ရုံးခွဲစီမံခန့်ခွဲမှု အလုပ်ရုံဆွေး‌နွေးပွဲ ၂၀၂၄

ရုံးခွဲစီမံခန့်ခွဲမှု အလုပ်ရုံဆွေး‌နွေးပွဲ ၂၀၂၄။

စထာပါနာလီမိတက်သည် ရုံးခွဲစီမံခန့်ခွဲမှုအလုပ်ရုံဆွေးနွေးပွဲ (Branch Management Workshop) ကို မြန်မာနိုင်ငံအဝှမ်းရှိ ကုမ္ပဏီ၏ ဦးစီးဦးဆောင်အဖွဲ့များအားလုံး အတူတကွစုပေါင်း၍ ၂၀၂၄ ခုနှစ်၊ မတ်လ၊ ၂၃ ရက်နေ့တွင် Ngwe Saung Yacht Club & Resort ၌အောင်မြင်စွာ ကျင်းပခဲ့ပါသည်။ အလုပ်ရုံ‌ဆွေးနွေးပွဲသို့ အလုပ်အမှုဆောင် များ၊ ဌာနမှူးများ၊ ဒု-ဌာနမှူးများ၊ ပြည်နယ်/တိုင်းဒေသကြီးတာဝန်ခံများ၊ ယူနစ်မန်နေဂျာများနှင့် ရုံးခွဲတာဝန်ခံများ တက်ရောက်ခဲ့ကြပါသည်။ အလုပ်ရုံဆွေးနွေးပွဲကို မိန့်ခွန်းများပြောကြားခြင်း၊ ဆွေးနွေးဖလှယ်ခြင်းနှင့် စု‌ပေါင်း‌အောင်မြင်မှုများကို ဂုဏ်ပြုချီးမြှင့်သောဆုပေးအပ်ခြင်း တို့ဖြင့် ကျင်းပခဲ့သည့်အပြင် အနာဂတ်အတွက် လိုအပ်မည့် မဟာဗျူဟာများနှင့် အခြား ကြိုးပမ်းအားထုတ်ရမည့်အရာများကို ပြင်ဆင်နိုင်ရန်အတွက်လည်းဆွေးနွေးခဲ့ကြပါသည်။

ရှေးဦးစွာ စထာပါနာလီမိတက်၏ အမှုဆောင်အရာရှိချုပ် Mr. Sudeep Gupta မှ အဖွင့်အမှာစကားပြောကြားရင်း အခမ်းအနားတက်ရောက်လာကြသူများအားလုံးကို လှိုက်လှိုက် လှဲလှဲကြိုဆိုခဲ့ပြီး မိမိတို့အောင်မြင်ပြီးမြောက်ခဲ့သည်များကို ပြန်လည်ဆန်းစစ်သုံးသပ်ခြင်း၊ လက်ရှိရင်ဆိုင်နေရသော စိန်ခေါ်မှုများနှင့်ပတ်သက်ပြီး ဆွေးနွေးတင်ပြခြင်းနှင့် လာမည့်ဘဏ္ဍာ နှစ်အတွက် မဟာဗျူဟာနှင့် နည်းဗျူဟာချမှတ်ခြင်းများ ဆောင်ရွက်ရာတွင် ဤအလုပ်ရုံ ဆွေးနွေးပွဲ၏အရေးပါပုံကို မီးမောင်းထိုးပြခဲ့ပါသည်။ ထို့အပြင် ၂၀၂၄ ခုနှစ် ဘဏ္ဍာနှစ်တွင် စထာပါနာလီမိတက်၏ တိုးတက်အောင်မြင်မှုများမှတစ်ဆင့် နိုင်ငံတစ်ဝှမ်း၌ ကျယ်ပြန့်သော ဝန်ဆောင်မှုကွန်ရက်များ ပိုင်ဆိုင်ထားသော မြန်မာနိုင်ငံ၏အကြီးဆုံး အသေးစားငွေရေးကြေးရေး လုပ်ငန်းအဖြစ် တက်လှမ်းနိုင်ခဲ့ခြင်းကိုလည်း ထပ်လောင်း ပြောကြားခဲ့ပါသည်။

