လိုဂိုအမှတ်တံဆိပ်အသစ်ပြောင်းလဲကြောင်း ကြေညာခြင်း

စထာပါနာလီမိတက်၏ အလုပ်အမှုဆောင်အရာရှိချုပ် – Mr. Seang Serey သည် ဝန်ထမ်းများနှင့်အတူ စထာပါနာ၏ လန်းဆန်းသော အသွင်သစ်ကို ဝေမျှပုံဖော်ခဲ့ပါသည်။ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနှင့်၊ သဘာဝ ပတ်ဝန်းကျင်နှင့် လူမှုကဏ္ဍ ရေရှည်တည်တံ့ခိုင်မြဲမှုကို ဖြစ်ပေါ်စေလျက် ဆန်းသစ်သော ဘဏ္ဍာရေး ထုတ်ကုန် များ၊ ဝန်ဆောင်မှုများဖြင့် မြန်မာနိုင်ငံအနှံ့ရှိ အသင်းသားများအား ပိုမိုကောင်းမွန်စွာ ဝန်ဆောင်မှုပေးရန် ကတိ ကဝတ် ပြုထားကြပါသည်။

၁။ စထာပါနာလီမိတက် ဖြစ်ပေါ်လာပုံ။
စထာပါနာလီမိတက်ကို MARUHAN Investment Asia Pte, Ltd. မှ မတည်ရင်းနှီးငွေ အမေရိကန်ဒေါ်လာ (၁၅) သန်းဖြင့် ၂၀၁၅ ခုနှစ်တွင် စတင်တည်ထောင်ခဲ့ပါသည်။ မြန်မာနိုင်ငံတွင် အသေးစားငွေရေးကြေးရေး လုပ်ငန်း လုပ်ကိုင်ခွင့် အမြဲတမ်းလိုင်စင်ကို ငွေရေးကြေးရေးကြီးကြပ်စစ်ဆေးရေးဦးစီးဌာနမှ ၂၀၁၆ ခုနှစ်၊ ဇူလိုင်လတွင် ရရှိခဲ့ပါသည်။ စထာပါနာသည် ကျေးလက်နှင့် မြို့ပြ နှစ်ရပ်လုံးတွင် နေထိုင်သော မြန်မာလူမျိုးများကို ချေးငွေနှင့် စုငွေ စသော ဘဏ္ဍာရေးဝန်ဆောင်မှုများ ပေးလျက်ရှိပါသည်။ လုပ်ငန်းလည်ပတ်ပြီး နှစ်နှစ်ခွဲအကြာတွင် တိုင်းဒေသကြီး (၇) ခုရှိ၊ ရုံးခွဲ (၁၇) ရုံးမှ အသင်းသား (၁၅၀,၀၀၀) ကို ဝန်ဆောင်မှုပေးလျက်ရှိကာ ချေးငွေလက်ကျန်အားဖြင့် တိုင်းတာလျှင် မြန်မာနိုင်ငံ၌ ဒုတိယမြောက် အကြီးဆုံး အသေးစားငွေရေးကြေးရေး ဝန်ဆောင်မှုလုပ်ငန်းအဖြစ် ရောက်ရှိခဲ့ပါသည်။

၂။ စထာပါနာ၏အမှတ်တံဆိပ်အသစ် ပြောင်းလဲရခြင်းအကြောင်းနှင့် ပြောင်းလဲရခြင်း၏ အနက်အဓိပ္ပာယ်။
နည်းပညာ၊ စားသုံးဝယ်ယူသူများ၏ အမြင်၊ ငွေပေးချေမှုစနစ်နှင့် ရောင်းဝယ်ဖောက်ကားမှုပုံစံ အစရှိသည်တို့ အပါအဝင် ကမ္ဘာကြီးသည် လျင်မြန်စွာတိုးတက်ပြောင်းလဲနေပေသည်။ ယနေ့ခေတ်တွင် စားသုံးဝယ်ယူသူများ နှင့် ချိတ်ဆက်ခြင်းသည် အဓိကကျပြီး ဘဏ္ဍာရေးကဏ္ဍသည်လည်း ၎င်းတို့ဘဝတွင် လုပ်ငန်းဆောင်တာများကို လက်တွေ့ကျကျ အကောင်အထည်ဖော် လုပ်ဆောင်နိုင်ရန် အလွန်အရေးကြီးပါသည်။ ထိုအချက်ကြောင့် စထာပါနာလီမိတက်သည် အသင်းသားများအတွက် ချေးငွေနှင့် စုငွေများကို ဆန်းသစ်တီထွင်လျက် ရှိပါသည်။ ကျွန်ုပ်တို့၏ ဘဏ္ဍာရေးထုတ်ကုန်နှင့် ဝန်ဆောင်မှုများကို ရိုးရှင်းမှု၊ ချိတ်ဆက်မှု၊ ကြံ့ခိုင်မှု၊ ဖွံ့ဖြိုးတိုးတက်မှု၊ ယုံကြည်အားထားရမှု၊ ပွင့်လင်းမြင်သာမှု၊ ခေတ်မီမှုနှင့် ဆန်းသစ်တီထွင်မှု အစရှိသည့် အဓိကကျသောအချက်များကို ထင်ဟပ်စေသော အမှတ်တံဆိပ်သို့ ပြောင်းလဲရန် အချိန်သို့ ကျရောက်လာပြီဟု ယူဆသောကြောင့် စထာပါနာအမှတ်တံဆိပ်အသစ်ကို ပြောင်းလဲရခြင်း ဖြစ်ပါသည်။

