မြင်သာမြို့ဦး ဘုန်းတော်ကြီးသင်ပညာရေးကျောင်းနှင့် လူငယ်ဖွံ့ဖြိုးရေးပရဟိတဂေဟာသို့ ကျောင်းဝတ်စုံနှင့် စာရေးကိရိယာများ လှူဒါန်းပွဲ

စီးပွားရေးလုပ်ကိုင်ရာ၌ လူမှုရေးဆိုင်ရာတာဝန်ယူမှုသည် စထာပါနာ၏ ရည်မှန်းချက်များထဲမှ အဓိကကျသော အစိတ်အပိုင်းတစ်ခု ဖြစ်ပါသည်။ စထာပါနာမှ လုပ်ကိုင်သော လူမှုအကျိုးပြုလုပ်ငန်းများအနက်၊ စထာပါနာ လုပ်ငန်းလုပ်ကိုင်ဆောင်ရွက်သော နယ်မြေဒေသများအတွင်း ပရဟိတလုပ်ငန်း လုပ်ကိုင်ဆောင်ရွက်မှုများ လည်း ပါဝင်ပါသည်။ စထာပါနာ၏ ပရဟိတလုပ်ငန်းများအနက်မှ တစ်ခုအဖြစ်၊ ရန်ကုန်မြို့၊ မြင်သာမြို့ဦး ဘုန်းတော်ကြီးသင်ပညာရေးကျောင်းနှင့် လူငယ်ဖွံ့ဖြိုးရေးပရဟိတဂေဟာသို့ ကျောင်းဝတ်စုံနှင့် စာရေးကိရိယာ များကို (၂၇.၁၁.၂၀၂၂) နေ့တွင် သွားရောက်လှူဒါန်းခဲ့ပါသည်။

 

 

 

Share this post