ရုံးခွဲသစ် ဖွင့်လှစ်ကြောင်း ကြေညာခြင်း

လူတိုင်းလက်လှမ်းမီသော ဘဏ္ဍာရေးဝန်ဆောင်မှုပေးခြင်းဖြင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ စထာပါနာ၏ လုပ်ငန်းဆောင်ရွက်လည်ပတ်ရန် နယ်မြေကို တိုးချဲ့လျက်ရှိပါသည်။ ထိုရည်ရွယ်ချက်ဖြင့် စထာပါနာသည် ချောက်ရုံးခွဲ၊ ရွှေဘိုရုံးခွဲ စသော ရုံးခွဲသစ် (၂)ခုကို ဖွင့်လှစ်လိုက်ကြောင်း ဝမ်းမြောက်ဂုဏ်ယူစွာ ကြေညာအပ်ပါသည်။
အောက်ပါရုံးခွဲလိပ်စာများကို ဆက်သွယ်၍ ကျွန်ုပ်တို့၏ ဘဏ္ဍာရေးဝန်ဆောင်မှုများအား ရယူနိုင်ပါသည်။

အမှတ် (၉၉)၊ မင်းတုန်းလမ်းသွယ်နှင့် ဗန္ဓုလလမ်းမ၊ အမှတ် (၈) ရပ်ကွက်၊ (ကွက်သစ်အနောက်ရပ်)၊ ချောက်မြို့နယ်၊ မကွေးတိုင်းဒေသကြီး။

အမှတ် (၆၄၀)၊ ရွှေဘို-မြစ်ကြီးနားလမ်းမကြီးဘေး၊ သူဇာကွက်သစ်၊ အမှတ် (၁၀) ရပ်ကွက်၊ ရွှေဘိုမြို့နယ်၊ စစ်ကိုင်းတိုင်းဒေသကြီး။

Share this post