စထာပါနာလီမိတက်၏ Messenger Chatbot အကြောင်း မိတ်ဆက်ခြင်း

စထာပါနာအသင်းသားများနှင့် ပြည်သူလူထုအတွက် စထာပါနာလီမိတက်နှင့် ပတ်သက်သော သတင်း အချက်အလက်များကို လွယ်ကူလျင်မြန်စွာရရှိနိုင်ရန် Messenger Chatbot ကို ဖန်တီးတည်ဆောက်ထား ပါသည်။ စထာပါနာအသင်းသားများနှင့် ပြည်သူလူထုသည် အောက်ပါသတင်းအချက်အလက်များကို ရယူနိုင်ပြီ ဖြစ်ပါသည်။

(၁) စထာပါနာ၏ ချေးငွေနှင့် စုငွေ ဝန်ဆောင်မှုများအကြောင်း။
(၂) စထာပါနာရုံးချုပ်နှင့် ရုံးခွဲများ၏ အလုပ်အကိုင်အခွင့်အလမ်းများနှင့် အသေးစိတ် လုပ်ငန်းလိုအပ်ချက်များ ပါဝင်သော အလုပ်ခေါ်စာများအကြောင်း။
(၃) ရုံးခွဲတည်နေရာများ၊ လိပ်စာများနှင့် ဆက်သွယ်ရမည့် ဖုန်းနံပါတ်များ။
(၄) ခွဲခြားဆက်ဆံခြင်း၊ တရားမျှတမှုနှင့် ရိုသေလေးစားမှု ကင်းမဲ့စွာ ပြုမူပြောဆိုဆက်ဆံခြင်း၊ လိမ်လည်ခြင်း၊ အစရှိသည်တို့အား တိုင်တန်းနိုင်ရန် တိုင်တန်းချက်များ လက်ခံခြင်း နှင့် တိုင်တန်းချက်များ ဖြေရှင်းပေးသည့် တယ်လီဖုန်းလိုင်းနှင့် အလိုအလျောက် ချိတ်ဆက်ပေးခြင်း။

စထာပါနာလီမိတက်သည် တန်ဖိုးထားရသော ၎င်း၏အသင်းသားများအတွက် ရေရှည်တည်တံ့ခိုင်မြဲပြီး အကောင်းမွန်ဆုံး ဘဏ္ဍာရေးနှင့် အသင်းသားဝန်ဆောင်မှုပေးနိုင်ရေးအတွက် တတ်နိုင်သမျှ ကြိုးစား အားထုတ်လျက် ရှိပါသည်။

Share this post

More News!