သဘာဝဘေးသင့်ပြည်သူများ၊ အထူးသဖြင့် အဘက်ဘက်မှအားနည်းသော ဘေးသင့်သူများကို ကူညီရခြင်းသည် လူမှုပတ်ဝန်းကျင်တွင် ကျင့်ဝတ်ပိုင်းအရတာဝန်ယူခြင်း ဖြစ်သည်။ စထာပါနာသည် ဆန်၊ အသင့်စားခေါက်ဆွဲခြောက်၊ ရေသန့်၊ ဆေးဝါးနှင့် အခြားလိုအပ်သည့် ပစ္စည်းများကို ရေဘေးဆိုးရွားစွာ ကြုံတွေ့ခဲ့ရသော မွန်ပြည်နယ်၊ ကျိူက်မရောမြို့နယ် – ရှင်စောပုရပ်ကွက်၊ ရန်မျိူးအောင်ရပ်ကွက်၊ ဦးလေးရွာနှင့် ကောကလေးရွာတို့ရှိ အိမ်ခြေ (၇၀၀) ကျော်ကို လှူဒါန်းခဲ့ပါသည်။ ထို့အပြင် ဆန်အိတ် (၅၀) ကိုလည်း ရေဘေးသင့်ဧရိယာများရှိ လိုအပ်သောပြည်သူများကို ပေးဝေနိုင်ရန် မွန်ပြည်နယ်အစိုးရအဖွဲ့သို့ လှူဒါန်းခဲ့ပါသည်။
