမ္ဘောဒီးယား၌ မွေးဖွားခဲ့ပါသည်။ ဆော့ဗီဆက်(သ်)သည် ကမ္ဘောဒီးယားနိုင်ငံ အမျိုးသားစီမံခန့်ခွဲမှုပညာတက္ကသိုလ်မှ စီးပွားရေးလုပ်ငန်းစီမံခန့်ခွဲမှုပညာဘွဲ့၊ NANTES University (France) မှ ဘဏ်လုပ်ငန်းနှင့် အာမခံလုပ်ငန်းဆိုင်ရာ ဘဏ္ဍာရေးမဟာဘွဲ့၊ ကမ္ဘောဒီးယားနိုင်ငံ တော်ဝင်စီးပွားရေးနှင့်ဥပဒေတက္ကသိုလ် မှ အာမခံလုပ်ငန်း၊ ဘဏ္ဍာရေးနှင့် ဘဏ်လုပ်ငန်းဆိုင်ရာ ဆုံးရှုံးနိုင်‌ချေစီမံခန့်ခွဲမှု မဟာဘွဲ့တို့ ရရှိထားပါသည်။ ၂၀၁၂ ခုနှစ်တွင် Association of Chartered Certified Accountant, UK စာမေးပွဲကိုအောင်မြင်ခဲ့ပြီး ၂၀၁၃ ခုနှစ်တွင် ACCA အဖွဲ့ဝင်ဖြစ်လာခဲ့သည်။ ထိုမှတဆင့် ၂၀၁၈ ခုနှစ်တွင် FCCA ဖြစ်လာခဲ့သည်။ ကမ္ဘောဒီးယားနိုင်ငံတွင် အခွန်ကိုယ်စားလှယ်စာမေးပွဲ ကိုလည်း အောင်မြင်ခဲ့ပြီး ဖြစ်သည်။ ဆော့ဗီဆက်(သ်) သည် လုပ်ငန်းအတွေ့အကြုံ ၁၀ နှစ်ဝန်းကျင်ရှိပြီး အစိုးရအခွန်အရာရှိ အဖြစ် ၁ နှစ်ခွဲကြာ စတင်လုပ်ကိုင်ခဲ့ပြီးနောက် International Logistics Company သို့ ပြောင်းရွှေ့လုပ်ကိုင်ခဲ့သည်။ ၂၀၁၀၊ ဇူလိုင်တွင် စထာပါနာလီမိတက် ကမ္ဘောဒီးယား (ယခု စထာပါနာဘဏ်ပီအယ်စီ) သို့ စတင်ဝင်ရောက်ခဲ့သည်။ ဘဏ္ဍာထိန်း၊ အကြီးတန်းဘဏ္ဍရေးစာရင်းကိုင်အရာရှိ၊ ဘဏ္ဍာရေးဒုတိယဌာနမှူး၊ ငွေတိုက်ဒုတိယဌာနမှူး နှင့် အတွင်းစာရင်းစစ်ဒုတိယဌာနမှူး အစရှိသည့် ရာထူးတာဝန်ထမ်းများ ထမ်းဆောင်ခဲ့ပါသည်။ ၂၀၁၈၊ ဇန်နဝါရီတွင် ဘဏ္ဍာရေးအရာရှိချုပ် (CFO) အဖြစ် စထာပါနာလီမိတက် မြန်မာသို့ ပြောင်းရွှေ့ခဲ့ပါသည်။

