လုပ်ငန်းလည်ပတ်ရေးအရာရှိချုပ် အသစ်ခန့်အပ်ခြင်း

ချစ်ခင်လေးစားရပါသော စထာပါနာနှင့် လုပ်ငန်းဆက်စပ်ပတ်သက်သူများရှင်။

ဦးမြကို အား စထာပါနာလီမိတက်၏ လုပ်ငန်းလည်ပတ်ရေးအရာရှိချုပ် (Chief Operations Officer) အဖြစ် ၂၀၂၄ ခုနှစ်၊ ဧပြီလ၊ ၃ ရက်နေ့မှစတင်၍ ခန့်ထားပြီးကြောင်း အသိပေးကြေညာအပ်ပါသည်။

ဦးမြကိုသည် မတူညီသောဘဏ္ဍာရေးနယ်ပယ်စုံတွင် လုပ်ငန်းလည်ပတ်စီမံခန့်ခွဲမှုအပိုင်း၌ လုပ်ငန်းအတွေ့အကြုံ (၁၀) နှစ်ကျော်ရှိပြီး ထူးချွန်ပြောင်မြောက်သော စွမ်းဆောင်ရည်ရှိသူတစ်ဦးဖြစ်ပါသည်။ ဦးမြကိုသည် မုံရွာ စီးပွားရေးတက္ကသိုလ်မှ စီးပွားရေးဘွဲ့ကို ရရှိထားပြီး ရန်ကုန်စီးပွား‌ရေးတက္ကသိုလ်မှ ဘဏ်လုပ်ငန်းနှင့် ဘဏ္ဍာရေး ပညာမဟာဘွဲ့ကို လေ့လာခဲ့ပါသည်။

ဦးမြကိုသည် ချေးငွေဌာနမှူး (Head of Credit Department) အဖြစ် စထာပါနာသို့ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ တွင် ဝင်ရောက်ခဲ့ပြီး၊ ၂၀၂၄ ခုနှစ်၊ ဧပြီလ၊ (၃) ရက်နေ့တွင် လုပ်ငန်းလည်ပတ်ရေးအရာရှိချုပ် (COO) အဖြစ် ရာထူး တိုးမြှင့်ခံခဲ့ရပါသည်။

ဦးမြကို၏ အသေးစားငွေကြေးဝန်ဆောင်မှုနှင့် ဘဏ္ဍာရေးလုပ်ငန်းနယ်ပယ်ဆိုင်ရာ အသိပညာဗဟုသုတနှင့် ကြွယ်ဝသော အတွေ့အကြုံများသည် ကုမ္ပဏီအတွက် ကြီးမားကောင်းမွန်သော ပိုင်ဆိုင်မှုတစ်ခုဖြစ်လာမှာ ဖြစ် ပြီး အသင်းသားများအား ရေရှည်တည်တံ့ပြီး လူတိုင်းလက်လှမ်းမီသော ဘဏ္ဍာရေးဝန်ဆောင်မှုများ ပေးအပ်ရင်း စထာပါနာလီမိတက်၏ ဖွံ့ဖြိုးတိုးတက်မှုကို ပိုမိုပံ့ပိုးပေးနိုင်မည်ဆိုတာကို ယုံကြည်ပါသည်။

စထာပါနာလီမိတက် (ရန်ကုန်ရုံးချုပ်)

အမှတ် (၃၅၁/ဘီ) ၊ ပြည်လမ်း ၊ စမ်းချောင်းမြို့နယ် ၊ ရန်ကုန်။

Share this post