ပြောင်းစိုက်တောင်သူများအတွက် ဖောငမြှောင်တောင်ပိုး အန္တရာယ် သတိပေးနှိုးဆော်ခြင်း

အပိုင်း (၁)

⚠️ ပြည်ပကျူးကျော်ဖျက်ပိုး ဖောငမြှောင်တောင်အန္တရာယ်

ဖောငမြှောင်တောင်ဟာ မြန်မာနိုင်ငံမှာ ၂၀၁၈ ခုနှစ်မှ စတင်ဝင်ရောက်လာတဲ့ ပြည်ပကျုးကျော်ဖျက်ပိုးပဲ ဖြစ်ပါတယ်။ ဖောငမြှောင်တောင်ကို အာဖရိကမှာ ၂၀၁၆ ခုနှစ်မှာ ဆိုးဆိုးရွားရွား ကျရောက်ခဲ့ပြီး ယခုအခါမှာ အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်၊ မြန်မာ၊ ထိုင်းနဲ့ တရုတ်တို့မှာပါတွေ့နေရပြီပဲ ဖြစ်ပါတယ်။

အင်္ဂလိပ်အမည် – Fall Armyworm (FAW)
မြန်မာအမည် – ဖောငမြှောင်တောင်
သိပ္ပံအမည် – Spodoptera frugiperda (J.E. Smith)

ဖောငမြှောင်တောင်ရဲ့ ပြင်ပရုပ်သွင်ပြင်လက္ခဏာများ

● လောက်ကောင်ရဲ့ ဦးခေါင်းမှာ အဖြူရောင်အင်္ဂလိပ်အက္ခရာ “Y” ပြောင်းပြန်ပုံသဏ္ဍာန်ပိုက်ကွန်ပုံစံ ရှိပါတယ်။
● ခန္ဓာကိုယ်ရဲ့အဆစ် (၈)ဆစ်မြောက်နေရာမှာ အနက်ရောင်အစက်(၄)စက်ဟာ ထင်ရှားပြီး စတုရန်းပုံ ရှိပါတယ်။
● ရုပ်ဖုံးဟာ တောက်ပတဲ့ အညိုရောင်ရှိပြီး အမြီးပိုင်းမှာ ဆူး (၁)စုံပါရှိပါတယ်။
● ဖောငမြှောင်တောင်အရွယ်ရောက်ကောင်ဟာ ပျံသန်းနိုင်စွမ်းအားကောင်းသောဖျက်ပိုး ဖြစ်ပါတယ်။ လက်ခံပင်ရှာဖွေရာမှာ တစ်ညတာအတွင်း (၆၀) မိုင် (ကီလိုမီတာ(၁၀၀)) အထိပင် ပျံသန်းနိုင်ပါတယ်။

ကျရောက်တဲ့သီးနှံ

ပြောင်းကိုအဓိကကျရောက်ဖျက်ဆီးပြီး၊ စပါး၊ ကြံ၊ ဂျုံ၊ ဝါနှင့် ဟင်းသီးဟင်းရွက်များစသော သီးနှံအမျိုးပေါင်း (၈၀) ကျော်ကိုလည်း ကျရောက်ဖျက်ဆီးနိုင်ပါတယ်။

ဖျက်ဆီးပုံလက္ခဏာများ

● ဖျက်ပိုးလောက်ကောင်ငယ်ကျရောက်ဖျက်ဆီးခံထားရပါက
○ အရွက်ပေါ်မှာ ခြစ်စားထားသောအရာများ၊ အပေါက်ငယ်လေးများကိုတွေ့ရပါမယ်။
● အရွယ်ရောက်လောက်ကောင်များကျရောက်ဖျက်ဆီးခံထားရပါက
○ အရွက်ပေါ်မှာ ရှည်မျောမျောအပေါက်များ တွေ့ရပါမယ်။
○ အရွက်များကို တစ်ဝက်လောက်ကိုက်ဖြတ်စားသောက်ထားတာ တွေ့ရပါမယ်။
○ အနှံထွက်ချိန်မှာ အနှံကြီးထွားမှုကို ထိခိုက်စေနိုင်ပါတယ်။
○ ပင်စည်ကိုဝိုင်းပြီးထွက်တဲ့ အရွက်တွေထဲမှာ စိုစွတ်ကာ အဝါညိုရောင် အညစ်အကြေးများ တွေ့ရပါမယ်။

