ရေဘေးသင့်ပြည်သူ (၃၃၀) သို့ လှူဒါန်းခြင်း

စထာပါနာ၏ ဒုတိယမြောက်အလှူအဖြစ် ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့နယ်၊ (၉) ရပ်ကွက်နှင့် (၁၀) ရပ်ကွက်ရှိ ရေဘေးသင့်ပြည်သူများကို ၂၀၁၆ ခုနှစ်၊ စက်တင်ဘာလ၊ ၃ ရက်နေ့တွင် ဆန်အိတ်နှင့် ရေသန့် (၃၃၀)စီ လှူဒါန်းခဲ့ပါသည်။ ထိုလှူဒါန်းသည့် အခမ်းအနားကို ငွေရေးကြေးရေးကြီးကြပ်စစ်ဆေးရေးဦးစီးဌာန၏ တိုင်းဒေသကြီးအမှုဆောင်အရာရှိ၊ ဒေသန္တရအုပ်ချုပ်ရေးအဖွဲ့များ၊ ရုံးခွဲရှိ အုပ်ချုပ်ရေးတာဝန်ရှိသူများနှင့် ဝန်ထမ်းများ တက်ရောက်ပါဝင်ခဲ့ပါသည်။

Share this post