Mr. Gupta မှ ဝန်ထမ်းများ၏ စဉ်ဆက်မပြတ်ဆောင်ရွက်မှုများကို ချီးကျူးဂုဏ်ပြုခဲ့ပြီး စထာပါနာလီမိတက်၏ အောင်မြင်မှုများသည် ၄င်းတို့၏ ကျွမ်းကျင်ပိုင်နိုင်မှု၊ ကြံ့ကြံ့ခံနိုင်မှုနှင့် စထာပါနာလီမိတက်၏ အဓိကတန်ဖိုးများနှင့်အညီ ဆောင်ရွက်မှုတို့ကြောင့်သာ ရရှိနိုင်ခဲ့ခြင်း ဖြစ်ကြောင်း ဂုဏ်ယူစွာပြောကြားခဲ့ပါသည်။ စထာပါနာလီမိတက်သည် စွန့်ဦးတီထွင် လုပ်ငန်းများ ကို အားပေးမြှင့်တင်ပေးခြင်း၊ လူနေမှုအဆင့်အတန်းကို မြှင့်တင်ပေးခြင်းနှင့် ထိုက်တန်သော အလုပ်အကိုင်အခွင့်အလမ်းများ ထောက်ပံ့ပေးခြင်းတို့ဖြင့် အသင်းသားများနှင့် ဝန်ထမ်းများ၏ လူမှုဘဝများ‌ပေါ်တွင် ကြီးမားသောသက်ရောက်မှု ရှိကြောင်းကိုလည်း Mr. Gupta မှ အလေးအနက် ထား ပြောကြားခဲ့ပါသည်။

ရှေ့လျှောက်တွင်လည်း လက်ရှိအောင်မြင်မှုကိုဆက်လက်ထိန်းသိမ်းပြီး ထပ်မံ၍မြင့်မားသော ရည်မှန်းချက်များရယူနိုင်ဖို့အတွက် ကြိုးပမ်းအားထုတ်မှုများ၊ တီထွင်ဆန်းသစ်မှုများနှင့် ပူးပေါင်း ဆောင်ရွက်မှုများကို အခြေခံဆောင်ရွက်ကြရန် Mr. Gupta မှပြောကြားခဲ့ပါသည်။ ၄င်းအနေနှင့် အသင်းအဖွဲ့တစ်ခုလုံး အတူတကွဆောင်ရွက်ပါက ကြုံတွေ့ရသည့် စိန်ခေါ်မှုများကိုအောင်မြင်စွာ ဖြတ်ကျော်ပြီး ကုမ္ပဏီ၏ထမ်းရွက်မည့်တာဝန်နှင့် တန်ဖိုးများဆက်လက်ထိန်းသိမ်းခြင်းတို့ကို ကောင်းမွန်စွာ လုပ်ဆောင်နိုင်မည်ဟု ခိုင်မာစွာ ယုံကြည်ကြောင်းကိုလည်း ပြောကြားခဲ့ပါသည်။

အမှုဆောင်အရာရှိချုပ်မှ ဝန်ထမ်းများ၏ မမှိတ်မသုန်သောအားထုတ်မှုနှင့် ဤအလုပ်ရုံ ဆွေးနွေးပွဲဖြစ်မြောက်ရေးအတွက် စျေးကွက်ဌာနနှင့် စီမံဌာနတို့၏ ပူးပေါင်းစီစဉ်ဆောင်ရွက်မှုတို့ကို ကျေးဇူးတင်ရှိကြောင်း ပြောကြားခဲ့ပြီး ၄င်းအနေနှင့် တစ်ဦးနှင့်တစ်ဦး ပံ့ပိုးကူညီကြရင်း၊ အတူတကွအလုပ်ကြိုးစားကြရင်းဖြင့် ပိုမို၍ အောင်မြင်တိုးတက်သော ၂၀၂၄ ခုနှစ်ကို လျှောက်လှမ်းရန် အဖွဲ့သားအားလုံး၏ စွမ်းဆောင်နိုင်ရည်ကို ယုံကြည်ပါကြောင်း ထပ်လောင်းပြောကြားပြီး အခမ်းအနားကို ရုပ်သိမ်းခဲ့ပါသည်။

Share this post