စထာပါနာလီမိတက်မြန်မာရှိဝန်ထမ်းများအတွက် “Leadership in Action” သင်တန်း

စထာပါနာလီမိတက် မြန်မာ ရုံးချုပ်တွင် တာဝန်ထမ်းဆောင်နေသော မန်နေဂျာအဆင့်ရှိ ဝန်ထမ်းများအတွက် အထူးရည်ရွယ်ပို့ချသော “Leadership in Action” သင်တန်း အောင်မြင်စွာပြီးဆုံးကြောင်း ဂုဏ်ယူစွာဖြင့် ဝေမျှလိုက်ပါသည်။
ဤသင်တန်းကို စီမံခန့်ခွဲမှုအဖွဲ့၏ ခိုင်မာသော အားပေးကူညီမှုနှင့် လမ်းညွှန်မှုများအောက်တွင် ကျွန်ုပ်တို့၏ မန်နေဂျာများအား လက်တွေ့ကျသော နည်းလမ်းများနှင့် နည်းဗျူဟာများကို ပို့ချပေးနိုင်ခဲ့ပါသည်။ ယခုအစီအစဉ်မှာ စထာပါနာ၏ ဝန်ထမ်းများ အပေါ်ထားရှိသည့် ကတိကဝတ်များအနက် တစိတ်တပိုင်းဖြစ်သော၊ စထာပါနာနှင့်အတူတကွ ပိုမိုတိုးတက်အောင်မြင်သော ဝန်ထမ်းများဖြစ်လာစေရန်နှင့် ဝန်ထမ်းများ၏ စွမ်းဆောင်ရည်ကိုမြှင့်တင်ရန် အတွက်ပံ့ပိုးကူညီအားဖြည့်ပေးသည့် အစီအစဉ်ကောင်း တစ်ခု လည်းဖြစ်ပါသည်။
သင်တန်းတစ်လျှောက်လုံးတွင် ပရော်ဖက်ရှင်နယ်ပီသမှု၊ တက်ကြွစွာ ပါဝင်ဆောင်ရွက်မှုနှင့် ကြိုးစားအားထုတ်မှု တို့ဖြင့် ပါဝင်တက်ရောက်ခဲ့ကြသော မန်နေဂျာများအားလုံးအား ကျွန်ုပ်တို့၏ စိတ်ရင်းမှန်ဖြင့် အသိအမှတ်ပြု ကျေးဇူးတင်ရှိကြောင်း ပြောကြားအပ်ပါသည်။
 
 
 
 
 
 
 
 
 

Share this post