အောက်ပါအချက်နှစ်ချက်ကြောင့် ဖောငမြှောင်တောင်ကာကွယ်နှိမ်နင်းရာမှာ ဖျက်ဆီးပုံလက္ခဏာပေါ်မူတည်ပြီး ကာကွယ်နှိမ်နင်းမှုပြုလုပ်ခြင်းက အရေးကြီးပါတယ်။
(၁) ပြောင်းပင်ပျက်စီးမှုကို ကြည့်ရှု့ပြီး ဖျက်ပိုးရဲ့အဆင့်ကို သိရှိပါမယ်။
(၂) ဖျက်ပိုးကျရောက်မှုအဆင့်ကို သိရှိပါက သင့်တော်တဲ့ကာကွယ် နှိမ်နင်းနည်းကို ရွေးချယ်နိုင်မှာပဲ ဖြစ်ပါတယ်။
ဖောငမြှောင်တောင်နဲ့ပတ်သက်တဲ့ အသေးစိတ်အချက်အလက်တွေကို သိရှိနိုင်ဖို့ ရွှေသီးနှံ အပ်ပလီ ကေးရှင်းကိုပေးထား တဲ့လင့်ခ် www.goldenpaddy.com.mm ကနေဒေါင်းလုဒ်ဆွဲရယူလိုက်ပါခင်ဗျာ။
ပြောင်းစိုက်တောင်သူများအတွက် ဖောငမြှောင်တောင်ပိုး အန္တရာယ် သတိပေးနှိုးဆော်ခြင်း

အပိုင်း (၂)

⚠️ ဖောငမြှောင်တောင်ကာကွယ်နှိမ်နင်းဖို့ ဘယ်လိုကင်းထောက်စစ်ဆေးရမလဲ

ဖောငမြှောင်တောင်ကျရောက်မှုကို စောစောသိရှိနိုင်ဖို့ အချိန်နဲ့တပြေးညီ ပုံမှန်ကင်းထောက်စစ်ဆေးပေးရပါမယ်။ အပင်စပေါက်သည့်အချိန်မှစပြီး ကင်းထောက်စစ်ဆေးပေးသင့်ပါတယ်။

ကင်းထောက်စစ်ဆေးခြင်း

● စိုက်ခင်းထဲကို (၁၆) ပေ ((၅) မီတာ) ခန့်အကွာအထိလမ်းလျှောက်ဝင်သွားပါ။
● စိုက်ခင်းအတွင်းဖက်ကို အင်္ဂလိပ်အက္ခရာ “W” ပုံစံ (၅)နေရာကို ကျပန်းယူပြီး ကင်ေးထာက် စစ်ဆေးရပါမယ်။
● ကင်းထောက်စစ်ဆေးဖို့သတ်မှတ်ထားတဲ့နေရာမှာ အပင်(၁၀)ပင် ဒါမှမဟုတ် အပင်(၂၀)ကို ဖောငမြှောင်တောင်ရှိမရှိနဲ့ ဖျက်ဆီးမှုလက္ခဏာတွေဖြစ်တဲ့ အပ်ပေါက်ပုံစံအပေါက်တွေ၊ ပြတင်းပေါက် ပုံစံအပေါက်နဲ့ လောက်ကောင်မစင်တွေရှိ၊မရှိကို ရှာဖွေစစ်ဆေးပြီး အပင်ဘယ်လောက်ဖျက်ဆီး ခံထားရသလဲဆိုတာကို သေချာစွာကြည့်ပါ။ ဖောငမြှောင်တောင် လောက်ကောင်များဟာ ပင်စည်ကို ဝိုင်းထွက်တဲ့ အရွက်လိပ်ထဲမှာ ဝင်နေတတ်တဲ့အတွက် သေချာစွာစစ်ဆေးပေးဖို့လိုပါတယ်။
● ဖျက်ဆီးခံရတဲ့အပင်အရေအတွက်ကို သေချာစွာမှတ်သားထားကာ နောက်တစ်နေရာပြောင်းပြီး စစ်ဆေးရပါမယ်။
● ကင်းထောက်စစ်ဆေးမဲ့နေရာ (၅) နေရာလုံး စစ်ဆေးပြီးပါက စုစုပေါင်း ဖျက်ဆီးမှုရာခိုင်နှုန်းကို တွက်ချက်ရပါမယ်။
● ဖျက်ဆီးမှုရာခိုင်နှုန်းတွက်ချက်ရာမှာ ဖျက်ပိုးကျရောက်မှုအပင်အရေအတွက်ကို စုစုပေါင်း စစ်ဆေးတဲ့ အပင်အရေအတွက်နဲ့ စားပြီး ၁၀၀ နဲ့မြှောက်ပေးရမှာဖြစ်ပါတယ်။
● ဖျက်ပိုးကျရောက်ဖျက်ဆီးမှုရာခိုင်နှုန်းကိုကြည့်ပြီး ဘယ်လိုကာကွယ်နှိမ်နင်းမှုတွေပြုလုပ်ရမလဲ သိရအောင် ရွှေသီးနှံအပ်ပလီကေးရှင်းရဲ့ ဖောငမြှောင်တောင်ဗဟုသုတကဏ္ဍမှာ ဝင်ရောက် ကြည့်ရှုလိုက်ပါ။

