၂၀၂၅ စထာပါနာ သီတင်းကျွတ်ပွဲတော်

စထာပါနာ သီတင်းကျွတ်ပွဲတော်

မြန်မာတို့၏ ရိုးရာယဥ်ကျေးမှုပွဲတော်များအနက်မှ တစ်ခုဖြစ်သော သီတင်းကျွတ်ပွဲတော်အခါသမယတွင် စထာပါနာလီမီတက် (ရုံးချုပ်) မှ ဝန်ထမ်းများအားလုံးသည် ကုမ္ပဏီ၏ စီမံခန့်ခွဲမှုအဖွဲ့ဝင်လူကြီးများအား မြန်မာ့ရိုးရာ ယဥ်ကျေးမှုထုံးစံနှင့်အညီ ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ (၂၅) ရက်နေ့တွင် စုပေါင်းကန်တော့ခဲ့ကြပါသည်။

ထို့အပြင် စက်တင်ဘာလ (၂၆) ရက်နေ့တွင်လည်း ဝန်ထမ်းများအားလုံး ပျော်ရွှင်စည်းလုံးရန် ဌာနအသီးသီးမှဝန်ထမ်းများသည် အဆို၊ အက၊ သရုပ်ဖော်အစီအစဥ်များဖြင့် သီတင်းကျွတ်ပွဲကို ပါဝင်ဆင်နွှဲခဲ့ကြပါသည်။

 

 

Share this post