blank

ဒေါ်ဥမ္မာလွင်၊ လုပ်ငန်းလည်ပတ်ရေးအရာရှိချုပ်

ဥမ္မာလွင် ကို ၁၉၈၁ ခုနှစ်တွင် မွေးဖွားခဲ့ပါသည်။ ၂၀၁၇ ခုနှစ်တွင် ချေးငွေဌာနမှူး ရာထူးဖြင့် စထာပါနာလီမိတက်မြန်မာသို့ ဝင်ရောက်ခဲ့ပြီး ယခုလက်ရှိတွင် လုပ်ငန်းလည်ပတ်ရေးအရာရှိချုပ် ရာထူးဖြင့် တာဝန်ထမ်းဆောင်လျက်ရှိပါသည်။ မြန်မာနိုင်ငံတွင် လုပ်သက် (၁၉) နှစ်ကျော်ရှိပြီး ဘဏ္ဍာရေး၊ ဘဏ်လုပ်ငန်းနှင့် မိုဘိုင်းဘဏ္ဍာရေးဝန်ဆောင်မှု နယ်ပယ်တွင် လုပ်သက် (၁၀)နှစ်ကျော်ရှိပြီဖြစ်သည်။ ဥမ္မာလွင်သည် ၂၀၀၈ ခုနှစ်တွင် စာရင်းကိုင်ဒီပလိုမာ (UK) နှင့် ကွန်ပျူတာစာရင်းကိုင်ဒီပလိုမာ (UK)၊ ၂၀၀၃ ခုနှစ်တွင် ရန်ကုန်နိုင်ငံခြားဘာသာတက္ကသိုလ်မှ အင်္ဂလိပ်စာဒီပလိုမာနှင့် ရန်ကုန်တက္ကသိုလ်မှ ဝိဇ္ဇာဘွဲ့ (စီးပွားရေးပညာ)၊ ရန်ကုန်စီးပွားရေးတက္ကသိုလ်မှ စီးပွားရေးလုပ်ငန်းစီမံခန့်ခွဲပညာမဟာဘွဲ့တို့ကိုရရှိထားပါသည်။ ခေါင်းဆောင်မှု နှင့် ပတ်သက်သောသင်တန်းများ၊ ဗဟိုဘဏ် နှင့် စုမီတိုမိုဘဏ် မှ Branch Operations Management သင်တန်း၊ Certified SME Lending Professional သင်တန်း၊ Credit Risk and Delinquency Management (MIFA TAF) သင်တန်း၊ MIF, GIZ နှင့် Commerzbank (Germany) မှ Core Banking, International Banking နှင့် Trade Finance သင်တန်း၊ Microfinance Operations Management နှင့် အခြား Management သင်တန်များ တက်ရောက်ခဲ့ပါသည်။

blank

ဒေါ်သီတာလှိုင်၊ စီမံရေးရာဌာနမှူး

ဒေါ်သီတာလှိုင် သည် စီမံရေးရာဌာနမှူး ရာထူးဖြင့် ၂၀၁၈ခုနှစ်၊ ဧပြီလတွင် စထာပါနာလီမိတက်မြန်မာသို့ ဝင်ရောက်ခဲ့ပါသည်။ လုပ်ငန်းနယ်ပယ်အမျိုးမျိုးတွင် စီမံရေးရာ လုပ်ငန်းအတွေ့အကြုံ (၁၄) နှစ်ကျော် ရှိပြီဖြစ်သည်။ ဒေါ်သီတာလှိုင် သည် ၂၀၁၀ ခုနှစ်တွင် Association of Business Administration (ABE), UK မှ အဆင့်မြင့်စီးပွားရေးလုပ်ငန်းစီမံခန့်ခွဲမှုဒီပလိုမာ၊ ၂၀၀၇ ခုနှစ်တွင် ဆီမီယိုဒေသဆိုင်ရာ သမိုင်းနှင့် ရိုးရာဓလေ့ဌာန (SEAMEO CHAT) မှ အင်္ဂလိပ်ဘာသာဒီပလိုမာ နှင့် ၁၉၉၄ ခုနှစ်တွင် ရန်ကုန်တက္ကသိုလ်မှ သိပ္ပံဘွဲ့ (ရုက္ခဗေဒ) အစရှိသည်တို့ ရရှိထားပါသည်။ ဆက်လက်ပြီး စီးပွားရေးလုပ်ငန်းစီးမံခန့်ခွဲပညာမဟာဘွဲ့ကို လေ့လာသင်ယူနေပါသည်။

