အမှုဆောင်အရာရှိချုပ်အသစ် ခန့်အပ်ကြောင်း အသိပေးကြေညာခြင်း

ချစ်ခင်လေးစားရပါသော စထာပါနာ၏လုပ်ငန်းနှင့်ပါဝင်သက်ဆိုင်သူအားလုံးခင်ဗျား။

စထာပါနာလီမိတက်၏ အမှုဆောင်အရာရှိချုပ် (CEO) အဖြစ် Mr. Sudeep Gupta အား ခန့်အပ်ပြီးဖြစ်ပါကြောင်းနှင့် Mr. Gupta သည် ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ (၈) ရက် နေ့မှစတင်၍ လုပ်ငန်းတာဝန်များကို ထမ်းဆောင်နေပြီဖြစ်ပါကြောင်း တရားဝင်ကြေညာအပ်ပါသည်။

Mr. Gupta သည် ဘဏ်နှင့် ဘဏ်မဟုတ်သောငွေကြေးအဖွဲ့အစည်း စသည့် ဘဏ္ဍာရေး ဝန်ဆောင်မှု လုပ်ငန်းနယ်ပယ်တွင် (၂၃) နှစ် လုပ်ငန်းအတွေ့အကြုံရှိသူဖြစ်ပြီး၊ စထာပါနာသို့ မဝင်ရောက်မီ Fino Finance Private limited ၏ Whole Time Director အဖြစ် နောက်ဆုံးတာဝန်ယူခဲ့ပါသည်။ Mr. Gupta သည် လုပ်ငန်းတိုးတက်ဖွံ့ဖြိုးရေးမဟာဗျူဟာ ဖော်ထုတ်ခြင်းနှင့် အကောင်အထည်ဖော်ခြင်း၊ လုပ်ငန်း လည်ပတ်မှု နှင့် ဆုံးရှုံးနိုင်ခြေအန္တရာယ်ရှိမှု စီမံခန့်ခွဲခြင်းလုပ်ငန်းစဉ်များကို ထိရောက်စွာနှင့် စွမ်းဆောင်ရည် ပြည့်ဝစွာ စီမံခန့်ခွဲခြင်းအားဖြင့် ၎င်းတာဝန်ထမ်းဆောင်ခဲ့သော ကုမ္ပဏီများ၏ လုပ်ငန်းလျာထားချက်များကို ရာနှုန်းပြည့်အောင်မြင်မှု ရရှိအောင် တာဝန်ယူထမ်းဆောင်ခဲ့သူ တစ်ဦးလည်းဖြစ်ပါသည်။ Fino နှင့် လက်မတွဲမီ Satin Creditcare Microfinance Ltd ၊ Fullterton India ၊ ICICI bank နှင့် Ashok Leyland စသည့် အဖွဲ့အစည်းများတွင် တာဝန်ထမ်းဆောင်ခဲ့ပါသည်။

Mr. Sudeep Gupta စထာပါနာ၏ CEO ဖြစ်လာခြင်းအတွက် ကျွန်ုပ်တို့ ဂုဏ်ယူဝမ်းမြောက်ရပါသည်။ ၎င်း၏ အသေးစားငွေရေးကြေးရေးဝန်ဆောင်မှုလုပ်ငန်းနှင့် ဘဏ်လုပ်ငန်းဆိုင်ရာ အသိပညာဗဟုသုတ၊ အတွေ့အကြုံများနှင့် ကောင်းမွန်ခိုင်မာသော ဦးဆောင်မှုသည် စထာပါနာ၏လုပ်ငန်းအောင်မြင်မှုများအား နောက်ထပ် အဆင့်သစ်တခုသို့ တိုးမြှင့်ပေးနိုင်သည်သာမက ကျွနု်ပ်တို့ အသင်းသားများနှင့် မြန်မာပြည်သူများအတွက် ရေရှည်တည်တံ့သော ငွေကြေးနှင့်ဘဏ္ဍာရေးဝန်ဆောင်မှုများ ထောက်ပံ့ပေးအပ် ရာတွင်လည်း အကျိုးကျေးဇူးဖြစ်ထွန်းစေလိမ့်မည်ဟု ယုံကြည်အပ်ပါသည်။

 

စထာပါနာလီမိတက် (ရုံးချုပ်)
အမှတ်(၃၅၁/ခ) ၊ ပြည်လမ်း ၊
စမ်းချောင်းမြို့နယ်၊ ရန်ကုန်မြို့။

Share this post