အမှုဆောင်ကော်မတီ

ဆန်စရေး၊ ဥက္ကဌ
ကမ္ဘောဒီးယားလူမျိုး ဆန်စရေး သည် စထာပါနာလီမိတက်မြန်မာ၏ အမှုဆောင်အရာရှိချုပ်အဖြစ် လက်ရှိတွင်တာဝန်ထမ်းဆောင်လျက် ရှိပါသည်။ ဆန်စရေး သည် ငွေရေးကြေးရေး အဖွဲ့အစည်းများနှင့် နိုင်ငံခြာ ကုမ္ပဏီများတွင် လုပ်ငန်းအတွေ့အကြုံ နှစ် (၂၀) ကျော်ရှိပြီ ဖြစ်သည်။ စထာပါနာလီမိတက်သို့ မဝင်ရောက်မီ ဆန်စရေး သည် (၂၀၀၄) ခုနှစ်မှ (၂၀၀၈) ခုနှစ်အထိ အထင်ကရ အသေးစားငွေရေးကြေးရေး အဖွဲ့အစည်းတစ်ခုတွင် လက်ထောက်လုပ်ငန်းလည်ပတ်ရေး မန်နေဂျာရာထူး နှင့် ပြည်နယ်မန်နေဂျာ ရာထူးအဖြစ် လုပ်ဆောင်ခဲ့ပါသည်။ အထူးသဖြင့် ချေးငွေစီစစ်ရေးနှင့် ဝန်ထမ်းရေးရာစီမံခန့်ခွဲရေး နယ်ပယ်တွင် အတွေ့အကြုံများစွာ ရှိပါသည်။ ၂၀၀၈ ခုနှစ်တွင် ကမ္ကောဒီးယားနိုင်ငံရှိ ပထမဦးဆုံး ဂျပန်ကုမ္ပဏီဖြစ်သည့် မာရုဟန်ဂျပန်ဘဏ်ပီအယ်စီ တွင် ရုံးခွဲတာဝန်ခံအဖြစ်၎င်း၊ ရုံးချုပ်တာဝန်ခံအဖြစ်၎င်း၊ အရောင်းဌာနတာဝန်ခံအဖြစ်၎င်း၊ ဘဏ္ဍာရေးအဖွဲ့အစည်းတာဝန်ခံအဖြစ်၎င်း စသည့် စီမံအုပ်ချုပ်ရေးရာထူးများကို တာဝန်ယူခဲ့ပါသည်။ ၂၀၁၄ စက်တင်ဘာလ၌ နှုတ်ထွက်စာမတင်မီ Specialized Bank တွင် Business Division and Finance ဌာန၏ Assistant President and Executive Officer အဖြစ်ကမ်းလှမ်းခံခဲ့ရသည်။ ထို့နောက် ၂၀၁၄ အောက်တိုဘာတွင် စထာပါနာဘဏ်ပီအယ်စီ ၌ စီမံရေးရာအရာရှိချုပ် (CAO) အဖြစ် ခန့်အပ်ခံခဲ့ရပါသည်။ ထိုမှတဆင့် ၂၀၁၄၊ ဇန်နဝါရီလမှစတင်၍ ယနေ့ထိ စထာပါနာလီမိတက် မြန်မာ ၏ အမှုဆောင်အရာရှိချုပ် (CEO) အဖြစ် တာဝန်ထမ်းဆောင်နေပါသည်။ ဆန်စရေးသည် Maharishi Vedic University မှ ၁၉၉၇ ခုနှစ်တွင် ဘွဲ့ရရှိခဲ့ပါသည်။ ၂၀၀၆ ခုနှစ်တွင် Charles Sturt University, သြစတြေးလျနိုင်ငံ မှ မဟာဘွဲ့ ထပ်မံရရှိခဲ့ပါသည်။

တကဲရှိ အိုခုဘို၊ အမှုဆောင်အဖွဲ့ဝင်
