စထာပါနာ၏ (၅) နှစ်မြောက်နှစ်ပတ်လည် အမှာစကား

နေ့စွဲ။ ။ ၂၀၂၀ ခုနှစ်၊ ဇွန်လ (၁၈) ရက်။

အသေးစားငွေရေးကြေးရေးလုပ်ငန်းများထဲမှ ဦးဆောင်အဖွဲ့အစည်းတစ်ခုဖြစ်သည့်၊ စထာပါနာလီမိတက်ကို တည်ထောင်ခဲ့သည်မှာ (၅) နှစ်ပင် ပြည့်ခဲ့ပြီးဖြစ်ပါသည်။ အချိန်တွေသည် အမှန်တကယ်ပင် အကုန်မြန်လှသည်။ ထိုကာလတွင် ကြုံတွေ့ခဲ့ရသော စိန်ခေါ်မှုများနှင့် ပြန်လည်ရရှိခဲ့သော ဆုလာဘ်များမှ၊ ကျွန်တော် များစွာလေ့လာသင်ယူခဲ့ရပြီး၊ သင်ယူခဲ့ရသောအရာများကိုလည်း တန်ဖိုးထားအသိအမှတ်ပြုပါသည်။ ကျွန်တော်တို့ရရှိခဲ့သော အောင်မြင်မှုများမှာ စထာပါနာ၏ တန်ဖိုးအကြီးမားဆုံး ပိုင်ဆိုင်မှု ဖြစ်သည့် အသင်းသားများနှင့် ဝန်ထမ်းများကြောင့် ရရှိခဲ့ခြင်းဖြစ်ပါသည်။

ကျွန်တော်တို့၏ အသင်းသားများသည် စထာပါနာ၏ ဘဏ္ဍာရေးထုတ်ကုန်နှင့် ဝန်ဆောင်မှုအပေါ်တွင် ၎င်းတို့၏ ယုံကြည်စိတ်ချမှုကို အစဉ်တစိုက် ပြသခဲ့ကြပါသည်။ ထို့အပြင် ထုတ်ကုန်ပစ္စည်းနှင့် ဝန်ဆောင်မှုများ ပိုမိုတိုးတက် ကောင်းမွန်အောင် ပြုပြင်နိုင်ရန်အတွက် ၎င်းတို့၏ ထင်မြင်ယူဆချက်နှင့် တုံ့ပြန်ချက်များကိုလည်း မျှဝေခဲ့ကြပါသည်။ ထိုကဲ့သို့ စိတ်ချယုံကြည်မှုနှင့် တုံ့ပြန်မှုများအတွက် ကျေးဇူးတင်လျက် ကျွန်တော်တို့ဘက်ကလည်း စထာပါနာနှင့် သက်ဆိုင်သူအားလုံးထံမှ ပိုမို၍ ယုံကြည်မှု ရရှိရန် ဆတက်ထမ်းပိုး ကြိုးပမ်းရွက်ဆောင်သွားမည်ဟု ကတိကဝတ်ပြုပါသည်။

ထိုကဲ့သို့၊ စထာပါနာအပေါ် အသင်းသားများ၏ ယုံကြည်စိတ်ချမှုသည်၊ ပင်ကိုယ်စွမ်းရည်ပြည့်ဝပြီး အလုပ်တွင် စိတ်ရောကိုယ်ပါ မြှုပ်နှံထားသော ဝန်ထမ်းများ၏ အလုပ်အရည်အသွေးမြင့်မားမှု၊ မြင့်မားသော အရည်အသွေးကို တသမတ်တည်း ထိန်းသိမ်းထားရှိနိုင်မှုနှင့် လုပ်ငန်းခွင် စွမ်းဆောင်ရည်ပြည့်ဝစွာ ကြိုးပမ်း လုပ်ကိုင်ဆောင်ရွက်မှုများကြောင့် ဖြစ်ပါသည်။ ဝန်ထမ်းများ၏ ထိုကဲ့သို့သော ကြိုးပမ်းမှုများနှင့် အလုပ်တွင် အစဉ်တစိုက် နှစ်မြှုပ်လုပ်ကိုင်မှုများသည် အနာဂတ်အပေါ်တွင် ကျွန်တော်တို့ ယုံကြည်မျှော်လင့်ရခြင်း၊ ရင်ခုန်စိတ်လှုပ်ရှားရခြင်းတို့ကို ပေးစွမ်းသည့်အကြောင်းရင်းများလည်း ဖြစ်ပါသည်။

ကျွန်တော်တို့၏ ဝန်ထမ်းများနှင့် အသင်းသားများကို အမှန်တကယ်ကျေးဇူးတင်ရှိပြီး အတူတကွ အလုပ်လုပ်ရသည်ကိုလည်း ဝမ်းမြောက်ဝမ်းသာဖြစ်ရပါသည်။ ဤအခွင့်အရေးကိုအသုံးချ၍ ကျွန်တော်တို့၏ ကြိုးပမ်း အားထုတ်မှုများအား ယနေ့ထိတိုင် နှစ်ရှည်ကြာစွာ ပံ့ပိုးကူညီပေးသော အစုရှယ်ယာရှင်များ၊ ဒါရိုက်တာဘုတ်အဖွဲ့ဝင်များ၊ လုပ်ငန်းစည်းမျဉ်းစည်းကမ်းကို ရေးဆွဲကြီးကြပ်သူများ၊ စီးပွားရေးမိတ်ဖက် အဖွဲ့အစည်းများ၊ မိသားစုများနှင့် မိတ်ဆွေ သူငယ်ချင်းများအားလုံး၏ ကျေးဇူးကို လေးနက်စွာ အသိအမှတ် ပြုအပ်ပါသည်။

စထာပါနာ၏ (၅) နှစ်မြောက်နှစ်ပတ်လည်ကို ဂုဏ်ပြုကျင်းပခွင့်ရသည့်အတွက် အလွန်ဂုဏ်ယူမိပါသည်။ ထို့အတူ စထာပါနာလီမိတက်သည် နောင်နှစ်ပေါင်းများစွာတိုင်အောင် ဆက်လက်အောင်မြင်နေမည်ဟု အပြည့်အဝယုံကြည်ပါသည်။ အထက်တွင်ရည်ညွှန်းခဲ့သော ပုဂ္ဂိုလ်များအားလုံး၏ ကြီးမားသောကျေးဇူးတရားကို အသိအမှတ်ပြုလျက် ဖြောင့်မှန်သော စိတ်ရင်းနှင့် အထူးကျေးဇူးတင်ရှိပါကြောင်း ထပ်လောင်း ပြောကြားလိုပါသည်။

လေးစားစွာဖြင့်

Mr.SEANG Serey
ဒါရိုက်တာနှင့် အမှုဆောင်အရာရှိချုပ်

Share this post