လူမှုဖူလုံရေးအစီအစဉ်၏ အသင်းဝင်သက်တမ်းသည် ချေးငွေသက်တမ်းနှင့် တူညီသည်ဖြစ်ပြီး အသင်းဝင်က လက်ရှိချေးငွေပြီးဆုံးပြီး နောက်ထပ်ချေးငွေမထုတ်ယူတော့လျင် အသင်းဝင်ဖြစ်ခွင့် ကုန်ဆုံးမည်ဖြစ်သည်။
လူမှုဖူလှုံရေးအစီအစဉ်


လူမှုဖူလှုံရေး အစီအစဉ်
ချေးငွေထုတ်ယူသူများအားလုံးသည် လူမှုဖူလုံရေးအစီအစဉ်တွင် မဖြစ်မနေပါဝင်ရမည်ဖြစ်သည်။ လူမှုဖူလုံရေးအစီအစဉ်တွင် ရံပုံငွေထည့်ဝင်ပြီးသည်နှင့်တပြိုင်နက် လူမှုဖူလုံရေးအစီအစဉ်၏ အသင်းဝင်အဖြစ် သတ်မှတ်ပါသည်။ အသင်းဝင်များအားလုံးသည် ချေးငွေထုတ်ယူသည့်အကြိမ်တိုင်းတွင် သက်တမ်း (၁)နှစ်ရှိသော ချေးငွေပမာဏ၏ ဝ.၅% ကို ထည့်ဝင်ရမည်ဖြစ်သည်။ (၁နှစ်သက်တမ်းချေးငွေအတွက် ဝ.၅% ကိုအခြေခံကာ ချေးငွေသက်တမ်း ၁နှစ်အောက်နှင့် ၁နှစ်အထက် ချေးငွေများအတွက် အချိုးကျတွက်ချက်ကောက်ခံမည်ဖြစ်သည်။) တစ်ပိုင်းတစ်စထည့်ဝင်ခြင်းကို လက်ခံမည်မဟုတ်ပါ။ လူမှုဖူလုံရေးအစီအစဉ်၏ အသင်းဝင်များသည် အောက်ပါအခွင့်အရေးများ ရရှိမည်ဖြစ်သည်။
လူမှုဖူလုံရေးအစီအစဉ် | ||||
---|---|---|---|---|
အကြောင်းအရာအဖြစ်အပျက် | ပြန်လည်ရရှိမည့် အကျိုးအကျေးဇူးများ | သက်သေအထောက်အထား | ||
ချေးငွေလက်ကျန်စာရင်းပယ်ဖျက်မှု | ထောက်ပံ့ရန်ပုံငွေ | |||
သေဆုံးခြင်း (မိမိကိုယ်ကိုယ်သတ်သေခြင်းမှလွဲ၍) | ငွေချေးသူ | ၁၀၀% စာရင်းပယ်ဖျက်မှု | ၁ သိန်း | သေစာရင်းလက်မှတ် |
ပူးတွဲငွေချေးသူ | အကျုံးမဝင်ပါ | ၅ သောင်း | ||
မသန်စွမ်းဖြစ်ခြင်း | ငွေချေးသူအမြဲတမ်းမသန်စွမ်းမှု | ၁၀၀% စာရင်းပယ်ဖျက်မှု | ၁သိန်း | ဆရာဝန် နှင့် ဆေးထောက်ခံစာများ |
ငွေချေးသူအမြဲတမ်းတစိတ်တပိုင်းမသန်စွမ်းမှု | ၅၀% စာရင်းပယ်ဖျက်မှု | ၅ သောင်း | ||
ပူးတွဲငွေချေးသူ | အကျုံးမဝင်ပါ | |||
ကလေးမွေးဖွားခြင်း | ငွေချေးသူ | အကျုံးမဝင်ပါ | ၅ သောင်း | အရှင်မွေးလက်မှတ် နှင့် ဒေသန္တရအုပ်ချုပ်ရေးမှ ထောက်ခံချက် |
ပူးတွဲငွေချေးသူ (ငွေချေးသူ၏ ဇနီးမယားသာလျှင်လျှောက်ထားနိုင်ပါသည်။) | အကျုံးမဝင်ပါ | ၅ သောင်း |