ပိုးသတ်ဆေးဖြန်းခြင်း

ဘေးအန္တရာယ်ကင်းရှင်းသောလုပ်ငန်းခွင်တွင် စထာပါနာဝန်ထမ်းများအားလုံး လုပ်ငန်းခွင်ပျော်ရွှင်မှု နှင့် စိတ်အေးသက်သာစွာ လုပ်ဆောင်နိုင်မှု ရှိစေရန် စထာပါနာသည် အမြဲအလေးထား ဆောင်ရွက်လျက် ရှိပါသည်။

QHRM Software မှရရှိသော အချက်အလက်အရဆိုလျှင် စထာပါနာဝန်ထမ်းများ ရုံးပျက်ကွက်မှု၏ ၂% မှ ၃ % သည် ဝန်ထမ်းကိုယ်တိုင်သော်လည်းကောင်း၊ မိသားစုဝင်တစ်ဦးဦးသော်လည်းကောင်း ဖျားနာခြင်း၊ ရုံးတက်ရန် ကောင်းမွန်လုံလောက်သော ကျန်းမာရေးအခြေအနေမရှိခြင်းကြောင့် ဖြစ်သည်ကို သိရှိရသဖြင့်၊  စထာပါနာလီမိတက်မြန်မာသည် ဝန်ထမ်းများ ကျန်းမာပျော်ရွှင်စွာ လုပ်ငန်းခွင်ဝင်နိုင်ရေးအတွက် ပိုးမွှားအန္တရာယ်ကင်းရှင်းသော လုပ်ငန်းခွင်တစ်ခု ဖန်တီး‌ပေးရန် ရည်ရွယ်၍ Airtumtec Myanmar နှင့် ပူးပေါင်း၍ ပိုးသတ်ဆေးဖြန်းခြင်း (Disinfection) လုပ်ငန်းစဥ်ကို ရန်ကုန်ရုံးချုပ်၌ ဒီဇင်ဘာလ၊ (၃) ရက်နေ့တွင် ဆောင်ရွက်ခဲ့ပါသည်။

Disinfection လုပ်ရာတွင်အသုံးပြုသော ပိုးသတ်ဆေးသည် Alcohol-based မဟုတ်ဘဲ Water-based သာဖြစ်သည့်အတွက် သဘာဝပတ်ဝန်းကျင်ကို ဘေးဥပဒ်မဖြစ်စေဘဲ သဟဇာတဖြစ်သည် (Eco-friendly) သာမက၊ ရက်ပေါင်း (၁၈၀) ထိ ပိုးမွှားကင်းစင်သောလုပ်ငန်းခွင်ဖြစ်အောင်ပါ ဆက်လက်ထိန်းသိမ်းကာကွယ် (Protection) ပေးထားသောကြောင့် ဤ Sustainable ဖြစ်တဲ့ ပိုးသတ်ဆေးဖြန်းခြင်းဖြင့် စထာပါနာသည် ဝန်ထမ်းများ၏ကျန်းမာရေးကို တတ်အားသရွေ့ ကူညီစောင့်ရှောက်လျက်ရှိပါသည်။

Share this post