blank

ဦးထွန်းထွန်း၊ ဈေးကွက်ဌာနမှူး

မြန်မာလူမျိုး ဦးထွန်းထွန်း ကို ၁၉၆၅ ခုနှစ်တွင် မွေးဖွားခဲ့ပါသည်။ ၂၀၁၈ ခုနှစ်၊ ဇွန်လတွင် ဈေးကွက်ဌာနမှူး အဖြစ် စထာပါနာလီမိတက်မြန်မာသို့ ဝင်ရောက်ခဲ့ပါသည်။ ၁၉၈၆ ခုနှစ်တွင် ရန်ကုန်တက္ကသိုလ် မှ စီးပွားရေးဘွဲ့ ရရှိခဲ့ပါသည်။ ၂၀၂၀ ခုနှစ်တွင် ရန်ကုန်စီးပွားရေးတက္ကသိုလ် မှ ပြည်သူ့ရေးရာစီမံခန့်ခွဲမှုပညာမဟာဘွဲ့ ရရှိထားပါသည်။ ဦးထွန်းထွန်း သည် မြန်မာနိုင်ငံတွင် လူသုံးကုန်ပစ္စည်းများ ဈေးကွက်ရှာဖွေခြင်း၊ ရောင်းချခြင်းနှင့် ဖြန့်ဖြူးခြင်းနယ်ပယ်၌ လုပ်ငန်းအတွေ့အကြုံ နှစ် (၂၀) ကျော် ရှိပြီဖြစ်သည်။ ဂျပန်နှင့် အခြားနိုင်ငံများမှ မြန်မာနိုင်ငံသို့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ improvement of legal and regulatory business environment တိုက်ရိုက်ဝင်ရောက်မှုကို မြှင့်တင်အားပေးသော စီမံကိန်း၌ အကြံပေးအဖြစ်ဆောင်ရွက်ခဲ့သော လုပ်ငန်းအတွေ့အကြုံလည်း ရှိပါသည်။

blank

ဒေါ်နှင်းဝတ်ရည်၊ လုပ်ငန်းလည်ပတ်ရေးဌာနမှူး

မြန်မာလူမျိုး နှင်းဝတ်ရည်ကို ၁၉၈၄ ခုနှစ်တွင် မွေးဖွားခဲ့ပါသည်။ ၂၀၁၈ ခုနှစ်၊ ဇွန်လတွင် စထာပါနာလီမိတက်မြန်မာသို့ ဝင်ရောက်ခဲ့ပါသည်။ စထာပါနာလီမိတက်မြန်မာသို့မဝင်ရောက်မီ ယူနိုက်တက်အမရဘဏ်တွင် ဆက်ဆံရေးမန်နေဂျာ အဖြစ်၎င်း၊ ဧရာဝတီဘဏ်တွင် အပြည်ပြည်ဆိုင်ရာဘဏ်လုပ်ငန်းဌာန ၏ အမှုဆောင်ဝန်ထမ်း အဖြစ်၎င်း တာဝန်ယူဆောင်ရွက်ခဲ့ပါသည်။ ဘဏ်လုပ်ငန်းနှင့် ဘဏ္ဍာရေးနယ်ပယ်တွင် လုပ်ငန်းအတွေ့အကြုံ (၇) နှစ်ကျော်ရှိပြီ ဖြစ်သည်။ ဒေါ်နှင်းဝတ်ရည်သည် စီးပွားရေးပညာဘွဲ့ (စာရင်းအင်းပညာ) ၊ ရန်ကုန်စီးပွားရေးတက္ကသိုလ်မှ ပြည်သူ့ရေးရာစီမံခန့်ခွဲမှုပညာမဟာဘွဲ့၊ University of Thai Chamber of Commerce (UTCC, Thailand) မှ စီးပွားရေးလုပ်ငန်းစီမံခန့်ခွဲမှုပညာမဟာဘွဲ့ ၊ ရန်ကုန်တက္ကသိုလ်မှ နိုင်ငံတကာဆက်ဆံရေးဒီပလိုမာ ၊ Temasek Polytechnic (Singapore) မှ ခရီးသွားလုပ်ငန်းစီမံခန့်ခွဲမှုဒီပလိုမာ နှင့် HIDA (Japan) မှ Management Improvement for Executives အစရှိသည်တို့ ရရှိထားပါသည်။ သူမသည် GIZ အဖွဲ့အစည်းမှ International Trade Finance သင်တန်း၊ Asia Development Bank (ADB) နှင့် Oversea Chinese Banking Corporation Bank (OCBC) တို့မှပို့ချသော Trade Finance Program and Letter of Credit သင်တန်း၊ Asia Development Bank (ADB) မှ International Financial Institutions Principles and Guidelines for Investigation သင်တန်းနှင့် Cathy United Bank and Central Bank of Myanmar မှ Forex and Risk Management သင်တန်းတို့ကိုလည်း တက်ရောက်ခဲ့ပါသည်။