ဖောငမြှောင်တောင်နဲ့ပတ်သက်တဲ့ အသေးစိတ်အချက်အလက်တွေကို သိရှိနိုင်ဖို့ ရွှေသီးနှံအပ်ပလီကေးရှင်းကို ပေးထားတဲ့လင့်ခ် www.goldenpaddy.com.mm ကနေဒေါင်းလုဒ်ဆွဲရယူလိုက်ပါခင်ဗျာ။
ပြောင်းစိုက်တောင်သူများအတွက် ဖောငမြှောင်တောင်ပိုး အန္တရာယ် သတိပေးနှိုးဆော်ခြင်း

အပိုင်း (၃)

⚠️ ဖောငမြှောင်တောင်ကို ဘယ်လိုနှိမ်နင်းမလဲ

ဒီပို့စ်ထဲမှာ ဖောငမြှောင်တောင်ကို နှိမ်နင်းဖို့အတွက် စိုက်ပျိုးရေးဦးစီးဌာန၊ International Fertilizer Development Centre (IFDC) နဲ့ အခြားပိုးသတ်ဆေး ကုမ္ပဏီတွေရဲ့ ထောက်ခံအကြံပြုထားတဲ့ ဓာတုပိုးသတ်ဆေးစာရင်းတွေကို ဖော်ပြထားပါတယ်။
သင်တို့ရဲ့ဒေသအသီးသီးက စိုက်ပျိုးရေးပစ္စည်းအရောင်းဆိုင်အများစုကလည်း ဓာတုပိုးသတ်ဆေးတွေနဲ့ ပတ်သက်ပြီး စိုက်ပျိုးရေးဦးစီးဌာန၊ International Fertilizer Development Centre (IFDC) နဲ့ အခြားပိုးသတ်ဆေး ကုမ္ပဏီတွေရဲ့လေ့ကျင့်သင်ကြားမှုတွေကို ရရှိထားပြီးဖြစ်ပါတယ်။
ရွှေသီးနှံအပ်ပလီကေးရှင်းထဲမှာ လယ်ယာသုံးစိုက်ပျိုးရေးပစ္စည်းများကို ကြည့်ရှု့နိုင်ပါတယ်။ ဒါ့အပြင် ရှမ်းပြည်နယ်ရှိ ပိုးသတ်ဆေးနဲ့ ပတ်သက်ပြီးလေ့ကျင့်သင်ကြားပြီးသားဖြစ်တဲ့ စိုက်ပျိုးရေး ပစ္စည်းအရောင်းဆိုင်တွေရဲ့ စာရင်းကိုထည့်သွင်းထားပါတယ်။
ဒါကြောင့် စိုက်ပျိုးရေးပစ္စည်းအရောင်းဆိုင်နဲ့ ပတ်သက်တဲ့အချက်အလက်များကို သိရှိနိုင်ဖို့ အခုပေးထားတဲ့ လင့်ခ် www.goldenpaddy.com.mm မှတစ်ဆင့် ရွှေသီးနှံအပ်ပလီကေးရှင်းကို ဒေါင်းလုဒ်ဆွဲ ရယူနိုင်ပါတယ်။

အသုံးပြုနိုင်သောပိုးသတ်ဆေးများ

(၁) အပင်သက်တမ်း – အပင်ပေါက်မှ (၂) ပတ်သားအထိ
ကျရောက်မှုပမာဏ(%) – ထောက်ချောက်တွင် အရွယ်ရောက်ဖျက်ပိုး (၃) ကောင်တွေ့ရှိပါက
– တစ်ဧကတွင် ဖျက်ပိုး ၅ ရာခိုင်နှုန်း ကျရောက်နေပါက
အသုံးပြုနိုင်သောပိုးသတ်ဆေးများ
● B.t (ဘီတီ ဇီဝပိုးသတ်ဆေး)
● Neem (တမာပိုးသတ်ဆေး)
● Emamectin benzoate (အီမာမတ်တင် ဘန်ဇိုအိတ်)
● Chlorfenapyr 10 % SC (ကလိုဖန်နပါ ၁၀% အက်စ်စီ)
● Chlorantraniliprole (ကလိုရန်ထရန်နီလီပရိုး)