၃။ အများပြည်သူနှင့် အသင်းသားများအား ပြောကြားလိုသော စထာပါနာအမှတ်တံဆိပ်အသစ်၏ အနက်အဓိပ္ပာယ်။
ပထမဦးဆုံးအနေဖြင့် ကျွန်ုပ်တို့၏ ကုမ္ပဏီသည် ဖွံ့ဖြိုးတိုးတက်နေသည်ဆိုတာကို အများပြည်သူများအား သိစေအပ်ပါသည်။ ကျွန်ုပ်တို့၏ ဝန်ဆောင်မှုများကို ရယူထားချိန်တွင် စထာပါနာ၏ ယုံကြည်အားထားရမှု၊ လွယ်ကူချောမွေ့မှုနှင့် လုံခြုံစိတ်ချရမှုတို့ကို အသင်းသားများ တွေ့ကြုံသိရှိရမည်ဖြစ်ပြီး တပြိုင်တည်းတွင်လည်း ကျွန်ုပ်တို့ဘက်မှ ဝန်ဆောင်မှုများကို တီထွင်ဆန်းသစ်၊ မြှင့်တင်လျက် ရှိပါသည်။ အသေးစိတ် ပြောင်းလဲထားသော အမှတ်တံဆိပ်သစ်၏ ရည်ရွယ်ချက်သည် ကျွန်ုပ်တို့၏ အမွေအနှစ်ကို ထိန်းသိမ်းရင်း ရိုးရှင်းမှု၊ ချိတ်ဆက်မှု၊ ပွင့်လင်းမြင်သာမှုနှင့် ခေတ်မီမှုကို ဖော်ဆောင်ရန် ဖြစ်ပါသည်။ စထာပါနာ အမှတ်တံဆိပ်အသစ်၏ ကိုယ်ပိုင် လက္ခဏာကို ကမ္ဘာ၏ မည်သည့်နေရာသို့ ရောက်နေသည်ဖြစ်စေ ထင်ထင်ရှားရှား မှတ်မိနိုင်ပြီး စထာပါနာ၏ ဝန်ဆောင်မှုရယူသည့် အချိန်တိုင်း အများနှင့်မတူသော အသွင်နှင့် ခံစားမှု ရရှိစေရန် ဖန်တီးပေးချင်ပါသည်။ အမှတ်တံဆိပ်အသစ်သည် ကျွန်ုပ်တို့ စထာပါနာ၏ ရှယ်ယာရှင်များ နေထိုင်သော ဂျပန်နိုင်ငံ၏ အသိအမှတ်ပြု သင်္ကေတဖြစ်သည့် ဖူဂျီတောင်ကိုလည်းကောင်း၊ ကြံ့ခိုင်မှုနှင့် သဟဇာတဖြစ်မှု၏ အရင်းအမြစ် အဖြစ်လည်းကောင်း ကိုယ်စားပြုပါသည်။ အမှတ်တံဆိပ်အသစ်၏ ဆဌဂံအနားဝန်းသည် တန်ဖိုးရှိသောလူ၊ အရာဝတ္ထုပစ္စည်းများကို အကောင်းဆုံးသိုမှီးတတ်သော သဘောသဘာဝရှိသည့် ပျားအုံ၏ ပျားသလပ် တည်ဆောက်ပုံကို ကိုယ်စားပြုပါသည်။ ဆဌဂံပုံ ပျားသလပ်များ တခုနှင့်တခု ချိတ်ဆက်၍ ပျားအုံ ဖြစ်လာသကဲ့ သို့ ကုမ္ပဏီ၏ ရုံးချုပ်၊ ရုံးခွဲ ကွန်ယက်တလျှောက် ချိတ်ဆက်၍ အသင်းဝင်များအား ဝန်ဆောင်မှုပေးရာတွင် စွမ်းရည်ဖြန့်ကျက်လျက် ၎င်း၏ကြံ့ခိုင်မှုကို အားဖြည့်ထားပါသည်။ အမှတ်တံဆိပ်အသစ်ကို သုံးဘက်မြင် ရှုထောင့် မှ ကြည့်လျှင်လည်း ငွေများကို လုံခြုံစွာသိမ်းဆည်းထားသော မီးခံသေတ္တာ (သို့) အလုံတိုက်ခန်းကို ကိုယ်စားပြုပါသည်။ ထို့အပြင် (၅) မျိုးသော အပြာရောင်သည် ကမ္ဘောဒီးယားနိုင်ငံရှိ စထာပါနာလီမိတက် ရုံးချုပ်အဆောက်အဦးပေါ်ကို ကောင်းကင်ပြာ၏ ရောင်ပြန်ဟပ်ခြင်းကို ကိုယ်စားပြု၍ ခေတ်မီခြင်း၊ တိုးတက်ခြင်း အဓိပ္ပာယ်ကို ဖော်ညွှန်းပါသည်။

