အသိအမှတ်ပြုလက်မှတ် ချီးမြှင့်ပေးအပ်ပွဲ

၂၀၂၁ ခုနှစ်၊ ဧပြီလ၊ (၂၄) ရက်


ဦးတည်ချက်၊ ရည်မှန်းချက်ကို ရှေးရှု၍ အလုပ်တွင် စိတ်ရောကိုယ်ပါ နှစ်မြှုပ်ထားသော ကျွန်ုပ်တို့ဝန်ထမ်းများ၏ လုံ့လဝီရိယစိုက်ထုတ်မှုနှင့် ကြိုးပမ်းအားထုတ်မှုများကြောင့် ငွေကြေးနှင့် ဘဏ္ဍာရေးဝန်ဆောင်မှုလုပ်ငန်း လည်ပတ်ရေးစနစ်တစ်ခုဖြစ်သော Oracle FLEXCUBE Core Banking System ကို အပြည့်အဝအောင်မြင်စွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ခဲ့သဖြင့် အသိအမှတ်ပြုလက်မှတ် ချီးမြှင့်ပေးအပ်ပွဲကို စထာပါနာ လီမိတက်၊ ရုံးချုပ်တွင် ၂၀၂၁ ခုနှစ်၊ ဧပြီလ၊ (၂၄) ရက်၊ နေ့လည် (၁၁) နာရီ၌ ကျင်းပခဲ့ပါသည်။
ဤလက်မှတ်ချီးမြှင့်ပွဲကို အလုပ်အမှုဆောင် အရာရှိချုပ်- Mr. Seang Serey ၊ အမှုဆောင်ကော်မတီအဖွဲ့ဝင်များ၊ စီမံခန့်ခွဲရေးအဖွဲ့နှင့် FLEXCUBE Project တွင် ပါဝင်လုပ်ဆောင်ခဲ့သည့် ဝန်ထမ်းများ တက်ရောက်ခဲ့ကြပါသည်။


Mr. Seang Serey မှ ဤ Project ကို အောင်မြင်စွာဆောင်ရွက်နိုင်ခဲ့မှုသည် အသင်းသားများကို ပိုမိုကောင်းမွန်သော ငွေကြေးနှင့် ဘဏ္ဍာရေးဝန်ဆောင်မှုကို ပေးအပ်မည်ဟူသော ကျွန်ုပ်တို့၏ ကတိကဝတ်ကို ဖြည့်ဆည်းရာတွင် ပိုမိုအားကောင်းစေသော သက်သေပြချက်တစ်ခုဖြစ်ကြောင်းနှင့်၊ COVID-19 ကမ္ဘာ့ကပ်ရောဂါ ဖြစ်ပွားနေသောကာလအတွင်း၌ပင် ဤ Project ပြီးမြောက်ရန်အတွက် အထောက်အကူပေးခဲ့သော၊ စိတ်ရော ကိုယ်ပါ နှစ်မြှုပ်လုပ်ကိုင်ခဲ့သော ဌာနအသီးသီးမှ ဝန်ထမ်းများကိုလည်း အသိအမှတ်ပြု ကျေးဇူးတင်ကြောင်း အဖွင့် အမှာစကား ပြောကြားခဲ့ပါသည်။


စထာပါနာ၏ ငွေထုတ်၊ ငွေသွင်း၊ ငွေအပ်နှံခြင်း ပြုလုပ်နေသော အသင်းသားများအား ဘဏ္ဍာရေး ထုတ်ကုန်များနှင့် ဝန်ဆောင်မှုများ ထုတ်လုပ်ဖြန့်ဝေခြင်းကို အရှိန်မြှင့်လုပ်ဆောင်ရာတွင် FlexCube စနစ်၏ ပြောင်းလွယ်ပြင်လွယ်နိုင်စွမ်းနှင့် ချုံ့နိုင်ချဲ့နိုင်စွမ်း တို့ကြောင့် လုပ်ငန်းလည်ပတ်မှု ထိရောက်အကျိုးရှိရေးကို တိုးတက်စေနိုင်ပါသည်။ Oracle FlexCube Core Banking System (Platform) ကို အသုံးပြုခြင်းအားဖြင့် ငွေရေးကြေးရေးအဖွဲ့အစည်းများသည် အချိန်နှင့်တပြေးညီ ငွေစာရင်းမှတ်တမ်းများ (အသွားအလာများ) ဆောင် ရွက်နိုင်ခြင်း၊ ချေးငွေ၊ အပ်နှံငွေနှင့်၊ Fixed Assets များနှင့် ပတ်သက်သော သတင်း အချက်အလက်များကို ရရှိနိုင်ခြင်း၊ ခြေရာခံနိုင်ခြင်းနှင့် စီမံခန့်ခွဲနိုင်ခြင်း စသည့် အကျိုးကျေးဇူးများ ရရှိနိုင်ပါသည်။

 

 

 

 

Share this post