blank

ဒေါ်နိုဇင်ဝင်း၊ အတွင်းစာရင်းစစ်ဌာနမှူး

မြန်မာလူမျိုး နိုဇင်ဝင်းကို ၁၉၈၇ ခုနှစ်တွင် မွေးဖွားခဲ့ပါသည်။ ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလ၊ ၂၅ ရက်နေ့တွင် အတွင်းစာရင်းစစ်ဒုတိယဌာနမှူးရာထူးဖြင့် စထာပါနာလီမိတက်မြန်မာသို့ ဝင်ရောက်ခဲ့ပါသည်။ စထာပါနာသို့ မဝင်ရောက်မီ ရန်ကုန်စာရင်းစစ်ချုပ်ရုံးတွင် (၄) နှစ်ကျော်သက်တမ်းအပါအဝင် အမေးဇင်းဟောလီးဒေးကုမ္ပဏီလီမိတက်တွင်လည်းကောင်း၊ အေအက်စ်အေမြန်မာ အသေးစားငွေရေးကြေးရေးလီမိတက်တွင် အတွင်းစာရင်းစစ်ဌာနမှူးအဖြစ်လည်းကောင်း စုစုပေါင်း (၉)နှစ်ကျော် လုပ်ငန်းအတွေ့အကြုံရှိပါသည်။ ဒေါ်နိုဇင်ဝင်းသည် ရန်ကုန်စီးပွားရေးတက္ကသိုလ်မှ ဝါဏိဇ္ဇဘွဲ့ ရရှိခဲ့ပြီး မြန်မာစာရင်းကိုင်ပညာကောင်စီမှ ပေးအပ်သော ပထမဆု-ရွှေတံဆိပ်ရ လက်မှတ်ရပြည်သူ့စာရင်းကိုင်တစ်ဦးလည်း ဖြစ်သည်။ ထို့အပြင် ရန်ကုန်တက္ကသိုလ်မှ စီးပွားရေးဥပဒေဒီပလိုမာ နှင့် Chartered Institute of Management Accountant တွင် Strategic Level တက်ရောက်နေပါသည်။