၄။ ယခုနှစ်၏ အံ့သြဖွယ်ကောင်းသော အောင်မြင်မှု။
ယခုနှစ်၏ အံ့သြဖွယ်ကောင်းသော အောင်မြင်မှု (၃) ခုကို ဂုဏ်ယူဝမ်းမြောက်စွာ ကြေငြာအပ်ပါသည်။ ပထမဦးဆုံး အနေဖြင့် ကျွန်ုပ်တို့သည် လုပ်ငန်းစတင်လည်ပတ်ပြီး နှစ်နှစ်ခွဲ ကြာသောအခါ ချေးငွေလက်ကျန် အားဖြင့် တိုင်းတာလျင် မြန်မာနိုင်ငံအတွင်းရှိ အသေးစားငွေရေးကြေးရေးလုပ်ငန်းများထဲတွင် ဒုတိယအကြီးဆုံး အဖွဲ့အစည်း ဖြစ်လာခဲ့ပါသည်။ ဒုတိယ အောင်မြင်မှုအနေဖြင့် တိုင်းဒေသကြီး (၇) ခုရှိ၊ ရုံးခွဲပေါင်း (၁၇) ခုမှ၊ အသင်းသားပေါင်း (၁၅၀,၀၀၀) ကို ဘဏ္ဍာရေးထုတ်ကုန်နှင့် ဝန်ဆောင်မှုများ ပေးအပ်ခြင်းဖြင့် ရေရှည်တည်တံ့ သော ဖွံ့ဖြိုးတိုးတက်မှုနှင့်အတူ အမြတ်ငွေရရှိခဲ့ခြင်း ဖြစ်ပါသည်။ နောက်ဆုံးအောင်မြင်မှုအနေဖြင့် ဖော်ပြလို သည်မှာ ကျွန်ုပ်တို့၏ တစ်စတစ်စ ပြောင်းလဲတိုးတက်မှုနှင့် ဖန်တီးတီထွင်မှုကို ပြသရန် စထာပါနာအမှတ် တံဆိပ်အသစ်အား ပြောင်းလဲလိုက်ကြောင်း ကို ကြေညာလိုက်ခြင်း ဖြစ်ပါသည်။

