လူမှုဖူလုံရေးအစီအစဥ်ဖြင့် ထောက်ပံ့ပေးအပ်ခြင်း

စထာပါနာလီမိတက်သည် ၂၀၁၅ ခုနှစ်မှ စတင်ကာ လုပ်ငန်းလည်ပတ်ဆောင်ရွက်ခဲ့ပြီး စထာပါနာနှင့် လက်တွဲလျှက်ရှိသော အသင်းများ၏ အကျိုးကို အစဥ်အမြဲရှေးရှုကာ တာဝန်သိ ဘဏ္ဍာရေးအဖွဲ့အစည်းတခုအဖြစ် ရပ်တည်လျှက်ရှိပါသည်။ စထာပါနာလီမိတက်၏ ကောင်းမွန်သော ဝန်ဆောင်မှုတခုဖြစ်သည့် လူမှုဖူလုံရေးအစီအစဥ် (Social Welfare Program) ကို ၂၀၁၉ ခုနှစ်၊ စက်တင်ဘာလမှ စတင်အကောင်အထည်ဖော်ခဲ့ပြီး အသင်းသားများ သေဆုံးခြင်း၊ မသန်းစွမ်းဖြစ်ခြင်းနှင့် ကလေးမွေးဖွားခြင်းစသော လူမှုဖူလုံရေးအကျိုးခံစားခွင့်များကို ပေးအပ်လျှက်ရှိပါသည်။

စထာပါနာလီမိတက်သည် လူမှုဖူလုံရေးအကျိုးခံစားခွင့်များကို ၂၀၁၉ ခုနှစ် စက်တင်ဘာလမှစတင်ကာ ၂၀၂၃ ခုနှစ် ဒီဇင်ဘာလထိ အသင်သားပေါင်း ၁၆,၅၂၆ ယောက်ကို မြန်မာကျပ်ငွေ ၃,၅၀၄,၆၉၅,၂၀၄ (၃.၅ ဘီလီယံကျော်) ကို အကျိုးခံစားခွင့်များ ပေးအပ်ခဲ့ပါသည်။ စထာပါနာလီမိတက်သည် အသင်းသားများ၏ အကျိုးကို အစဥ်အမြဲရှေုးရှာကာ ပိုမိုကောင်းမွန်သော ဝန်ဆောင်မှုများ ဆက်လက်ပေးအပ်နိုင် ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ပါသည်။

 

Share this post