ဂျပန်လူမျိုး တကဲရှိ အိုခုဘို သည် စထာပါနာလီမိတက်မြန်မာတွင် ဒုတိယအမှုဆောင်အရာရှိချုပ်အဖြစ် လက်ရှိတွင် တာဝန်ထမ်းဆောင်နေပါသည်။ တကဲရှိ အိုခုဘို သည် ဂျပန်၊ အမေရိကန် နှင့် အိန္ဒိယနိုင်ငံတို့ရှိ အပြည်ပြည်ဆိုင်ရာဘဏ်နှင့် ငွေရေးကြေးရေးအဖွဲ့အစည်းတို့တွင် (၂၅)နှစ်ကျော် လုပ်ငန်းအတွေ့အကြုံရှိပါသည်။ ၂၀၀၁ ခုနှစ်မှ ၂၀၀၄ ခုနှစ်ထိ ဖူဂျီဘဏ် ကော်ပိုရိတ်စီမံကိန်းရေးဆွဲရေးဌာနတွင် လက်ထောက်ဒုဥက္ကဌ အဖြစ် တာဝန်ယူခဲ့ပါသည်။ ၂၀၀၄ ခုနှစ်မှစတင်၍ မစ်ဇုဟိုဘဏ်တွင် အမေရိကန်ကော်ပိုရေးရှင်း ဘဏ်လုပ်ငန်းဌာန၊ အပြည်ပြည်ဆိုင်ရာ လုပ်ငန်းလည်ပတ်ရေးဆိုင်ရာ စီမံကိန်းရေးဆွဲရေးဌာန တို့တွင် အကြီးတန်းဒုဥက္ကဌအဖြစ်၎င်း၊ အိန္ဒိယ စီမံရေးရာဌာန တွင် ပူးတွဲအထွေထွေမန်နေဂျာ အဖြစ်၎င်း၊ Global Core Banking System Transformation Project Team ၏ ပူးတွဲစီမံကိန်းမန်နေဂျာ အဖြစ်၎င်း တာဝန်ထမ်းဆောင်ခဲ့ပါသည်။ တကဲရှိသည် ၁၉၉၁ ခုနှစ်တွင် ဝဆဲဒတက္ကသိုလ် မှ ဥပဒေဘွဲ့ရရှိခဲ့ပြီး ၁၉၉၅ ခုနှစ်တွင် အမေရိကန်နိုင်ငံ အီလီနွိုက်တက္ကသိုလ် မှ မဟာဥပဒေဘွဲ့ ရရှိခဲ့ပါသည်။

ဆော့ဗီဆက်(သ်)၊ အမှုဆောင်အဖွဲ့ဝင်
ဆော့ဗီဆက်(သ်) ကို ၁၉၈၅ ခုနှစ်တွင် ကမ္ဘောဒီးယား၌ မွေးဖွားခဲ့ပါသည်။ ဆော့ဗီဆက်(သ်)သည် ကမ္ဘောဒီးယားနိုင်ငံ အမျိုးသားစီမံခန့်ခွဲမှုပညာတက္ကသိုလ်မှ စီးပွားရေးလုပ်ငန်းစီမံခန့်ခွဲမှုပညာဘွဲ့၊ NANTES University (France) မှ ဘဏ်လုပ်ငန်းနှင့် အာမခံလုပ်ငန်းဆိုင်ရာ ဘဏ္ဍာရေးမဟာဘွဲ့၊ ကမ္ဘောဒီးယားနိုင်ငံ တော်ဝင်စီးပွားရေးနှင့်ဥပဒေတက္ကသိုလ် မှ အာမခံလုပ်ငန်း၊ ဘဏ္ဍာရေးနှင့် ဘဏ်လုပ်ငန်းဆိုင်ရာ ဆုံးရှုံးနိုင်မှုလျှော့ချရေးစီမံခန့်ခွဲမှု မဟာဘွဲ့တို့ ရရှိထားပါသည်။ ၂၀၁၂ ခုနှစ်တွင် Association of Chartered Certified Accountant, UK စာမေးပွဲကိုအောင်မြင်ခဲ့ပြီး ၂၀၁၃ ခုနှစ်တွင် ACCA အဖွဲ့ဝင်ဖြစ်လာခဲ့သည်။ ထိုမှတဆင့် ၂၀၁၈ ခုနှစ်တွင် FCCA ဖြစ်လာခဲ့သည်။ ကမ္ဘောဒီးယားနိုင်ငံတွင် အခွန်ကိုယ်စားလှယ်စာမေးပွဲ ကိုလည်း အောင်မြင်ခဲ့ပြီး ဖြစ်သည်။ ဆော့ဗီဆက်(သ်) သည် လုပ်ငန်းအတွေ့အကြုံ ၁၀ နှစ်ဝန်းကျင်ရှိပြီး အစိုးရအခွန်အရာရှိ အဖြစ် ၁ နှစ်ခွဲကြာ စတင်လုပ်ကိုင်ခဲ့ပြီးနောက် International Logistics Company သို့ ပြောင်းရွှေ့လုပ်ကိုင်ခဲ့သည်။ ၂၀၁၀၊ ဇူလိုင်တွင် စထာပါနာလီမိတက် ကမ္ဘောဒီးယား (ယခု စထာပါနာဘဏ်ပီအယ်စီ) သို့ စတင်ဝင်ရောက်ခဲ့သည်။ ဘဏ္ဍာထိန်း၊ အကြီးတန်းဘဏ္ဍရေးစာရင်းကိုင်အရာရှိ၊ ဘဏ္ဍာရေးဒုတိယဌာနမှူး၊ ငွေတိုက်ဒုတိယဌာနမှူး နှင့် အတွင်းစာရင်းစစ်ဒုတိယဌာနမှူး အစရှိသည့် ရာထူးတာဝန်ထမ်းများ ထမ်းဆောင်ခဲ့ပါသည်။ ၂၀၁၈၊ ဇန်နဝါရီတွင် ဘဏ္ဍာရေးအရာရှိချုပ် (CFO) အဖြစ် စထာပါနာလီမိတက် မြန်မာသို့ ပြောင်းရွှေ့ခဲ့ပါသည်။

ဥမ္ပာလွင်၊ အမှုဆောင်အဖွဲ့ဝင်
ဥမ္ပာလွင် ကို ၁၉၈၁ ခုနှစ်တွင် မွေးဖွားခဲ့ပါသည်။ ၂၀၁၇ ခုနှစ်တွင် ချေးငွေဌာနမှူး ရာထူးဖြင့် စထာပါနာလီမိတက်မြန်မာသို့ ဝင်ရောက်ခဲ့ပါသည်။ မြန်မာနိုင်ငံတွင် လုပ်သက် (၁၉) နှစ်ကျော်ရှိပြီး ဘဏ္ဍာရေး၊ ဘဏ်လုပ်ငန်းနှင့် မိုဘိုင်းဘဏ္ဍာရေးဝန်ဆောင်မှု နယ်ပယ်တွင် လုပ်သက် (၁၀)နှစ်ကျော်ရှိပြီဖြစ်သည်။ ဥမ္ပာလွင် သည် ၂၀၀၈ ခုနှစ်တွင် စာရင်းကိုင်ဒီပလိုမာ (UK) နှင့် ကွန်ပျူတာစာရင်းကိုင်ဒီပလိုမာ (UK)၊ ၂၀၀၃ ခုနှစ်တွင် ရန်ကုန်နိုင်ငံခြားဘာသာတက္ကသိုလ်မှ အင်္ဂလိပ်စာဒီပလိုမာနှင့် ရန်ကုန်တက္ကသိုလ်မှ ဝိဇ္ဇာဘွဲ့ (စီးပွားရေးပညာ)၊ ရန်ကုန်စီးပွားရေးတက္ကသိုလ်မှ စီးပွားရေးလုပ်ငန်းစီးမံခန့်ခွဲပညာမဟာဘွဲ့တို့ကိုရရှိထားပါသည်။ ခေါင်းဆောင်မှု နှင့် ပတ်သက်သောသင်တန်းများ၊ ဗဟိုဘဏ် နှင့် စုမီတိုမိုဘဏ် မှ Branch Operations Management သင်တန်း၊ Certified SME Lending Professional သင်တန်း၊ Credit Risk and Delinquency Management (MIFA TAF) သင်တန်း၊ MIF, GIZ နှင့် Commerzbank (Germany) မှ Core Banking, International Banking နှင့် Trade Finance သင်တန်း၊ Microfinance Operations Management နှင့် အခြား Management သင်တန်များ တက်ရောက်ခဲ့ပါသည်။