ရှမ်းပြည်နယ်၊ စိုက်ပျိုးစီးပွားလုပ်ငန်းရှင်လူငယ်များနှင့် ဘဏ္ဍာရေးအဖွဲ့အစည်းများ တွေ့ဆုံနှီး‌နှောဖလှယ်ပွဲ

၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ၊ (၁၂) ရက်။
တောင်ကြီးမြို့။

စထာပါနာလီမိတက်သည် ရှမ်းပြည်နယ်၊ တောင်ကြီးမြို့၊ ထိန်သာဟိုတယ်၌ ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ၊ (၁၂) ရက်နေ့တွင် ကျင်းပခဲ့သော “Advancing Finance for Agribusinesses – Networking Event” (နှီးနှောဖလှယ်ပွဲ) သို့ ပူးပေါင်းပါဝင်ခဲ့ပါသည်။

ရှမ်းပြည်နယ်အတွင်းရှိ စွန့်ဦးတီထွင်စိုက်ပျိုးရေးလုပ်ငန်းရှင်လူငယ်များအတွက် ချေးငွေ၊ မတည်ရင်းနှီးငွေနှင့် ထောက်ပံ့ပေးအပ်ငွေဆိုင်ရာ အခွင့်အလမ်းကောင်းများအား လက်လှမ်းမီရရှိနိုင်စေရန် ရည်ရွယ်၍ ၎င်းတို့နှင့် ဘဏ္ဍာရေးအဖွဲ့အစည်းများကြား ပေါင်းကူးတံတားတစ်ခုအဖြစ် ဤပွဲကို Impact Hub Yangon နှင့် စိုက်ပျိုးရေးနှင့် အစားအစာထုတ်ကုန်စနစ်ဖွံ့ဖြိုးမှုစီမံကိန်း [USAID Agriculture and Food-Systems Development Activity (AFDA)] တို့ အတူတကွပူးပေါင်း၍ စီစဉ်ကျင်းပပေးခဲ့ခြင်းဖြစ်ပါသည်။

ဤပွဲသို့ AFDA မှ ကိုယ်စားလှယ်များ၊ ဘဏ်နှင့် အသေးစားငွေရေးကြေးရေးအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ၊ ရှမ်းပြည်နယ်မှ စိုက်ပျိုးရေးဆိုင်ရာအသင်းအဖွဲ့များ၊ စိုက်ပျိုးရေးလုပ်ငန်းရှင်များနှင့် “Youth Entrepreneurship Program” မှ စွန့်ဦးတီထွင်စိုက်ပျိုးရေးလုပ်ငန်းရှင်လူငယ်များ တက်ရောက်ပါဝင်ခဲ့ကြပါသည်။

ယခု “Networking Event” တွင် ပုဂ္ဂလိကဘဏ်များ၊ အသေးစားငွေရေးကြေးရေးအဖွဲ့အစည်းများ၊ စိုက်ပျိုးရေးအဖွဲ့အစည်းများနှင့် အတွေ့အကြုံရင့်ကျက်သော စီးပွားရေးလုပ်ငန်းရှင်များ ဦးဆောင်ပါဝင်ဆွေးနွေးသည့် Panel Discussion အစီအစဉ်၊ စထာပါနာ၏ ဘဏ္ဍာရေးနှင့်ငွေကြေးဝန်ဆောင်မှုအကြောင်းကို ရှင်းလင်းတင်ပြခြင်းအစီအစဉ်၊ Speakers များနှင့် တက်ရောက်လာသော ဧည့်ပရိတ်သတ်များအကြားမှ တက်ကြွစိတ်ဝင်စားဖွယ်ရာ အမေးအဖြေကဏ္ဏ၊ စိုက်ပျိုးရေးလုပ်ငန်းနှင့် ဘဏ္ဍာရေးအဖွဲ့အစည်းများမှ ၎င်းတို့၏ ထုတ်ကုန်နှင့်ဝန်ဆောင်မှုများကို ပြသသော Product Showcase များနှင့် Networking Session စသည့် ကောင်းမွန်သော အကျိုးသက်ရောက်မှု ရှိပြီး စိတ်ဝင်စားဖွယ်ကောင်းသော အစီအစဉ်များစွာပါဝင်ပါသည်။

စထာပါနာလီမိတက်၊ တောင်ကြီးရုံးခွဲသည် ဤပွဲတွင် ပူးပေါင်းပါဝင်ဆောင်ရွက်ခဲ့ပြီး ရှမ်းပြည်နယ်ဆိုင်ရာတာဝန်ခံ ၊ ပြည်နယ်မန်နေဂျာ ဦးခင်မောင်သူမှလည်း စထာပါနာလီမိတက် အကြောင်းနှင့် စထာပါနာ၏ ဘဏ္ဍာရေးနှင့်ငွေကြေးဝန်ဆောင်မှုလုပ်ငန်းများကို ရှင်းလင်းတင်ပြခဲ့ပါသည်။

 

 

 

 

 

Share this post