ပဲတီစိမ်းမျိုးစေ့ထုတ်လုပ်ခြင်းနှင့် ဖျက်ပိုးရောဂါကာကွယ်နှိမ်နင်းခြင်း

မြန်မာနိုင်ငံလယ်ယာထုတ်ကုန်ပစ္စည်းများထွက်ရှိမှု၏ (၃၃%) မှာ ပဲအမျိုးမျိုးဖြစ်ပြီး၊ နိုင်ငံ၏ သီးနှံစိုက်ပျိုး ထုတ်လုပ်မှုတွင် ဒုတိယအများဆုံးဖြစ်သည်။ ပဲအမျိုးမျိုးအနက်မှ မတ်ပဲ၊ ပဲတီစိမ်းနှင့် ပဲစင်းငုံမှာ ပဲမျိုးစုံစိုက်ဧက၏ (၇၂%) အထိ စိုက်ပျိုးကြသောပို့ကုန်သီးနှံများ ဖြစ်သည့်အလျောက် ပဲတီစိမ်းသည် မြန်မာနိုင်ငံအတွက် အရေးပါသော ပို့ကုန်သီးနှံ (Export Crops) တစ်မျိုးဖြစ်ပါသည်။ လက်ရှိတွင် မြန်မာနိုင်ငံအနေဖြင့် ပဲတီစိမ်းကို တရုတ်နိုင်ငံနှင့် ဥရောပသမဂ္ဂနိုင်ငံများသို့ ပင်လယ်ရေကြောင်းနှင့် နယ်စပ်ဒေသမှတစ်ဆင့် တင်ပို့ရောင်းချလျက်ရှိပြီး၊ ရရှိသောစာရင်းများအရ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်တွင် အမေရိကန်ဒေါ်လာ (၃၃၆.၈၉၃) သန်း အထိ တင်ပို့ရောင်းချနိုင်ခဲ့ပါသည်။

မြန်မာနိုင်ငံအခြေစိုက် UN Capital Development Fund (UNCDF) နှင့် ဖွံ့ဖြိုးမှုမိတ်ဖက် အဖွဲ့အစည်း များ (Development Partners) သည် မြန်မာနိုင်ငံရှိ ပဲတီစိမ်းစိုက်တောင်သူ များအတွက် စိုက်ပျိုးရေးပညာပေး အစီအစဉ်အဖြစ် “ပဲတီစိမ်းမျိုးစေ့ထုတ်လုပ်ခြင်းနှင့် ဖျက်ပိုးရောဂါ ကာကွယ်နှိမ်နင်း ခြင်းမှတ်စု” စာအုပ်ကို ထုတ်ဝေပေးခဲ့ပါသည်။

စထာပါနာလီမိတက်သည် UN Capital Development Fund (UNCDF)၊ Myanmar Microfinance Association (MMFA) တို့နှင့်ပူးပေါင်းပြီး စထာပါနာ၏ အသင်းသား (Clients) များအနက်မှ ပဲတီစိမ်း စိုက်ပျိုးထုတ်လုပ်သော တိုင်းနှင့်ပြည်နယ်အသီးသီးရှိ အသင်းသား (၃,၉၀၀) ခန့်အား အဆိုပါစာအုပ်များ ၂၀၂၄ ခုနှစ် မေလအတွင်း ဖြန့်ချိ ပေးအပ်ခဲ့ပါသည်။

Share this post