စထာပါနာလီမိတက်မြန်မာမှ ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့ရှိ ရေဘေးသင့်ပြည်သူများအား စားနပ်ရိက္ခာများလှူဒါန်းခြင်း။

၂၀၂၃ ခုနှစ် အောက်တိုဘာလ ၁၁ ရက်‌။
 
စထာပါနာလီမိတက်မြန်မာသည် အသေးစားငွေရေးကြေးရေးလုပ်ငန်းများဆောင်ရွက်ရင်း တစ်ဖက်တွင်လည်း လူမှုအကျိုးပြုလုပ်ငန်းများကို တာဝန်သိစွာဖြင့် တတ်အားသရွေ့ထမ်းဆောင်နေသော အဖွဲ့အစည်းတစ်ခု ဖြစ်ပါ သည်။ ယခုအခါတွင်လည်း စထာပါနာ၏လုပ်ငန်းများလည်ပတ်လျက်ရှိသောနယ်မြေများထဲမှတစ်ခုဖြစ်သည့် ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့သည် ရေကြီးနေသည့်အတွက် သဘာဝဘေးအန္တရာယ်ကို ခံစားနေရသော ပဲခူးမြို့နေ ပြည်သူများအတွက် စထာပါနာမှ လှူဒါန်းမှုပြုလုပ်ခဲ့ပါသည်။

၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ၊ ၁၁ ရက်နေ့တွင် စထာပါနာဝန်ထမ်းများသည် ဆန်၊ ဆီ၊ ငါးသေတ္တာ၊ ငါးခြောက် ကြော်၊ ခေါက်ဆွဲခြောက်၊ ရေသန့်နှင့် ဓါတ်ဆားတို့ကို ထုပ်ပိုး၍ ပဲခူးမြို့နယ်၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံ ခန့်ခွဲမှုကော်မတီ၏ ကယ်ဆယ်ရေးစခန်းအမှတ် – ၁၀ (ကလျာဏီသိမ်တော်ကြီးကျောင်း) သို့သွားရောက်ကာ ရေဘေးသင့်ပြည်သူ အိမ်ထောင်စု (၂၆၇) စုအား ကိုယ်တိုင်ကိုယ်ကျလှူဒါန်းမှုပြုလုပ်ခဲ့ပါသည်။ ဤလှူဒါန်းမှု ဖြစ်မြောက်အောင် အဖက်ဖက်မှကူညီပံ့ပိုးပေးသော တာဝန်ရှိသူများနှင့် ဝိုင်းဝန်းကူညီပေးကြပါသော စထာပါနာ ဝန်ထမ်းများအားလုံးကိုလည်း ကျေးဇူးတင်အပ်ပါသည်။ 

Share this post