blank

ဒေါ်ရွှေစင်ဝင်းလဲ့ဖြိုး၊ ဝန်ထမ်းရေးရာဌာနမှူး

စထာပါနာလီမိတက် မြန်မာ၏ ဝန်ထမ်းရေးရာဌာနမှူး ဒေါ်ရွှေစင်ဝင်းလဲ့ဖြိုးသည် ဝန်ထမ်းစီမံအုပ်ချုပ်မှုနယ်ပယ်၊ အထူးသဖြင့် ဝန်ထမ်းရှာဖွေရေး၊ ဝန်ထမ်းများ သင်ယူလေ့လာရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးနယ်ပယ်တွင် ဆယ်စုနှစ် တစ်ခုကြာ လုပ်ကိုင်ရပ်တည်လာသော အတတ်ပညာရှင်တစ်ဦးဖြစ်ပါသည်။ သူမသည် စထာပါနာတွင် ၂၀၂၀ ခုနှစ်၊ ဧပြီလ မှစ၍ ဝင်ရောက်လုပ်ကိုင်ခဲ့ပါသည်။ FMCG ၊ Insure-Tech and Service ၊ NGO စသည့် လုပ်ငန်းနယ်ပယ်များတွင် (၁၀) နှစ်ကျော်ကြာ ဝန်ထမ်းရေးရာအတတ်ပညာရှင်အဖြစ် ရပ်တည်ခဲ့ပါသည်။ သူမသည် ၂၀၀၆ ခုနှစ်တွင် ပညာရေးစိတ်ပညာ အထူးပြုဖြင့် မဟာပညာရေးဘွဲ့ကို ရန်ကုန်ပညာရေးတက္ကသိုလ်မှလည်းကောင်း၊ ၂၀၁၇ ခုနှစ်တွင် ဝန်ထမ်းရေးရာစီမံအုပ်ချုပ်မှု အထူးပြုဖြင့် စီးပွားရေးလုပ်ငန်းစီမံခန့်ခွဲမှုပညာမဟာဘွဲ့ကို IICSE University မှလည်းကောင်း ရရှိခဲ့ပါသည်။ သူမသည် လူအများနှင့် ပြုမူပြောဆိုဆက်ဆံရသည်နှင့်ပတ်သက်၍ စိတ်ပါဝင်စား တက်ကြွသောသူတစ်ဦးဖြစ်ပြီး လုပ်ငန်းခွင်အတွင်း အပြုသဘောဆောင်သောတွေးခေါ်မှုသည် ကောင်းမွန်မှုများဖြစ်နိုင်စွမ်းရှိကြောင်းကို လက်ခံယုံကြည်သူတစ်ဦးလည်း ဖြစ်သည်။ ဒေါ်ရွှေစင်သည် ဝန်ထမ်းများဆက်လက်တည်မြဲစေရန်အတွက် ရုံးတွင်းတွင် အဖက်ဖက်မှ အဆင်ပြေချောမွေ့မှုရှိရန် အစဉ်အမြဲ တည်ဆောက်ပြုပြင်လျက်ရှိသည်။ သူမသည် ဝန်ထမ်းများ အလုပ်လုပ်ကိုင်ရာတွင် လွယ်ကူချောမွေ့စေရန်နှင့် ကုမ္ပဏီ၏ ရည်မှန်းချက်ပန်းတိုင် အောင်မြင်မှုကို ရှေးရှုလျက် လုပ်ငန်းရှင်၏ စိတ်ကျေနပ်မှု ရရှိရန် လုပ်ဆောင်ရသည်ကို ကြိုက်နှစ်သက်ပြီး၊ သူမ၏ လုပ်ဆောင်ချက်များ အပေါ် ရလဒ်ကောင်းရရှိရန် အလေးထားတတ်ပြီး၊ အလုပ်ကြိုးစားသောသူ ဖြစ်ပါသည်။

