စထာပါနာလီမိတက် အမှုဆောင်အရာရှိချုပ်၏ ၂၀၂၄ ခုနှစ် နှစ်သစ်ဆုမွန်လွှာ

လေးစားတန်ဖိုးထားရပါသော မိတ်ဖက်အသင်းသားများ၊ ရင်းနှီးမြုပ်နှံသူများနှင့် လုပ်ငန်းမိတ်ဖက်များခင်ဗျား
 
ယခုကဲ့သို့ နှစ်တစ်နှစ်၏ ကုန်ဆုံးချိန်ကာလ၌ ပျော်ရွှင်ချမ်းမြေ့ပြီး လာမည့်နှစ်သစ်တွင်လည်း တိုးတက် ကြီးပွားကြပါစေကြောင်း စထာပါနာလီမိတက်မှ ပဏာမ ဆုမွန်ကောင်းတောင်းအပ်ပါသည်။
 
၂၀၂၃ ခုနှစ်ကို နှုတ်ခွန်းဆက်ပြီး ၂၀၂၄ ခုနှစ်အားကြိုဆိုသောယခုအချိန်အခါသမယ၌ တစ်နှစ်တာကာလ အတွင်း တစ်ဦးတစ်ယောက်ချင်းစီ၏ စဉ်ဆက်မပြတ် ကြိုးပမ်းအားထုတ်မှုနှင့် အောင်မြင်မှုများအတွက် လှိုက်လှဲစွာ ကျေးဇူးတင်ရှိပါကြောင်းကို ပြောကြားလိုပါသည်။ ကျွန်ုပ်တို့သည် အခက်အခဲများစွာနှင့် မသေချာ မရေရာမှုများကြားထဲမှ ကြံ့ကြံ့ခံနိုင်မှု၊ အလိုက်သင့်ပြောင်းလဲနိုင်မှု၊ ဆန်းသစ်တီထွင် မှုများကိုအားပြုကာ လုပ်ငန်း၏ထမ်းရွက်ရမည့်တာဝန်များနှင့် အသင်းသားများ၏လိုအပ်ချက်များအား ဖြည့်ဆည်း ဆောင်ရွက် နိုင်ခဲ့ကြောင်းကို ပြသနိုင်ခဲ့ပါသည်။
 
၂၀၂၃ ခုနှစ်သည် စထာပါနာလီမိတက်အတွက် မှတ်တမ်းတင်အပ်သော နှစ်တစ်နှစ်ပင်ဖြစ်ပါသည်။ ၂၀၂၃ ခုနှစ် တစ်နှစ်တာအတွင်း ချေးငွေအစုစု၊ အဆက်အသွယ်ကွန်ယက်နှင့် ဝန်ဆောင်မှုပေးအပ်သည့် လုပ်ငန်းနယ်ပယ်များတိုးချဲ့နိုင်ခြင်း၊ စထာပါနာ၏ကုန်အမှတ်တံဆိပ်နှင့် ဂုဏ်သတင်းခိုင်မာမှုကို ပိုမိုကောင်းမွန်အောင်ဆောင်ရွက်နိုင်ခဲ့ခြင်း စသည့်ကောင်းမွန်သော ရလာဒ်များကို ရရှိခဲ့ပါသည်။ ယခုကဲ့သို့ ကျွန်ုပ်တို့၏ သာလွန်ကောင်းမွန်သော စွမ်းဆောင်ရည်တို့အတွက်လည်း ဂုဏ်သတင်းကြီးမား၍ လေးစားအပ်သော အဖွဲ့အစည်းများထံမှ ထိုက်တန်သော ဆုတံဆိပ်နှင့် အသိအမှတ်ပြုများကို ရယူနိုင်ခဲ့ပါသည်။ ဤသည်မှာ ကျွန်ုပ်တို့အားလုံး၏ အတူအကွဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်မှုများ၏ ရလာဒ်ကောင်းများပင်ဖြစ်ပါသည်။
 
၂၀၂၄ ခုနှစ်အတွက်လည်း အသစ်အသစ်သော အခွင့်အလမ်းများနှင့် ရည်မှန်းချက်ပန်းတိုင်များ ချမှတ် ထားရှိပါသည်။ စထာပါနာလီမိတက်အနေဖြင့် အသင်းသားဗဟိုပြု၍ အရည်အသွေးမြင့်မားသော ငွေကြေး ဝန်ဆောင်မှုများကိုဆက်လက်ပေးအပ်ခြင်း၊ ဒီဂျစ်တယ် ပလက်ဖောင်းများ၊ ဒီဂျစ်တယ်ဝန်ဆောင်မှုနှင့် စွမ်းဆောင်ရည်များတိုးတက်အောင်ဆောင်ရွက်ခြင်း၊ သင်ယူတိုးတက်မှု အလေးပေးသော ယဉ်ကျေးမှုတစ်ခု ဖန်တီးပျိုးထောင်ခြင်း စသည့်ကဏ္ဍများတွင် အားစိုက်ဆောင်ရွက်သွားရန် ရည်ရွယ် ပါသည်။ ထို့အပြင် မှန်ကန်ဖြောင့်မတ်ခြင်း၊ ပညာရပ်ပိုင်းကျွမ်းကျင် ပိုင်နိုင်ခြင်း၊ လူမှုဝန်းကျင်တာဝန်ယူမှုနှင့် လူအသိုင်းအဝိုင်းတွင် အပြုသဘောဆောင်သောသက်ရောက်မှုများရရှိရန် ဆောင်ရွက်ခြင်းစသည့် စထာပါနာလီမိတက်၏ တန်ဖိုးများကိုလည်း ဆက်လက်ထိန်းသိမ်းသွားမည်ဖြစ်ကြောင်း ပြောကြား လိုပါသည်။ ကျွန်ုပ်တို့၏ အရည်အချင်း၊ စိတ်အားထက်သန်မှုနှင့် ပူးပေါင်းဆောင်ရွက်မှုတို့ကို အခြေခံ၍ ၂၀၂၄ ခုနှစ်တွင်လည်း ကြီးမားသော အောင်မြင်တိုးတက်မှုများရရှိနိုင်မည်ကို တစ်ထစ်ချယုံကြည်ပါသည်။
 
အချုပ်အားဖြင့် နှစ်သစ်၌ မိတ်ဆွေများနှင့်တကွ၊ မိတ်ဆွေများ၏ချစ်ခင်ရသူများအားလုံး ကျန်းမာချမ်းသာပြီး လုပ်ငန်းဆောင်တာတိုင်းတွင် အောင်မြင်မှုများဆောင်ကြဉ်းနိုင်ပါစေကြောင်းကိုလည်း ဆုမွန်ကောင်း တောင်းအပ်ပါသည်။ လုပ်ငန်းမိတ်ဖက်များအားလုံး ကျွန်ုပ်တို့နှင့်အတူတကွ ဆက်လက်လက်တွဲ လုပ်ဆောင် ၍ ပိုမိုတောက်ပသော အနာဂတ်တစ်ခုကို ဖန်တီးနိုင်ရန်အတွက်လည်း ယုံကြည်မျှော်လင့်ပါသည်။
အားလုံး နှစ်သစ်မှာ ရွှင်လန်းချမ်းမြေ့ကြပါစေ။
 
လေးစားစွာဖြင့်
 
Sudeep Gupta
အမှုဆောင်အရာရှိချုပ် (CEO)
စထာပါနာလီမိတက်

Share this post