ရုံးခွဲသစ် ဖွင့်လှစ်ကြောင်း ကြေညာခြင်း

လူတိုင်းလက်လှမ်းမီသော ဘဏ္ဍာရေးဝန်ဆောင်မှုပေးခြင်းဖြင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ စထာပါနာ၏ လုပ်ငန်းဆောင်ရွက်လည်ပတ်ရန် နယ်မြေကို တိုးချဲ့လျက်ရှိပါသည်။ ထိုရည်ရွယ်ချက်ဖြင့် စထာပါနာသည် လှိုင်သာယာရုံးခွဲ၊ သုံးခွရုံးခွဲ၊ ရေဦးရုံးခွဲ၊ တပ်ကုန်းရုံးခွဲ၊ ကျောက်ပန်းတောင်းရုံးခွဲ၊ နှင့် မန္တလေး(၂) ရုံးခွဲ စသော ရုံးခွဲသစ် (၆)ခုကို ဖွင့်လှစ်လိုက်ကြောင်း ဝမ်းမြောက်ဂုဏ်ယူစွာ ကြေညာအပ်ပါသည်။
အောက်ပါရုံးခွဲလိပ်စာများကို ဆက်သွယ်၍ ကျွန်ုပ်တို့၏ ဘဏ္ဍာရေးဝန်ဆောင်မှုများအား ရယူနိုင်ပါသည်။

 

ကျောက်ပန်းတောင်းရုံးခွဲ
ကမ္မဝတီဈေးသစ်ထောင့်၊ သုဓမ္မစာရီလမ်း၊ သာယာအေး ရပ်ကွက်၊ ကျောက်ပန်းတောင်းမြို့နယ်၊ မန္တလေးတိုင်းဒေသကြီး။

မန္တလေး(၂)ရုံးခွဲ
အမှတ် (၃၄)၊ ၁၃၁ လမ်းနှင့် လမ်း ၆၀ ကြား၊ (ဓဓ-၉ဆ) ရပ်ကွက်၊ ပြည်ကြီးတံခွန်မြို့နယ်၊ မန္တလေးတိုင်းဒေသကြီး။

သုံးခွရုံးခွဲ
ဦးပိုင်အမှတ်(၇၇)၊ အကွက်အမှတ်(၃)၊ အမှတ် (၁၇၅)၊ အောင်ဇေယျလမ်း၊ (၉) ရပ်ကွက်၊ သုံးခွမြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီး။

ရေဦးရုံးခွဲ
အမှတ်(၅၂၀)၊ ရေဦး-ကလေးဝလမ်း၊ ဗိုလ်အောင်ဇေယျရပ်ကွက်၊ ရေဦးမြို့နယ်၊ စစ်ကိုင်းတိုင်းဒေသကြီး။

လှိုင်သာယာရုံးခွဲ
အမှတ် (၅၁၄)၊ အနော်ရထာလမ်း၊ (၁၁) ရပ်ကွက်၊ လှိုင်သာယာမြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီး။ (ဈေးလေးမှတ်တိုင်)

တပ်ကုန်းရုံးခွဲ
အိမ်အမှတ်(၂)၊ ပိတောက်လမ်း၊ မြဝတီရပ်ကွက်၊ တပ်ကုန်းမြို့နယ်၊ နေပြည်တော်။

Share this post