blank

ဒေါ်လာမလေး၊ ဘဏ္ဍာရေးဌာနမှူး

ဒေါ်လာမလေးသည် မြန်မာလူမျိုးဖြစ်ပြီး သူမကို ၁၉၉၃ ခုနှစ်တွင် မွေးဖွားခဲ့ပါသည်။ သူမသည် Myanmar Union Adventist Seminary မှ စာရင်းကိုင်ပညာအထူးပြုဖြင့် စီးပွားရေးစီမံခန့်ခွဲမှုပညာဘွဲ့နှင့် International Financial Reporting Standard ဒီပလိုမာ တို့ကို ရရှိထားပါသည်။ စာရင်းကိုင်အဖြစ် စထာပါနာလီမိတက် မြန်မာသို့ ၂၀၁၅ ခုနှစ်၊ သြဂုတ်လတွင် စတင်ဝင်ရောက်ခဲ့ပါသည်။ သူမသည် စထာပါနာ၌ ၂၀၂၀ ခုနှစ်၊ ဧပြီလ မတိုင်ခင်ထိ ဘဏ္ဍာရေးအရာရှိ၊ စာရင်းကိုင်နှင့် အခွန်ယူနစ် မန်နေဂျာ၊ ဘဏ္ဍာရေးဌာန ဒု-ဌာနမှူး၊ လက်ထောက် တိုင်းဒေသကြီးမန်နေဂျာ စသည့် ရာထူးအမျိုးမျိုးဖြင့် တာဝန်ထမ်းဆောင်ခဲ့ပြီး ၂၀၂၀ ခုနှစ်၊ မေလတွင် ယခုလက်ရှိတာဝန်ထမ်းဆောင်လျက်ရှိသော ဘဏ္ဍာရေးဌာနမှူးအဖြစ် ရာထူး တိုးမြှင့်ခံခဲ့ရပါသည်။

blank

ဦးမြကို၊ ချေးငွေဌာနမှူး

ဦးမြကိုသည် ငွေရေးကြေးရေးဝန်ဆောင်မှုလုပ်ငန်းနယ်ပယ်တွင် ဝန်ဆောင်မှုကဏ္ဍအသီးသီး၌ လုပ်ကိုင်လာခဲ့သည်မှာ (၈) နှစ်ကျော်ကြာရှိပြီး ထူးချွန်ပြောင်မြောက်သော လုပ်ရည်ကိုင်ရည်ရှိသူတစ်ဦး ဖြစ်ပါသည်။ ထိုကဲ့သို့ လုပ်ငန်းအတွေ့အကြုံ စုံလင်ကျယ်ပြန့်သည့် အားသာချက်ကြောင့် လုပ်ငန်းဆိုင်ရာကျင့်ဝတ်ကို နားလည်ထိန်းသိမ်းနိုင်သည့်အပြင် အဖွဲ့အစည်းတခု၏ ရည်မှန်းချက်၊ ရည်ရွယ်ချက်များ အောင်မြင်အောင် ကတိကဝတ်ပြု လုပ်ဆောင်နိုင်ပါသည်။ စထာပါနာလီမိတက် မြန်မာ၏ ချေးငွေဌာနမှူးအဖြစ် ၎င်း၏ ပန်းတိုင်သည် အဖွဲ့အစည်းအတွက် ခိုင်မာ၍ အရည်အသွေးပြည့်ဝသော ချေးငွေကို ဖော်ဆောင်နိုင်ရန်နှင့် ရုံးခွဲများ၏ လုပ်ငန်းစွမ်းဆောင်မှုကို ပိုမိုတိုးတက်အောင် စီမံခန့်ခွဲနိုင်ရန် ဖြစ်ပါသည်။ မုံရွာစီးပွားရေးတက္ကသိုလ်မှ စီးပွားရေးဘွဲ့ကိုရရှိခဲ့ပြီး ရန်ကုန်စီးပွားရေးတက္ကသိုလ်မှ ဖွင့်လှစ်သော ဘဏ်လုပ်ငန်းနှင့် ဘဏ္ဍာရေးဆိုင်ရာ မဟာတန်းကို တက်ရောက်ခဲ့ပါသည်။

blank

ဒေါ်နန်းအေးမီ၊ သတင်းအချက်အလက်နည်းပညာနှင့် စီမံခန့်ခွဲမှုသတင်းအချက်အလက်စနစ် ဌာနမှူး