(၂) အပင်သက်တမ်း – (၂) ပတ်မှ (၄) ပတ်သားအထိ
ကျရောက်မှုပမာဏ(%) – တစ်ဧကတွင် ဖျက်ပိုး (၅ – ၁၀) ရာခိုင်နှုန်း ကျရောက်နေပါက
အသုံးပြုနိုင်သောပိုးသတ်ဆေးများ
● B.t (first spray) (ဘီတီ ဇီဝပိုးသတ်ဆေး) (ပထမအကြိမ်)
● (Second Spray pesticides listed) (ဒုတိယအကြိမ်မှာ အောက်ပါဆေးတစ်မျိုးမျိုးကို သုံးစွဲနိုင်ပါတယ်။)
● Emamectin benzoate (အီမာမတ်တင် ဘန်ဇိုအိတ်)
● Emamectin benzoate +lambda chyhalothrin (အီမာမတ်တင် ဘန်ဇိုအိတ် + လန်ဒါဆိုင်ဟေလိုသရင်)
● Chlorfenapyr 10 % SC (ကလိုဖန်နပါ ၁၀% အက်စ်စီ)
● Flubendiamide (ဖလူဘန်ဒိုင်ရာမိုက်)
● Chlorantraniliprole (ကလိုရန်ထရန်နီလီပရိုး)
● Indoxacarb (အင်ဒိုဇာကပ်)

(၃) အပင်သက်တမ်း – (၄) ပတ်မှ (၇) ပတ်သားအထိ
ကျရောက်မှုပမာဏ (%) – တစ်ဧကတွင် ဖျက်ပိုး (၁၀ – ၂၀) ရာခိုင်နှုန်း ကျရောက်နေပါက
အသုံးပြုနိုင်သောပိုးသတ်ဆေးများ
● Emamectin benzoate (အီမာမတ်တင် ဘန်ဇိုအိတ်)
● Emamectin benzoate +lambda-chyhalothrin (အီမာမတ်တင် ဘန်ဇိုအိတ် + လန်ဒါဆိုင်ဟေလိုသရင်)
● Flubendiamide (ဖလူဘန်ဒိုင်ရာမိုက်)
● Chlorfenapyr 10 % SC (ကလိုဖန်နပါ ၁၀% အက်စ်စီ)
● Chlorantraniliprole (ကလိုရန်ထရန်နီလီပရိုး)
● Indoxacarb (အင်ဒိုဇာကပ်)
● Thiodicarb (OP) (သိုင်အိုဒီကပ် အိုပီ)
(ပထမအကြိမ်မှာ အထက်ပါဆေးတစ်မျိုးမျိုးကို သုံးစွဲနိုင်ပါတယ်။)

(၄) အပင်သက်တမ်း – (၇) ပတ်မှ အနှံ ထွက်သည်အထိ
ကျရောက်မှုပမာဏ (%) – တစ်ဧကတွင် ဖျက်ပိုး ၂၀ ရာခိုင်နှုန်းနှင့်အထက် ကျရောက်နေပါက
အသုံးပြုနိုင်သောပိုးသတ်ဆေးများ
● Emamectin benzoate (အီမာမတ်တင် ဘန်ဇိုအိတ်)
● Emamectin benzoate +lambda-chyhalothrin (အီမာမတ်တင် ဘန်ဇိုအိတ် + လန်ဒါဆိုင်ဟေလိုသရင်)
● Flubendiamide (ဖလူဘန်ဒိုင်ရာမိုက်)
● Chlorfenapyr 10 % SC (ကလိုဖန်နပါ ၁၀% အက်စ်စီ)
● Chlorantraniliprole (ကလိုရန်ထရန်နီလီပရိုး)
● Indoxacarb (အင်ဒိုဇာကပ်)
● Thiodicarb(OP) (သိုင်အိုဒီကပ် အိုပီ)
(ပထမအကြိမ်မှာ အထက်ပါဆေးတစ်မျိုးမျိုးကို သုံးစွဲနိုင်ပါတယ်။ ဒုတိယအကြိမ်ဆေးဖြန်းရာမှာ ပထမအကြိမ် သုံးစွဲခဲ့သော ပိုးသတ်ဆေးနှင့် မတူညီသောအာနိသင်ရှိသည့် ပိုးသတ်ဆေးကို ရွေးချယ်အသုံးပြုပါ။)

(၅) အပင်သက်တမ်း – အနှံထွက်ချိန်မှ ရိတ်သိမ်းချိန်အထိ
ကျရောက်မှုပမာဏ (%) – တစ်ဧကတွင် ပြောင်းဖူး ၁၀ ရာခိုင်နှုန်း ဖျက်ဆီးခံရပါက
ပိုးသတ်ဆေးအသုံးမပြုတော့ပဲ ဖျက်ပိုးလောက်ကောင်များကို လက်ဖြင့်ကောက်ယူဖျက်ဆီးပစ်ပါ။

Share this post