ငွေစုအသက်အာမခံ

စထာပါနာအသင်းသားများ၏ ငွေကြေးစုဆောင်းမှုအလေ့အထကို အားပေးမြှင့်တင်နိုင်ရန် နှင့် ထိခိုက်လွယ်သောအရေးပေါ်အခြေအနေများတွင် ဘဏ္ဍာရေးအကာအကွယ် (Financial Protection) ပေးနိုင်ရန် ရည်ရွယ်ဦးတည်၍ စထာပါနာသည် “ငွေစုအသက်အာမခံ – Saving Life Insurance (သုံးဆတိုးအကာအကွယ်)” ကို ဝန်ဆောင်မှုပေးလျက်ရှိပါသည်။ ဤငွေပင်ငွေရင်းအသက်အာမခံအမျိုးအစားကို အသေးစား၊ အလတ်စားလုပ်ငန်းရှင်များနှင့် ၎င်းတို့လုပ်ငန်းနှင့်ဆက်စပ်သူများအားလုံးအတွက် အထူးရည်ရွယ်၍ စနစ်တကျ ဖန်တီးထားခြင်းဖြစ်ပြီး၊ “ရေရှည်စုဆောင်းခြင်း” နှင့် “ဘက်စုံဘဏ္ဍာရေးအကာအကွယ်ပေးခြင်း” ဟူသော အချက်နှစ်ချက်ကို ပေါင်းစပ်ထားပါသည်။

ငွေစုအသက်အာမခံကို ရွေးချယ်ခြင်းဖြင့် ပေါ်လစီပိုင်ရှင်များသည် မိမိတို့၏ ငွေကြေးကျန်းမာကြံ့ခိုင်မှုကို အားကောင်းစေနိုင်ရုံသာမက မိသားစုနှင့်ပတ်သက်၍လည်း စိတ်အေးချမ်းမှု ရရှိနိုင်မည်ဖြစ်ပါသည်။ ဤအာမခံဝန်ဆောင်မှုသည် ဘဝ၏ မရေရာမှုများကို ယုံကြည်မှုရှိရှိ ရင်ဆိုင်နိုင်ရန်အတွက် ကူညီပေးနိုင်ရန် ရည်ရွယ်ထားပြီး၊ ကွယ်လွန်ခြင်း (သို့မဟုတ်) ထာဝစဥ်မသန်စွမ်းဖြစ်ခြင်းကဲ့သို့သော အခက်အခဲများ ကြုံတွေ့ရချိန်တွင် စိတ်ချရသော ငွေကြေးထောက်ပံ့မှုများကို ပေးအပ်သွားမည် ဖြစ်ပါသည်။

ငွေစုအသက်အာမခံ

ဘာကြောင့် ငွေစုအသက်အာမခံဝယ်ယူပြီး ငွေစုဆောင်းသင့်ပါသလဲ?

(၁) ငွေစုအသက်အာမခံထားငွေပမာဏ (Sum Insured) နှင့် အာမခံသက်တမ်းကာလသည် လူတိုင်း လက်လှမ်းမီခြင်း။
(၂) ငွေစုအသက်အာမခံ ဝယ်ယူထားရှိခြင်းအားဖြင့် ငွေကြေးစုဆောင်းသော အလေ့အကျင့်နှင့် ကတိကဝတ် (Commitment) ရှိမှုကို ပိုမို ခိုင်မာအားကောင်းစေခြင်း။
(၃) အာမခံသက်တမ်းကာလအတွင်း မတော်တဆထိခိုက်သေဆုံးမှု ဖြစ်ပွားခဲ့ပါက အကာအကွယ်အဖြစ် လျော်ကြေးငွေကို အာမခံ ထားငွေပမာဏ၏ (၃) ဆ အထိ ရရှိနိုင်ခြင်း။
(၄) အာမခံသက်တမ်းကာလအတွင်း တစ်စုံတစ်ရာထိခိုက်မှုမရှိပါက လည်း၊ အာမခံထားငွေပမာဏ၏ (၁၀၀%) ပြန်လည်ရရှိသော ကြောင့် ငွေကြေးစုဆောင်းမိစေနိုင်ခြင်း။

ငွေစုအသက်အာမခံ၏ သွင်ပြင်လက္ခဏာနှင့် အကျိုးကျေးဇူးများ