ဒေါ်နန်းအေးမီသည် မြန်မာလူမျိူးဖြစ်ပြီး သူမကို ၁၉၉၀ ခုနှစ်တွင် မွေးဖွားခဲ့ပါသည်။ ရန်ကုန်ကွန်ပြူတာ တက္ကသိုလ်မှ ကွန်ပြူတာသိပ္ပံ (ဂုဏ်ထူး) ဘွဲ့ ကို ရရှိခဲ့ပြီး၊ Java programming သင်တန်းနှင့် Android Development သင်တန်းကို မြန်မာ-အိန္ဒိယ အိုင်တီစွမ်းရည်မြှင့်တင်ရေးစင်တာ (IMCEITS) ၌ တက်ရောက် ပြီးမြောက်ထားပါသည်။ PKI Administrator & Software Developer အဖြစ် စတင်လုပ်ကိုင်ခဲ့ပြီး အိုင်တီနယ်ပယ်တွင် (၈) နှစ်ကျော်ကြာ အတွေ့အကြုံရှိသူဖြစ်ပါသည်။ ဂျပန်နှင့် ကိုရီးယားနိုင်ငံများသို့လည်း သွားရောက်၍ အိုင်တီသင်တန်းများ တက်ရောက်ထားပါသည်။ ၂၀၁၇ ခုနှစ်၊ ဖေဖော်ဝါရီလတွင် MIS Unit Manager၊ Deputy Head of IT & MIS အဖြစ် စထာပါနာမြန်မာ ကုမ္ပဏီလီမိတက်တွင် စတင်တာဝန်ထမ်းဆောင်ခဲ့ပြီး၊ ၂၀၂၁ ခုနှစ်၊ ဇွန်လတွင် သတင်းအချက်အလက် နည်းပညာနှင့် စီမံခန့်ခွဲမှုသတင်းအချက်အလက်စနစ် ဌာနမှူး (Head of IT & MIS) အဖြစ် ရာထူးတိုးမြှင့် ခံခဲ့ရပါသည်။ ဌာနမှူးတစ်ယောက်အနေဖြင့် စထာပါနာ၏ ပန်းတိုင်နှင့် ရည်ရွယ်ချက် ပြည့်မီရန် သန္ဒိဌာန်နှင့်တကွ ဘဏ္ဍာရေးထုတ်ကုန်နှင့် ဝန်ဆောင်မူများကို သုံးစွဲသူများဆီသို့ အဆင်ပြေဆုံးနှင့် အလွယ်ကူဆုံးဖြစ်အောင် Hi-tech Banking ဖြင့် ဝန်ဆောင်မူပေးလျက် ရှိပါသည်။

blank

ဒေါ်ရွှေဇင်၊ ရုံးခွဲစီမံခန့်ခွဲရေးဌာနမှူး

ဒေါ်ရွှေဇင်သည် မြန်မာလူမျိုးဖြစ်ပြီး သူမကို ၁၉၈၅ ခုနှစ်၊ အောက်တိုဘာ (၉) ရက်နေ့တွင် မွေးဖွားခဲ့ပါသည်။ အစိုးရနည်းပညာတက္ကသိုလ်မှ လျှပ်စစ်အင်ဂျင်နီယာဘွဲ့ကို ၂၀၀၇ ခုနှစ်တွင် ရရှိခဲ့ပြီး စီးပွားရေးစီမံခန့်ခွဲမှု မဟာဘွဲ့ကို SBS Swiss Business School, Zurich မှ ၂၀၂၀ ခုနှစ်တွင် ရရှိခဲ့ပါသည်။ သူမသည် Routing and Switching (Cisco Certified Network Associate), CISI Level 3 Risk in Financial Service အစရှိသည့် သင်တန်းများမှလည်း တက်ရောက်သင်ယူခဲ့ပါသည်။ စထာပါနာမြန်မာသို့ မဝင်ရောက်မီ စွမ်းအင်ဝန်ကြီးဌာန လက်အောက်ရှိ Myanmar Petrochemical Enterprise တွင် တာဝန်ထမ်းဆောင်ခဲ့ပါသည်။ သူမသည် စထာပါနာမြန်မာသို့ ၂၀၁၅ ခုနှစ်၊ ဇွန်လတွင် Chief Loan Officer ရာထူးဖြင့် စတင်ဝင်ရောက်ခဲ့ပါသည်။ ပဲခူးနှင့် အင်းစိန်မြို့များ၏ ရုံးခွဲတာဝန်ခံအဖြစ်လည်းကောင်း၊ ရန်ကုန်တိုင်း‌ဒေသကြီး၏ တိုင်းဒေသကြီးတာဝန်ခံ အဖြစ်လည်းကောင်း၊ ၂၀၂၁ ခုနှစ်၊ မေလအထိ တာဝန်ထမ်းဆောင်ခဲ့ပါသည်။ ၂၀၂၁ ခုနှစ်၊ ဇွန်လတွင် ရုံးခွဲစီမံခန့်ခွဲရေးဌာန၏ ဌာနမှူးအဖြစ် ရာထူးတိုးမြှင့်ခံခဲ့ရပါသည်။

