ရုံးခွဲစီမံခန့်ခွဲသူများ အလုပ်ရုံ အစည်းအဝေး၊ ၂၀၁၉ ခုနှစ်

ရုံးခွဲစီမံခန့်ခွဲသူများ အလုပ်ရုံ အစည်းအဝေး၊ ၂၀၁၉ ခုနှစ်
၂၀၁၉ ခုနှစ်၊ ဖေဖော်ဝါရီလ၊ (၁၀) ရက်
အင်းလေးဒေသ၊ ရှမ်းပြည်နယ်


စထာပါနာလီမိတက်သည် ၂၀၁၉ ခုနှစ်အတွက် ရုံးခွဲစီမံခန့်ခွဲသူများ အလုပ်ရုံအစည်းအဝေးကို ရှမ်းပြည်နယ် တောင်ပိုင်း၊ အင်းလေးကန်၊ Pristine Lotus Spa Resort တွင် ဖေဖော်ဝါရီလ၊ (၁၀) ရက်နေ့၌ ကျင်းပခဲ့ပါသည်။ ထိုအလုပ်ရုံအစည်းအဝေးပွဲသို့ အမှုဆောင်ကော်မတီဝင်များ၊ ရုံးချုပ်နှင့် ရုံးခွဲများမှ စီမံခန့်ခွဲရေးအဖွဲ့ဝင်များ တက်ရောက်ခဲ့ကြပါသည်။


အလုပ်အမှုဆောင်အရာရှိချုပ်၊ Mr. Seang Serey မှ အဖွင့်အမှာစကားပြောကြား၍ အစည်းအဝေးကို ဖွင့်လှစ်ခဲ့ ပါသည်။ ၎င်း၏အဖွင့်အမှာစကားတွင် ဤအစည်းအဝေးသည် ဝန်ထမ်းများ အချင်းချင်းချိတ်ဆက်နိုင်ရန် အခွင့်အလမ်းကောင်းဖြစ်ခြင်း၊ ဖြတ်သန်းခဲ့သော အတိတ်မှ သင်ယူလေ့လာမှတ်သားခြင်း၊ လုပ်ငန်းအတွက် ပိုမိုကောင်းမွန်သင့်တော်သော အဖြေများရရှိရန် တုံ့ပြန်ချက်များအား နားထောင်ခြင်း၊ စသည်တို့ လုပ်ဆောင်ခြင်း ကြောင့် လွန်စွာအရေးကြီးကြောင်း ပြောကြားခဲ့ပါသည်။ တက်ရောက်သူများအချင်းချင်း တဦး၏ အောင်မြင်မှုကို တဦးမှ အပြန်အလှန် ချီးကျူးဂုဏ်ပြု ဝေမျှနိုင်ခွင့်လည်း ရရှိနိုင်ပါသည်။


မြန်မာနိုင်ငံသည် စီးပွားရေးလုပ်ဆောင်ရန် အာရှတွင်မှာသာမက၊ နိုင်ငံတကာတွင်ပါ ရင်းနှီးမြှုပ်နှံသူများ မျက်စိကျနေသော အလားအလာကောင်းများရှိသည့် နိုင်ငံများထဲမှ တခုဖြစ်သည့်အပြင် အသေးစားငွေကြေး ဝန်ဆောင်မှုလုပ်ငန်းသည်လည်း ရင်းနှီးမြှုပ်နှံသူများအတွက် အရေးပါသော စီးပွားရေးနယ်ပယ်တခုဖြစ်သည် ဟု Mr. Seang Serey မှ မှတ်ချက်ပေး ပြောကြားခဲ့ပါသည်။


စထာပါနာသည် အသေးစားငွေကြေးဝန်ဆောင်မှုလုပ်ငန်း – ၁၇၇ ခုထဲတွင် ဒုတိယအကြီးဆုံး အဖွဲ့အစည်း ဖြစ် ကြောင်း (၂) နှစ်အတွင်း ချေးငွေလက်ကျန်ပမာဏအားဖြင့် ဈေးကွက်ယှဉ်ပြိုင်မှု ပြင်းထန်သော မြန်မာနိုင်ငံတွင် သက်သေပြခဲ့ပြီး ဖြစ်သည်။ စထာပါနာသည် ပြည်နယ်နှင့်တိုင်းဒေသကြီး (၉) ခုတွင် ရုံးခွဲပေါင်း (၃၂) ရုံးဖြင့် လုပ်ငန်းလည်ပတ်လျက်ရှိပြီး ချေးငွေပမာဏ မြန်မာငွေကျပ် (၆၇) ဘီလီယံဖြင့် အသင်းဝင်ပေါင်း (၂၂၀,၀၀၀) ကျော်ကို ဘဏ္ဍာရေးဝန်ဆောင်မှု ပေးလျက်ရှိပါသည်။


ထို့အပြင် ဤအလုပ်ရုံဆွေးနွေးပွဲသည် အမှုဆောင်ကော်မတီဝင်များအတွက် နှစ်ဟောင်း၏ အောင်မြင်မှု မှတ်တမ်းများ ဝေမျှခွင့်ရရှိစေပါသည်။ ဤမျှသာမက အနာဂတ်တွင်လိုအပ်လာမည့် လုပ်ဆောင်ချက်များအား ကောင်းမွန်စွာ ကြိုတင်ပြင်ဆင်ထားနိုင်ရန် စီမံခန့်ခွဲရေးနှင့် ဝန်ထမ်းများအတွက် လာမည့် (၅) နှစ်တာကာလ မဟာဗျူဟာမြောက် အစီအစဉ်ကို တင်ပြမျှဝေနိုင်ခြင်းနှင့် တက်ရောက်လာသူများ၏ အလေးထားသည့် အချက်များနှင့် တောင်းဆိုချက်များကို လက်ခံနားထောင်နိုင်ခြင်း စသော အခွင့်ကောင်းများလည်း ရရှိစေ ပါသည်။


အလုပ်ရုံအစည်းအဝေးကို အလုပ်အမှုဆောင်အရာရှိချုပ်၏ အဖွင့်ပိတ်အမှာစကားဖြင့် ထိုနေ့မှာပင် ပိတ်သိမ်းခဲ့ပါသည်။ ထိုအစည်းအဝေးသည် လုပ်ငန်းနှင့်ပါဝင်ပတ်သက်သူများအားလုံး၊ အထူးသဖြင့် စထာပါနာလီမိတက်၏ စီမံခန့်ခွဲသူများနှင့် ဝန်ထမ်းများ၏ လိုအပ်ချက်များကို တုံ့ပြန်နိုင်ရန် သီအိုရီရော လက်တွေ့အားဖြင့်ပါ လွန်စွာအရေးကြီးကြောင်း CEO မှ မှတ်ချက်ပေးခဲ့ပါသည်။ လာမည့်နှစ်များတွင် အောင်မြင်မှုများ ပိုမိုရရှိရန် အသင်းအဖွဲ့အနေဖြင့် အလုပ်ပိုကြိုးစားရန်နှင့် စထာပါနာ၏ အနာဂတ်ရည်မှန်းချက်၊ ထမ်းရွက်မည့်တာဝန်များနှင့်အညီ ဈေးကွက်ဦးဆောင်သူ ဖြစ်လာရန်လည်း CEO မှ အားပေးတိုက်တွန်းခဲ့ ပါသည်။

Share this post