၅။ ဈေးကွက်အစိတ်အပိုင်း။
ကျွန်ုပ်တို့ စထာပါနာ၏ ဘဏ္ဍာရေးဝန်ဆောင်မှုပေးမည်ဟု ရွေးချယ်ထားသော ဈေးကွက်အစိတ်အပိုင်းများသည် ကျေးလက်နှင့် မြို့ပြရှိ ငွေကြေးအရင်းအနှီး လုံးဝမပြည့်စုံသော စွန့်ဦးတီထွင်လုပ်ငန်းရှင်များနှင့် ငွေကြေး အရင်းအနှီး မလုံလောက်သော စွန့်ဦးတီထွင်လုပ်ငန်းရှင်များ ဖြစ်ပါသည်။ ငွေကြေးအရင်းအနှီး လုံးဝမပြည့်စုံ သော စွန့်ဦးတီထွင်လုပ်ငန်းရှင်များအတွက် ၎င်းတို့၏ လုပ်ငန်းချဲ့ထွင်ခြင်းနှင့် ဝင်ငွေရရှိစေသော အခြားလုပ်ငန်း များ လုပ်ကိုင်ခြင်းကို ဘဏ္ဍာငွေအရင်းအနှီး ထောက်ပံ့ပေးသော ဝိုင်းကြီးချုပ်ချေးငွေ ဝန်ဆောင်မှုပေးရန် ရည်ရွယ်ပါသည်။ ငွေကြေးအရင်းအနှီး မလုံလောက်သော စွန့်ဦးတီထွင်လုပ်ငန်းရှင်များအတွက် ၎င်းတို့၏ အသေးစားစီးပွားရေးလုပ်ငန်းများ ချဲ့ထွင်ခြင်းနှင့် လုပ်ငန်းအသစ် တိုးချဲ့လုပ်ကိုင်ခြင်းကို ဘဏ္ဍာငွေအရင်းအနှီး ထောက်ပံ့ပေးသော တစ်ဦးချင်းချေးငွေ ဝန်ဆောင်မှုပေးရန် ရည်ရွယ်ပါသည်။ စထာပါနာလီမိတက်သည် စွန့်ဦးတီထွင်ခြင်းလုပ်ငန်းဆိုင်ရာ အယူအဆကို အသုံးချ၍ ငွေကြေးအရင်းအနှီး လုံးဝမပြည့်စုံသော စွန့်ဦး တီထွင်လုပ်ငန်းရှင်များ ကို ဝိုင်းကြီးချုပ်ချေးငွေ အသင်းသားအဖြစ် ပထမဦးစွာ ရွေးချယ်၍၊ တစ်ဦးချင်းချေးငွေ ရယူရန်အတွက် လိုအပ်ချက်ပြည့်မီသောအခါ (၎င်းတို့၏ ဝင်ငွေရရှိနေသော လုပ်ငန်းဆောင်ရွက်ချက်များကို ဝင်ငွေလမ်းကြောင်းမှတ်တမ်းနှင့် အမြတ်အစွန်းရှိသော အသေးစားစီးပွားရေး လုပ်ငန်းများအဖြစ် ပြောင်းလဲနိုင် သောအခါ) တစ်ဦးချင်းချေးငွေ ဝန်ဆောင်မှုကို ပေးပါသည်။ စထာပါနာသည် မိမိတို့၏ အသင်းသားကောင်းများ အခြားပြိုင်ဘက် ဝန်ဆောင်မှုလုပ်ငန်းများသို့ မရောက်သွားစေရန် ထိန်းသိမ်းခြင်းနှင့် လျင်မြန်၍ ရေရှည်တည်တံ့ သောနည်းအားဖြင့် စွန့်ဦးတီထွင်လုပ်ငန်းရှင်အရေအတွက် များလာစေရန် ကတိကဝတ် ပြုထားပါသည်။

၆။ အထက်တွင် ဖော်ပြထားသည့်အတိုင်း စထာပါနာသည် ချေးငွေလက်ကျန်အားဖြင့် မြန်မာနိုင်ငံတွင် ဒုတိယ အကြီးဆုံး အသေးစားငွေကြေးအဖွဲ့အစည်း ဖြစ်သည့်အလျောက် အသင်းသားများအတွက် ပွင့်လင်းမြင်သာ သော၊ လုံခြုံစိတ်ချရသော၊ ယုံကြည်အားထားရသော အဖွဲ့အစည်းအဖြစ် ကျွန်ုပ်တို့၏ ကတိကဝတ်။
ကျွန်ုပ်တို့၏ အစုရှယ်ရာရှင်များ၊ စီမံခန့်ခွဲသူများနှင့် ဝန်ထမ်းများသည် မြန်မာမှာတင်မက အာရှအသိုင်းအဝန်းတွင်ပါ ကျေးလက်နှင့် မြို့ပြ နှစ်နေရာလုံးတွင် ဝင်ငွေအခွင့်အလမ်းနည်းပါးသူများအတွက် စွန့်ဦးတီထွင်လုပ်ငန်းများ တည်ထောင်ရာတွင် ဦးဆောင်ဘဏ္ဍာရေးအဖွဲ့အစည်းဖြစ်လာရန် ကတိကဝတ် ပြုထားကြပါသည်။ မြန်မာနိုင်ငံတွင် ထိပ်ဆုံးကဦးဆောင်သော ငွေကြေးအဖွဲ့အစည်းဖြစ်ရန် ပွင့်လင်းမြင်သာသော အဖွဲ့အစည်း၊ မျှတမှုနှင့် Corporate Governance ကို တည်ဆောက်ရန် လိုအပ်ပါသည်။ ရေရှည်ထားရှိသော ကတိကဝတ် ဖြစ်သော်လည်း မြန်မာနိုင်ငံ၏ စီးပွားရေးနှင့် မြန်မာလူမျိုးများပေါ်တွင် ကြီးမားသော သက်ရောက်မှုကောင်းများ ရရှိရန်အတွက် လိုအပ်သော ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်ရန် တုံ့ဆိုင်းနေမည် မဟုတ်ပါ။ ထိုကတိကဝတ် အကောင်အထည်ပေါ်လာရန် လိုအပ်သောအထောက်အပံ့ ပေးနိုင်ရန်အတွက် လုပ်ငန်းလည်ပတ်ဆောင်ရွက် နေသော နယ်မြေများကို တိုင်းဒေသကြီး (၂) ခု၌၊ ရုံးခွဲ (၁၅) ခု ထပ်မံတိုးချဲ့ရန် ပြင်ဆင်ပြီး ဖြစ်ပါသည်။ ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်တွင် ရုံးခွဲပေါင်း (၃၂) ခုထိ ရှိလာမည်ဖြစ်သည့်အတွက် အသင်းသားများသည် ငွေကြေး ဝန်ဆောင်မှုများကို ပိုမို အဆင်ပြေစွာ၊ ပိုမိုလျင်မြန်စွာ လက်လှမ်းမီလာမည် ဖြစ်ပါသည်။

