စထာပါနာလီမိတက်နှင့် Qutiq မြန်မာကုမ္ပဏီလီမိတက်တို့အကြား HR Solutions ဆိုင်ရာ သ‌ဘောတူစာချုပ်လက်မှတ်ရေးထိုးပွဲ

ဝန်ထမ်းရေးရာဌာန၏ စွမ်းရည်နှင့် လုပ်ငန်းစဥ်ကို ပိုမို‌ကောင်းမွန်အောင် မြှင့်တင်ရန် ရည်ရွယ်၍ ဒီဂျစ်တယ် ဝန်ထမ်းရေးရာဝန်ဆောင်မှုများ (Digital HR Solutions) တွင် ဦးဆောင်ပံ့ပိုးသည့် အဖွဲ့အစည်း တစ်ခု ဖြစ်သော QHRM နှင့် ကျွန်ုပ်တို့ စထာပါနာသည် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဝမ်း‌မြောက်စွာ အသိပေးကြေညာအပ်ပါသည်။ ဤကဲ့သို့ပူးပေါင်းဆောင်ရွက်ခြင်းသည် ဒီဂျစ်တယ်စနစ်သို့ကူးပြောင်းရာတွင် ပထမ ခြေလှမ်းဖြစ်ပြီး ပိုမိုသွက်လက်သော၊ ခရီးပေါက်သော၊ ဝန်ထမ်းများအတွက်ဦးတည်သော ဝန်ထမ်းရေးရာ လုပ်ဆောင်ချက်တစ်ခုကို ဖန်တီးရန် ရည်ရွယ်ပါသည်။
 
QHRM သည် ဝန်ထမ်းရေးရာလုပ်ငန်းလည်ပတ်မှု ချောမွေ့စေရန်လည်းကောင်း၊ လုပ်ခလစာပေးချေမှုနှင့် ရုံးတက်ရောက်ချိန် စီမံခန့်ခွဲမှုကို အလိုအလျောက်စနစ် ကူးပြောင်းရာတွင် လည်းကောင်း၊ လုပ်ငန်းစွမ်း‌ ဆောင်ရည်နှင့် စွမ်းရည်စီမံခန့်ခွဲမှုကို တိုးတက်စေရန်လည်းကောင်း အထောက်အကူဖြစ်စေမည် ဖြစ်သည်။ ဆန်းသစ်သော QHRM HR ဆော့ဖ်ဝဲ ကို အသုံးပြုခြင်းအားဖြင့် ဝန်ထမ်းများအတွက် ပိုမိုကောင်းမွန်သော အတွေ့အကြုံများ ပေးအပ်နိုင်မည့်အပြင်၊ လုပ်ငန်းခွင်တွင်း လေ့လာသင်ယူမှုနှင့် တိုးတက်မှု အလေ့အထကို အားပေးမြှင့်တင်နိုင်ပြီး၊ ဝန်ထမ်းများ၏ အလားအလာအပြည့်အဝကိုလည်း လမ်းဖွင့်ပေးနိုင်မည် ဖြစ်သည်။ ဝန်ထမ်းအရင်းအမြစ် စီမံခန့်ခွဲမှုကို အပြောင်းအလဲလုပ်ရန်၊ ပိုမိုချောမွေ့၍ အချက်အလက်ကို အခြေခံသော၊ ပိုမိုထိရောက်သော လုပ်ငန်းစဥ်များ ဖြစ်ပေါ်ပြောင်းလဲလာရန် ရည်ရွယ်ပါသည်။
 
၂၀၂၄ ခုနှစ်သည် ဒီဂျစ်တယ်စနစ်သို့ကူးပြောင်းခြင်း ခရီးစဥ်နှင့် အကျိုးအများဆုံး၊ ထိရောက်မှုအရှိဆုံး ဖြစ်သည့် လုပ်ငန်းစဥ်များအား ပံ့ပိုးပေးအပ်မည်ဟူသော ကတိကဝတ်ဖြည့်ဆည်းရာတွင် အထင်ကရ ဖြစ်သည့် နှစ် တစ်နှစ်အဖြစ် သတ်မှတ်အပ်ပါသည်။
 
 
 
 

Share this post