ငွေရေးကြေးရေးနှင့် ဒီဂျစ်တယ်ငွေကြေးဆိုင်ရာ အခြေခံအသိပညာမျှဝေရေးအစီအစဥ်

စထာပါနာလီမိတက်၏ လူမှုအကျိုးပြုလုပ်ငန်းမူဝါဒဆိုင်ရာအစီအစဉ်အရ  မိမိ၏အသင်းသားများအား ဘဏ္ဍာ‌ရေးနှင့်ငွေရေးကြေးရေးဆိုင်ရာ အသိပညာများ မျှဝေပေးအပ်ရန်ဟူသော ကတိကဝတ်နှင့်အညီ ပဲခူးတိုင်းဒေသကြီး အတွင်းရှိ ပဲခူး၊ ဝေါ၊ အင်းတကော်နှင့် ဒိုက်ဦး ရုံးခွဲများမှ အသင်းသားများအား ၂၀၂၄ ခုနှစ်၊ မေလ (၁၆) ရက်နေ့မှ မေလ (၂၇) ရက်နေ့အထိ ငွေရေးကြေးရေးနှင့် ဒီဂျစ်တယ်ငွေကြေးဆိုင်ရာ အခြေခံအသိပညာ (Dig

ital Financial Literacy Awareness – DFL) များကို အောက်ဖော်ပြပါ ရည်ရွယ်ချက်များဖြင့် မျှဝေပေးအပ်ခဲ့ပါသည်။

(က)      အသင်းသားများ ဝင်ငွေ၊ ထွက်ငွေ နှင့် အကြွေးကို ကောင်းမွန်စွာ စီမံခန့်ခွဲတတ်စေရန်။

(ခ)       တိုးတက်ပြောင်းလဲလာသောခေတ်၏ လိုအပ်ချက်နှင့်အညီ ဒီဂျစ်တယ်ငွေကြေးအလေ့အထများကို ပိုမိုရင်းနှီးနားလည်လာစေရန်နှင့် ဒီဂျစ်တယ်ငွေကြေးစနစ်၏ကောင်းကျိုးများကို အသင်းသားများ ရရှိခံစား နိုင်စေရန်။

(ဂ)       ပြည်သူအားလုံး ပါဝင်ဆောင်ရွက်နိုင်သော ငွေကြေးကဏ္ဍ တည်ဆောက်ရေး (Financial Inclusion) ကိုမြှင့်တင်ရေးကြိုးပမ်းအားထုတ်မှုများတွင် တစ်ဖက်တစ်လမ်းမှ ပါဝင် အထောက်အကူပြုရန်။

ဤအစီအစဉ်ကို AYA Pay နှင့် အတူတကွပူးပေါင်းလုပ်ဆောင်ခြင်းဖြစ်ပြီး AYA Pay မှလည်း အသင်းသားများ ချေးငွေပေးဆပ်မှုကို AYA Pay ၏ဒီဂျစ်တယ်ငွေကြေးဝန်ဆောင်မှုဖြင့်လွယ်ကူစွာ လုပ်ဆောင်နိုင်ရန် လိုအပ်သည်များကို ရှင်းလင်းပြောကြားခဲ့ပါသည်။

အထက်ဖော်ပြပါ ငွေရေးကြေးရေးနှင့်ဒီဂျစ်တယ်ငွေကြေးဆိုင်ရာ အခြေခံအသိပညာမျှဝေရေးအစီအစဉ်သို့ ပဲခူး၊ ဝေါ၊ အင်းတကော်နှင့် ဒိုက်ဦးရုံးခွဲများမှ အသင်းသား စုစုပေါင်း (၃၄၆) ဦးတက်ရောက်ခဲ့ပြီး၊ တက်ရောက်လာသော အသင်းသားများအား အအေးနှင့် မုန့်များဖြင့် ဧည့်ခံကျွေးမွေး၍ လက်ဆောင်ပစ္စည်းများလည်း ပေးအပ်ခဲ့ပါသည်။

Share this post