အလုပ်သင်အစီအစဉ် အမှတ်စဉ် (၁)

စထာပါနာလီမိတက်သည် လူငယ်များ၏ စိတ်အားထက်သန်မှုနှင့် စွမ်းရည်အပေါ် အပြည့်အဝယုံကြည်သော အဖွဲ့အစည်းတစ်ခုဖြစ်သည့်အားလျော်စွာ ပထမဦးဆုံး Management Trainee Program (Bath-1) (Paid Opportunity) မှ အလုပ်သင် (Management Trainee) ၂ ဦးကိုအောင်မြင်စွာ မွေးထုတ်ပေးနိုင်ခဲ့ပါသည်။
 
အလုပ်သင်များသည် အလုပ်သင်ကာလတလျောက် Credit, Operations, Marketing, HR, IT and MIS, Administration, Finance, Risk and Compliance, Internal Audit ဌာနများနှင့် ရုံးခွဲများတွင် မတူညီသောလုပ်ငန်းတာဝန်များကို လေ့လာလုပ်ကိုင်ခဲ့ပြီး တန်ဖိုးမဖြတ်နိုင်သော လုပ်ငန်းအတွေ့အကြုံများနှင့် ဗဟုသုတများစွာရရှိခဲ့ပါသည်။
 
စထာပါနာလီမိတက်၏ အလုပ်သင်အစီအစဉ်သည် ဘွဲ့ရလူငယ်များအတွက် အလွန်ကောင်းမွန်ပြီး အခွင့်အလမ်းများစွာရရှိနိုင်သော အစီအစဉ်တစ်ခုဖြစ်သည့်အတွက် ရိုးသားကြိုးစား၍ တက်ကြွသော လူငယ်များအား အမြဲလက်ကမ်းကြိုဆိုလျက်ရှိပါသည်။
 
 
 
 
 
 
 

Share this post