ရုံးခွဲစီမံခန့်ခွဲသူများ အလုပ်ရုံအစည်းအဝေး (ကရင်ပြည်နယ်)

စထာပါနာလီမိတက်၏ ရုံးခွဲစီမံခန့်ခွဲသူများ အလုပ်ရုံအစည်းအဝေးကို ကရင်ပြည်နယ်၊ ဖားအံမြို့၊ သီရိဖားအံ ဟိုတယ်တွင် ၂၀၁၆ ခုနှစ်၊ နိုဝင်ဘာလ (၄) ရက်နေ့နှင့် (၅) ရက်နေ့တွင် ကျင်းပခဲ့ပြီး ဒါရိုက်တာနှင့် အမှုဆောင်ကော်မတီဝင်များ၊ စီမံခန့်ခွဲရေးအဖွဲ့ဝင်များ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်တာဝန်ခံများ၊ ရုံးခွဲတာဝန်ခံများမှ တက်ရောက်ပါဝင်ခဲ့ကြပါသည်။


ထိုအလုပ်ရုံအစည်းအဝေးတွင် ရုံးခွဲများ၏ အောင်မြင်မှု သာမက ကုမ္ပဏီ ၏ အောင်မြင်မှုကိုပါ ဝေမျှခဲ့ပြီးနောက် လုပ်ငန်းဆောင်ရွက်နေသော စီမံခန့်ခွဲသူများ၏ အဓိက စိန်ခေါ်မှုများနှင့် အခက်အခဲများကိုလည်း တင်ပြ ဆွေးနွေးခဲ့သဖြင့် လွန်စွာအကျိုးဖြစ်ထွန်းသော အစည်းအဝေး ဖြစ်ခဲ့ပါသည်။ နောက်ဆုံးတွင် ခေါင်းဆောင်မှု ပိုင်းဆိုင်ရာ အတွေးအခေါ်များ အချင်းချင်း ဝေမျှခြင်းဖြင့် အစည်းအဝေးပွဲကို ပိတ်သိမ်းခဲ့ပါသည်။


ယခုအစည်းအဝေးသို့ တက်ရောက်လာသူအရေအတွက်နှင့် မနှစ်က အရေအတွက်ကို နှိုင်းယှဉ်ကြည့်ပါက ကုမ္ပဏီ၏ အံသြလောက်ဖွယ် တိုးတက်ပြောင်းလဲမှုကို သိသာစွာ မြင်ရပါသည်။ ဤမျှသာမက တက်ရောက်လာ သူများထဲမှ အများစုသည် မြန်မာလူမျိုးများဖြစ်ပြီး စီမံခန့်ခွဲမှုအဆင့်၌ အရေးပါသော ရာထူးနေရာများကို တာဝန်ယူနေကြသူများ ဖြစ်ပါသည်။ စီးပွားရေး တိုးတက်ဖွံ့ဖြိုးမှုအတွက် လူသည် လုံးဝအရေးပါသော အရင်း အမြစ်ဖြစ်သည့်အလျောက် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးသည် စထာပါနာ၏ ပထမဦးစားပေး ရည်ရွယ်ချက် ဖြစ်ပါသည်။


အစည်းအဝေးတွင် အစီရင်ခံတင်ပြချက်အရ ၂၀၁၆ ခုနှစ်၊ မတ်လမှ စက်တင်ဘာလအထိ အသင်းသား အရေအတွက် (၁၀၂၆၁) မှ (၃၁၀၄၆) သို့၊ ချေးငွေလက်ကျန် ၃.၃ ဘီလီယံကျပ်မှ ၈.၂၅ ဘီလီယံကျပ်သို့၊ ရုံးခွဲပေါင်း (၄) ခုမှ (၈) ခုသို့၊ ဝန်ထမ်းဦးရေ (၉၁) ဦးမှ (၁၆၁) ဦးသို့ အစရှိသည်ဖြင့် အသီးသီး တိုးတက်လာသည်ကို တွေ့ရှိရပါသည်။ စထာပါနာလီမိတက်၊ မြန်မာသည် တိုင်းဒေသကြီး (၄) ခုနှင့် ခရိုင် (၅) ခုရှိ မြို့နယ်ပေါင်း (၂၄) ခု၊ ကျေးရွာအုပ်စုပေါင်း (၂၅၄) ခု နှင့် ကျေးရွာ/ရပ်ကွက်ပေါင်း (၇၂၂) ခုတွင် လုပ်ငန်းလည်ပတ်၍ ချေးငွေဝန်ဆောင်မှု ပေးလျက်ရှိပါသည်။ ယခု ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်တွင် လုပ်ငန်းလည်ပတ်မှု မရှိသေးသော တိုင်းဒေသကြီး (၃) ခု၌ ရုံးခွဲ (၃) ခု စတင်တည်ထောင်ရန် အစီအစဉ်ဆွဲပြီး ဖြစ်ပါသည်။

Share this post