blank

ဦးဟိန်းနေစိုး၊ ကုမ္ပဏီရှေ့နေ

မြန်မာလူမျိုး ဦးဟိန်းနေစိုးသည် စထာပါနာလီမိတက်၊ မြန်မာ၏ ကုမ္ပဏီရှေ့နေ အဖြစ် ၂၀၂၀ ခုနှစ်၊ မတ်လမှ စတင်လုပ်ကိုင်ခဲ့ပါသည်။ ဦးဟိန်းနေစိုးသည် ၂၀၁၅ ခုနှစ်မှစ၍ လိုင်စင်ရရှေ့နေအဖြစ် ရပ်တည်လာခဲ့ပြီး တရားတပေါင် (အမှု) များစွာကိုလည်းကောင်း၊ လုပ်ငန်းအဖွဲ့အစည်းများနှင့် တစ်ဦးတစ်ယောက်ချင်းစီအတွက် ဥပဒေရေးရာကိစ္စများ ဆွေးနွေးအကြံပေးခြင်းတို့ကို လည်းကောင်း ကောင်းစွာကိုင်တွယ်လုပ်ဆောင်ခဲ့သည်။ ရှေ့နေလုပ်သက် (၇) နှစ်နီးပါး ရှိပြီဖြစ်ပြီး အသေးစားငွေရေးကြေးရေးလုပ်ငန်းနယ်ပယ်တွင် (၂) နှစ်ခွဲကျော် အတွေ့အကြုံရှိပြီး ဖြစ်သည်။ ၂၀၁၃ ခုနှစ်တွင် ရန်ကုန်အနောက်ပိုင်းတက္ကသိုလ်မှ ဥပဒေပညာဘွဲ့၊ ၂၀၁၁ ခုနှစ်တွင် CMA Academy၊ India မှ Advanced Diploma in Tech၊ ၂၀၁၅ ခုနှစ်တွင် WIPO Academy ၊ Switzerland မှ General Course on Intellectual Property (DL-101) ၊ ၂၀၁၆ ခုနှစ်တွင် Alison မှ Diploma in Legal Studies၊ ၂၀၁၈ ခုနှစ်တွင် ရန်ကုန်တက္ကသိုလ်မှ စီးပွားရေးဥပဒေပညာ ဒီပလိုမာနှင့် ၂၀၂၀ ခုနှစ်တွင် Harvard University မှ Verified Certificate of Contract Law Course တို့ကို ရရှိထားပါသည်။ စီးပွားရေးဥပဒေပညာ မဟာဝိဇ္ဇာတန်း၏ အတန်းသားဟောင်းဖြစ်ပြီး ရန်ကုန်တက္ကသိုလ် ဥပဒေပညာဌာန၏ ၂၀၁၈-၂၀၁၉ ပညာသင်နှစ်အတွက် စီးပွားရေးဥပဒေပညာ မဟာဝိဇ္ဇာတန်း၏ ထူးချွန်ကျောင်းသားအဖြစ် ပထမဆု ရရှိထားသူဖြစ်ပါသည်။