မိုးရာသီသစ်ပင်စိုက်ပျိုးပွဲ – ၂၀၁၉

စထာပါနာလီမိတက်မြန်မာ၏ လူမှုအကျိုးပြုလုပ်ငန်းဆိုင်ရာမူဝါဒအရ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းစောင့်ရှောက်ခြင်း၊ ပြင်ဆင်မွမ်းမံခြင်းကို အထောက်အကူဖြစ်စေသော လှုပ်ရှားမှုများတွင် ပါဝင်ရန်ရည်ရွယ်၍ မိုးရာသီသစ်ပင်စိုက်ပွဲကို ဒိုက်ဦးမြို့နယ်၊ သစ်တောဦးစီးဌာန၏ ပူးပေါင်းဆောင်ရွက်မှု၊ ကြီးကြပ်လမ်းညွှန်မှုများဖြင့် ပဲခူးတိုင်းဒေသကြီး၊ ဒိုက်ဉီးမြို့နယ်၊ ကန်ကလေးရွာလမ်း၊ (ကန်ကလေးရွာ – မြောက်ချောကုန်းရွာကြားလမ်းမကြီး)၌ ကျင်းပခဲ့ပါသည်။
ကျွန်းသစ်၊ ပိတောက်၊ ခရေနှင့် တမာ၊ ပျိုးပင်ပေါင်း (၁၀၀၀) ကျော်ကို လမ်းမကြီး၏ဘေးတွင် တစ်ပင်နှင့်တစ်ပင်ကြား (၁၀) ပေစီခြား၍ ကန်ကလေးရွာနှင့် မြောက်ချောကုန်းရွာနှစ်ခု ဆက်သွားသည်အထိ စိုက်ခဲ့ကြပါသည်။

Share this post