အသိပေးကြေငြာချက်

 

နေ့စွဲ။ ။ ၂၈.၈.၂၀၂၀။

ဘဏ္ဍာရေးအဖွဲ့အစည်းများ၏ လုပ်ငန်းဆောင်ရွက်မှုများကို စီစစ်အကဲဖြတ်သော၊ အီတလီနိုင်ငံ အခြေစိုက် အပြည်ပြည်ဆိုင်ရာ စီစစ်အကဲဖြတ်အဖွဲ့အစည်းတခုဖြစ်သည့် “Microfinanza Rating (MFR)” မှ စထာပါနာ၏ ဘဏ္ဍာရေးဆောင်ရွက်မှုများကို စီစစ်အကဲဖြတ်၍ “BBB” အဆင့်အတန်းရှိသော အသိအမှတ်ပြုလက်မှတ်ကို ချီးမြှင့်ခဲ့ကြောင်း စထာပါနာမှ ဂုဏ်ယူဝမ်းမြောက်စွာ ကြေငြာအပ်ပါသည်။

“MFR” ၏ စီစစ်အကဲဖြတ်မှုလုပ်ငန်းစဉ်များကို၊ စထာပါနာ၏ ဆုံးရှုံးနိုင်ခြေရှိမှုများကို စီမံခန့်ခွဲသော စွမ်းရည်နှင့် မိမိအသင်းသားများအား ဘဏ္ဍာရေးဝန်ဆောင်မှု ပေးအပ်နေသော ကြိုးပမ်း ဆောင်ရွက်မှုများကို အခြေခံ၍ “MFR” မှ ကောင်းစွာပိုင်းခြားစိတ်ဖြာပြီး အလုံးစုံလွှမ်းခြုံ၍ မချွင်းမချန်သော စီစစ်အကဲဖြတ်မှု များဖြင့် ပြုလုပ် ဆောင်ရွက်ခဲ့ခြင်းဖြစ်ပါသည်။

ယခု အသိအမှတ်ပြုလက်မှတ် ချီးမြှင့်ခံရမှုသည် စထာပါနာအတွက် ထူးခြားသောအောင်မြင်မှုတခုဖြစ်သည်ဟု ယုံကြည်ပြီး စထာပါနာ၏ ဆုံးရှုံးနိုင်ခြေ စီမံခန့်ခွဲမှု စွမ်းဆောင်ရည်များကို၎င်း၊ ချေးငွေနှင့်ပတ်သက်သော ထိုက်တန်မှုကို၎င်း၊ စဉ်ဆက်မပြတ်ရေရှည်တည်တံ့နိုင်သည့် အခြေခံကောင်းများရှိမှုကို၎င်း၊ ကောင်းစွာအသိအမှတ်ပြု၍ စထာပါနာသည် ခိုင်မာအားကောင်း၍ ယုံကြည်အားထားလောက်သော ဘဏ္ဍာရေးအဖွဲ့အစည်းတခုဖြစ်သည်ဟူသော သက်သေခံမှုတခုလည်း ဖြစ်ပါသည်။

ယခုရရှိခဲ့သော အောင်မြင်မှုအတွက် စထာပါနာသည် လွန်စွာဂုဏ်ယူဝမ်းမြောက်၍ စထာပါနာ၏ လုပ်ငန်းနှင့် စပ်ဆိုင်သမျှသော သူအားလုံးကို ကျေးဇူးအထူးတင်ရှိပါသည်။ မြန်မာနိုင်ငံတွင် လုပ်ငန်းလုပ်ကိုင်နေသော အသေးစားငွေရေးကြေးရေး ဝန်ဆောင်မှုလုပ်ငန်းအဖွဲ့အစည်းများတွင် ဦးဆောင်ပါဝင်သူများအနက်မှ တဦး အနေဖြင့်လည်း မြန်မာနိုင်ငံသားများအတွက် ရေရှည်တည်တံ့ပြီး လူတိုင်းတတ်နိုင်သည့် ဘဏ္ဍာရေးဝန်ဆောင်မှု များကို စဉ်ဆက်မပြတ် ပေးအပ်သွားမည် ဖြစ်ပါကြောင်း ထပ်လောင်း၍ ကတိကဝတ်ပြုအပ်ပါသည်။

စထာပါနာလီမိတက် (ရုံးချုပ်)
No.351/B၊ ပြည်လမ်း
စမ်းချောင်းမြို့နယ်၊ ရန်ကုန်မြို့

Share this post