စထာပါနာရုံးချုပ်မှ ဝန်ထမ်းများသည် မိမိတို့၏ စီမံခန့်ခွဲမှု အဖွဲ့ဝင်လူကြီးများအား ယခုနှစ်သီတင်းကျွတ်ရာသီတွင် စုပေါင်းကန်တော့ခြင်း

မြန်မာတို့၏ (၁၂) လ ရာသီပွဲတော်များ၌ ဝါတွင်းကာလပြီးဆုံးသည့် အထိမ်းအမှတ်အဖြစ် ကျင်းပပြုလုပ်သော သီတင်းကျွတ်ပွဲတော်သည် အရေးပါသည် ပွဲတော်တခုဖြစ်ပါသည်။

သီတင်းကျွတ်ပွဲတော်ရာသီ၌ ဘုရား၊ တရား၊ သံဃာ ရတနာသုံးပါးအပြင် မိမိတို့၏ မိဘများ၊ ဆရာသမားများ၊ သက်ကြီးဝါကြီးဆွေမျိုးသားချင်းများနှင့် မိမိတို့၏ အထက်လူကြီးများကို ကန်တော့ခြင်းသည် ဗုဒ္ဓဘာသာ မြန်မာလူမျိုးများအဖို့ ရာစုနှစ်ပေါင်းများစွာ ထိန်းသိမ်းလိုက်နာကျင့်သုံးခဲ့သော ကောင်းမြတ်သည့် ရိုးရာယဉ်ကျေးမှု အစဉ်အလာတခုဖြစ်ပါသည်။

ကောင်းမြတ်သော ယဥ်ကျေးမှုအစဥ်အလာကို ထိန်းသိမ်းလိုက်နာသောအားဖြင့် စထာပါနာရုံးချုပ်မှ ဝန်ထမ်းများသည် မိမိတို့၏ စီမံခန့်ခွဲမှု အဖွဲ့ဝင်လူကြီးများအား ယခုနှစ်သီတင်းကျွတ်ရာသီတွင် စုပေါင်းကန်တော့ခဲ့ကြပါသည်။

 

Share this post