၇။ မြန်မာနိုင်ငံအတွင်းရှိ ဘဏ္ဍာရေးအဖွဲ့အစည်းများအကြောင်း။
မြန်မာနိုင်ငံသည် တနှစ်လျှင် ၇%-၈% နှုန်းဖြင့် စီးပွားရေး လျင်မြန်စွာ ဖွံ့ဖြိုးတိုးတက်နေသော ထွန်းသစ်စ ဈေးကွက်တခု ဖြစ်ပါသည်။ ဘဏ္ဍာရေးလုပ်ငန်းကဏ္ဍသည် စီးပွားရေးဖွံ့ဖြိုးတိုးတက်ရန်အတွက် အထောက်အပံ့ပေးရာတွင် အရေးပါသော အခန်းကဏ္ဍမှ ပါဝင်ပါသည်။ သို့သော်လည်း မတည်ရင်းနှီးငွေ၊ ငွေကြေးစီမံခန့်ခွဲမှု အသိပညာနှင့် နည်းပညာပိုင်းတွင် အားနည်းလျက် ရှိပါသည်။
သို့ဖြစ်ပါ၍ အရည်အသွေးပြည့်ဝမြင့်မားသော ဘဏ္ဍာရေးထုတ်ကုန်များနှင့် ဝန်ဆောင်မှုများ ထောက်ပံ့နိုင်ရန် ကြိုးစားအလုပ်လုပ်ရန် လိုအပ်ပါသည်။ ထိုနည်းအားဖြင့် မြန်မာလူမျိုးများသည် ၎င်းတို့၏ဘဝ ပိုမိုကောင်းမွန်ရန် သင့်တင့်မျှတသော ဈေးနှုန်းဖြင့် ဘဏ္ဍာရေးဝန်ဆောင်မှုများကို လက်လှမ်းမီနိုင်ပါသည်။ ထို့အပြင် အရည်အချင်း ပြည့်ဝသည့် ပညာရှင်များဖြစ်ကြသော ကျွန်ုပ်တို့၏ လုပ်ဖော်ကိုင်ဖက်များမှ ဘဏ္ဍာရေးဝန်ဆောင်မှုများသာမက၊ ဘဏ္ဍာရေးနှင့် နည်းပညာ အဖြေများကို ထောက်ပံ့ပေးသွားမည် ဖြစ်ပါသည်။ ကမ္ဘောဒီးယားတွင် နှစ် (၂၀) ကျော်ကြာ အောင်မြင်မှုလမ်းခရီးကို လျှောက်လှမ်းနိုင်သည့်အလျှောက် ကျွန်ုပ်တို့၏ ဗဟုသုတနှင့် အတွေ့အကြုံများကို ဝေမျှအသုံးချ၍ မြန်မာနိုင်ငံတွင်လည်း ထိုကဲ့သို့ အောင်မြင်မှု ရရှိလာမည်ဟု လုံးဝ ယုံကြည်ပါသည်။

Share this post