စထာပါနာလီမိတက်၏ မန်နေဂျင်းဒါရိုက်တာ မြန်မာနိုင်ငံသို့ လာရောက်လည်ပတ်ခြင်း

 

 

စထာပါနာလီမိတက်၏ မန်နေဂျင်းဒါရိုက်တာဖြစ်သူ မစ္စတာကန်ဟန် သည် ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် မတ်လ ၃၁ ရက်နေ့တွင် မြန်မာနိုင်ငံသို့တရားဝင်လာရောက်လည်ပတ်ခဲ့ကြောင်း ဂုဏ်ယူစွာကြေညာအပ်ပါသည်။

 

မစ္စတာကန်ဟန်ကို စထာပါနာလီမိတက် (မြန်မာ)၏ အမှုဆောင်အရာရှိချုပ်ဖြစ်သူ မစ္စတာဆူသိဒ်ဂုသားနှင့်အတူ ရုံးချုပ်မှ ဌာနဆိုင်ရာဦးစီးမှူးအရာရှိများ၊ ရုံးချုပ်ဝန်ထမ်းများမှ သောင်းသောင်းဖြဖြ ဝမ်းပန်းတသာဖြင့် ကြိုဆိုခဲ့ကြသည်။ မစ္စတာကန်ဟန်သည် ရန်ကုန်တိုင်းဒေသကြီးအတွင်း အင်းစိန်နှင့် လှိုင်သာယာမြို့နယ်ရုံးခွဲများသို့လည်း ယင်းနေ့တွင်ပင် သွားရောက်လည်ပတ်ခဲ့ပါသေးသည်။

ယခုလို မစ္စတာကန်ဟန် လာရောက်လည်ပတ်ခြင်းအတွက် လွန်စွာဝမ်းသာဂုဏ်ယူမဆုံးဖြစ်ရပြီး အထူးသဖြင့် ယခုလို အခက်အခဲစိန်ခေါ်မှုများဖြင့် ရင်ဆိုင်နေရချိန်ကာလတွင် မစ္စတာကန်ဟန်၏ မြန်မာနိုင်ငံခရီးစဉ်သည် စထာပါနာလီမိတက် (မြန်မာ) ၏ ဝန်ထမ်းများအားလုံးအတွက် စိတ်ဓာတ်တက်ကြွစေပြီး ခွန်အားများလည်းဖြစ်စေမည်ဟု အခိုင်အမာယုံကြည်အပ်ပါသည်။ 

 

 

 

Share this post