စထာပါနာလီမိတက် နှင့် Capital Taiyo အသက်အာမခံ ကုမ္ပဏီတို့ အကျိုးတူပူးပေါင်းဆောင်ရွက်ခြင်း အထိမ်းအမှတ်ပွဲ ကျင်းပခြင်း

စထာပါနာလီမိတက် နှင့် Capital Taiyo အသက်အာမခံ ကုမ္ပဏီတို့ အကျိုးတူပူးပေါင်းဆောင်ရွက်ခြင်း အထိမ်းအမှတ်ပွဲ ကျင်းပခြင်း 🎉🤝

📅 ဖေဖော်ဝါရီလ ၂၀ ရက်၊ ၂၀၂၅ ခုနှစ်
📍 ရန်ကုန်မြို့

စထာပါနာလီမိတက်နှင့် Capital Taiyo အသက်အာမခံလီမိတက်တို့သည် ဖေဖော်ဝါရီလ ၂၀ ရက်၊ ၂၀၂၅ ခုနှစ်တွင် PARKROYAL ဟိုတယ်၌ မြန်မာနိုင်ငံရှိပြည်သူများအား ဘဏ်အာမခံဝန်ဆောင်မှုများ ပေးအပ်ရန် ရည်ရွယ်ချက်ဖြင့် “အကျိုးတူပူးပေါင်းဆောင်ရွက်ခြင်း အထိမ်းအမှတ်ပွဲ” ကို ကျင်းပခဲ့ပါသည်။ 🎊

အဆိုပါပွဲသို့ နှစ်ဖက်အဖွဲ့အစည်းမှ အကြီးတန်းစီမံခန့်ခွဲသူများ တက်ရောက်ခဲ့ကြပြီး အခမ်းအနားကို Capital Taiyo အသက်အာမခံလီမိတက်၏ အမှုဆောင်အရာရှိချုပ် ဦးရန်ပိုင်စိုးဦး မှ အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။ 🗣️✨ ထို့နောက် စထာပါနာလီမိတက်မြန်မာ၏ အမှုဆောင်အရာရှိချုပ် Mr. Sudeep Gupta မှလည်း အမှာစကား ပြောကြားခဲ့ပါသည်။ 🎤

ထို့နောက် Capital Taiyo ဘဏ်အာမခံ ဌာန၏ အမှုဆောင်အရာရှိ မှ ကျေးဇူးတင်စကား ပြောကြားကာ စထာပါနာလီမိတက်၏ အကြီးတန်းစျေးကွက်ဌာနမှူး မှ ဝန်ဆောင်မှုထုတ်ကုန်များ မိတ်ဆက်ခြင်းနှင့် အနာဂတ်အတွက် ဆက်လက်၍ ပူးပေါင်း လုပ်ဆောင်မည့်အစီအစဉ်များကို ရှင်းလင်းပြောကြားခဲ့ပါသည်။ 📊📢

အခမ်းအနားအတွင်း နှစ်ဖက်အမှုဆောင်အရာရှိချုပ်များ မှ Partnership Agreement ✍️ ရေးထိုးပြီး လက်ဆောင်ပစ္စည်းများ လဲလှယ် 🎁🎀 တက်ရောက်လာသူများအား အစားအသောက်များ တည်ခင်း ဧည့်ခံခြင်း 🍽️ ဖြင့် အခမ်းအနားအား ရုတ်သိမ်းခဲ့ပါသည်။

Share this post