“နိုင်ငံတကာအမျိုးသမီးများနေ့”

နိုင်ငံတကာအမျိုးသမီးများနေ့

ကမ္ဘာတဝှမ်းကျင်းပပြုလုပ်သော အခမ်းအနားဖြစ်သည့် ယနေ့ကျရောက်သော နိုင်ငံတကာအမျိုးသမီးများနေ့ တွင် နယ်ပယ်အသီးသီးရှိ အမျိုးသမီးများ၏ အောင်မြင်မှုများနှင့် ၎င်းတို့၏ အကျိုးပြုမှုများကို ချီးကျူးဂုဏ်ပြု အပ်ပါသည်။ “အမျိုးသမီးများတွင် ရင်းနှီးမြှုပ်နှံပါ၊ တိုးတက်မှုကို အရှိန်မြှင့်တင်ပါ” (Invest Women: Accelerate Progress) သည် ယခုနှစ်ဂုဏ်ပြုပွဲ၏ ပဓါနဆိုလိုရင်းနှင့် အဓိကပြောကြားလိုသောအချက် ဖြစ်ပါသည်။ ဤဦးစားပေးရှုထောင့်သည် ကမ္ဘာကြီး၏ လှုမှုစီးပွားတိုးတက်မှုကို အရှိန်မြှင့်တင်‌ရန် နည်းလမ်း တစ်ခုအဖြစ် အမျိုးသမီးများ၏ ပညာရေး၊ ကျန်းမာရေး၊ စွန့်ဦးတီထွင်ခြင်း၊ ဦးဆောင်မှုတာဝန်ယူခြင်း နှင့် အမျိုးသမီးအခွင့်အရေးများတွင် ရင်းနှီးမြှုပ်နှံရန် သည် အရေးကြီးကြောင်းကို ထင်ဟပ်စေပါသည်။ 

မြန်မာနိုင်ငံရှိ ဦးဆောင်အသေးစားငွေကြေးအဖွဲ့အစည်းတစ်ခုအနေဖြင့် စထာပါနာသည် ဤပဓါနဆိုလိုရင်းနှင့် အဓိကပြောကြားလိုသောအချက်၊ နှင့် ၎င်းဖြစ်ပေါ်လာရသည့် အကြောင်းအချင်းအရာကို ဂုဏ်ယူစွာဖြင့် ထောက်ခံအပ်ပါသည်။ အမျိုးသမီးများသည် လူမှုအသိုင်းအဝိုင်းနှင့် စီးပွားရေးကဏ္ဍ၏ အဓိကကျောရိုးဖြစ်ပြီး အမျိုးသမီးများ၏ လုပ်ပိုင်ခွင့်စွမ်းအားမြှင့်တင်ပေးခြင်းသည် ကျွန်ုပ်တို့အားလုံး၏ လုပ်ပိုင်ခွင့်စွမ်းအားကို မြှင့်တင်ပေးခြင်းနှင့် အတူတူပဲဖြစ်သည်ဟု ယုံကြည်ပါသည်။ ထို့ကြောင့်လည်း ကျွန်ုပ်တို့သည် အမျိုးသမီးများ၊ အထူးသဖြင့် တ‌‌ရားဝင်ငွေကြေးနှင့် ဘဏ္ဍာရေးဝန်ဆောင်မှုစနစ်တွင် ပါဝင်မှုမရှိသူများ၊ ဖယ်ထုတ်ခံထားရသူ များကို ချေးငွေဝန်ဆောင်မှုများ  ထောက်ပံ့ပေးလျက်ရှိပါသည်။ ကျွန်ုပ်တို့သည် ၎င်းတို့၏ အိမ်မက်များ၊ ရည်မှန်း ချက်များကို အောင်မြင်ဆွတ်ခူးနိုင်ရန်၊ လုပ်ငန်းအသစ်စတင်ရန်နှင့် လုပ်ငန်းများချဲ့ထွင်ရန် ကူညီပေးလျက်  ရှိပါသည်။

ကျွန်ုပ်တို့ စထာပါနာလီမိတက်အနေဖြင့်လည်း လုပ်ငန်းခွင်အတွင်း ကျားမတန်းတူညီမျှမှုနှင့် အမျိုးသမီးများ အခန်းကဏ္ဍတိုးတက်မှုတို့ကို စဉ်ဆက်မပြတ် အလေးပေးဆောင်ရွက်လျက်ရှိသည်။ စထာပါနာလီမိတက်၏ အသင်းသားများတွင် အမျိုးသမီးပါဝင်မှုရာခိုင်နှုန်းမှာ ၇၉% ခန့်ဖြစ်ပါသည်။ ဝန်ထမ်းစီမံခန့်ခွဲမှု အဆင့်ဆင့်တွင် လည်း အရာထမ်းအမျိုးသမီးပါဝင်မှုရာခိုင်နှုန်းမှာ ၄၈% ဖြစ်ပြီး ကျွန်ုပ်တို့သည် အမျိုးသမီးဝန်ထမ်းများနှင့် အမျိုးသမီးခေါင်းဆောင်များ၏ မတူကွဲပြားမှုများနှင့် စွမ်းဆောင်ရည်များကို တန်ဖိုးထားပြီး၊ လုပ်ငန်းခွင်အတွင်း ၄င်းတို့၏ စဉ်ဆက်မပြတ်တိုးတက်မှုတို့အတွက်လည်း အားပေးမြှင့်တင်လျက်ရှိပါသည်။ ထို့ကြောင့် ၄င်းတို့၏ စွမ်းဆောင်ရည်နှင့် အောင်မြင်မှုများအတွက် ဂုဏ်ယူအားတက်ရသည့်နည်းတူ၊ ထိုသို့ အောင်မြင်မှုများကို ကြည့်ပြီး အခြားသူများကိုလည်း တစ်ဖန်ထပ်ပွား အားတက်စေလိုပါသည်။

ယနေ့ နိုင်ငံတကာအမျိုးသမီးများနေ့တွင် စထာပါလီမိတက်အနေနှင့် အမျိုးသမီးများ၏ အခန်းကဏ္ဍနှင့် ၄င်းတို့ ၏ တိုးမြှင့်တည်ထောင်မှုတို့အတွက် ဂုဏ်ယူဝမ်းမြောက်စွာ ကျင်းပနိုင်ရန် ဤနေရာမှ ဖိတ်ခေါ်အပ်ပါသည်။ အတူတကွအားလုံးပါဝင်မှုကို အရင်းခံလျှင် ပိုမို၍ပြောင်းလဲတိုးတက်သော လူ့ဘောင်လောကကို ဖန်တီး နိုင်မည် မှာ အမှန်ပင်ဖြစ်ပါသည်။ နောက်ဆုံးအနေဖြင့် ဂုဏ်ယူပျော်ရွှင်ဖွယ်ကောင်းသော နိုင်ငံတကာအမျိုးသမီးများနေ့ ဖြစ်ပါစေကြောင်း စထာပါနာလီမိတက်မှ ဆုမွန်ကောင်းတောင်းအပ်ပါသည်။

စထာပါနာလီမိတက်

အမှတ် (၃၅၁/ခ)၊ ပြည်လမ်း၊ စမ်းချောင်းမြို့နယ်၊

ရန်ကုန်မြို့ ၊ မြန်မာ။

Share this post