လေးစားတန်ဖိုးထားရပါသော ရင်းနှီးမြှုပ်နှံသူများ၊ ရှယ်ယာရှင်များ၊ ဝန်ထမ်းများနှင့် မိတ်ဖက်အသင်းသားများ ခင်ဗျား
၂၀၂၅ ခုနှစ်ကိုကြိုဆိုရင်း သင်နှင့် သင်၏ချစ်ရသူအားလုံး ပျော်ရွှင်ချမ်းမြေ့ပြီး တိုးတက်ကြီးပွားသော နှစ်သစ်ကို ပိုင်ဆိုင်နိုင်ကြပါစေကြောင်း ကျွန်ုပ်အနေနှင့် ဦးစွာ ပဏာမ ဆုမွန်ကောင်းတောင်းအပ်ပါသည်။
၂၀၂၄ ခုနှစ်ကို ပြန်လည်ဆန်းစစ်သောအခါ စထာပါနာလီမိတက်နှင့် ပတ်သက်ဆက်နွယ်သူ တစ်ဦးတစ်ယောက်ချင်းစီ၏ စထာပါနာလီမိတက်အပေါ် ထားရှိသော ယုံကြည်မှုနှင့် သာလွန်ကောင်းမွန်စွာ ပါဝင်လုပ်ကိုင်ဆောင်ရွက်ပေးမှုများအတွက် အထူးကျေးဇူးတင်ရှိပါသည်။ ၂၀၂၄ ခုနှစ်သည် ကျွန်ုပ်တို့ အားလုံး၏ စုပေါင်းကြံ့ခိုင်မှု၊ တီထွင်ဆန်းသစ်နိုင်မှုနှင့် စိတ်အားထက်သန်စွာ ဆောင်ရွက် လုပ်ကိုင်နိုင်ခြင်း တို့ကို ရလဒ်ကောင်းများဖြင့် သက်သေထူနိုင်ခဲ့သော နှစ်တစ်နှစ်ဖြစ်ပါသည်။ ကျွန်ုပ်တို့အနေနှင့် ကြုံတွေ့ရသော စိန်ခေါ်မှုများကို အတူတကွ ဖြတ်ကျော်ရင်း၊ ကောင်းမွန်အသိအမှတ်ပြု ဖွယ်ရာများကိုလည်း မှတ်ကျောက်တင်နိုင်ခဲ့ကာ၊ စျေးကွက်၏ဦးဆောင်သူအဖြစ် ထပ်မံရပ်တည် နိုင်ခဲ့ပါသည်။
ကျွန်ုပ်တို့၏ လူ့အသိုင်းအဝိုင်းအတွင်း အဓိပ္ပာယ်ပြည့်ဝသော သက်ရောက်မှုများနှင့် ဂုဏ်သတင်း ကောင်းမွန်သော အသိအမှတ်ပြုမှုများ ရရှိနိုင်ရန် ဝန်ဆောင်မှုထုတ်ကုန်များနှင့် ကောင်းမွန်သော ဝန်ဆောင်မှုများ ပေးစွမ်းဆောင်နိုင်ခဲ့သည့်အတွက်ကြောင့် ၂၀၂၄ ခုနှစ် တစ်နှစ်တာသည် တိုးတက်အောင်မြင်မှုများနှင့် ပြည့်ဝသော နှစ်တစ်နှစ်ဖြစ်ခဲ့ပါသည်။ ဤကဲ့သို့ အောင်မြင်မှုများမှာ ကျွန်ုပ်တို့ဝန်ထမ်းများ၏ စိတ်အားထက်သန်စွာကြိုးပမ်းမှုများ၊ တန်ဖိုးထားရသော ဖောက်သည် အသင်းသားများ၏ ယုံကြည်မှုများ၊ ရင်းနှီးမြှုပ်နှံသူများနှင့် အစုရှယ်ယာရှင်များ၏ စိတ်ချယုံကြည်မှုများတို့ မပါရှိဘဲ ရရှိနိုင်မည်မဟုတ်ပါ။
ကျွန်ုပ်တို့အနေနှင့် ၂၀၂၅ ခုနှစ်တွင် စောင့်မျှော်နေသော အခွ့အလမ်းကောင်းများနှင့် ပတ်သက်၍လည်း စိတ်အားတက်ကြွမိပါသည်။ ဤနှစ်တွင်လည်း ကျွန်ုပ်တို့သည် ဆန်းသစ်ပြီး အသင်းသားဗဟိုပြုသည့် ငွေကြေးဝန်ဆောင်မှုများ ဆက်လက်ပေးအပ်ခြင်း၊ ရေရှည်တည်တံ့သော တိုးတက်မှုများရရှိရန် အားထုတ်ခြင်းနှင့် ထူးချွန်ပြောင်မြောက်မှုနှင့် အတူတကွပူးပေါင်းဆောင်ရွက်မှုတို့ကို အလေးပေးသော ယဉ်ကျေးမှုတစ်ခု ဖန်တီးပျိုးထောင်ခြင်း စသည့်ကဏ္ဍများတွင် အားစိုက်ဆောင်ရွက်သွားရန် ဆက်လက်ကြိုးပမ်းပါမည်။ ကျွန်ုပ်တို့အနေဖြင့် နည်းပညာများကိုအသုံးချခြင်းနှင့် လုပ်ငန်းနယ်ပယ် တိုးချဲ့ခြင်းများကို ပိုမိုဆောင်ရွက်မည့်အပြင်၊ ကျွန်ုပ်တို့ တန်ဖိုးထားသည့် စံနှုန်းများဖြစ်သော မှန်ကန်ဖြောင့်မတ်ခြင်း၊ ပညာရပ်ပိုင်းကျွမ်းကျင် ပိုင်နိုင်ခြင်း၊ လူမှုဝန်းကျင်တာဝန်ယူမှု စသည်တို့နှင့်အညီ ပြုမှုဆောင်ရွက်ခြင်းတို့ကိုလည်း အလေးထားလုပ်ဆောင်ပါမည်။
သင်တို့အားလုံး၏ စဉ်ဆက်မပြတ်သော ဝိုင်းဝန်းကူညီမှု၊ ပူးပေါင်းဆောင်ရွက်မှုများနှင့်အတူ စထာပါနာလီမိတက်သည် ၂၀၂၅ ခုနှစ်တွင် ပိုမိုကြီးမားသော အောင်မြင်မှုများရရှိနိုင်မည်ဟု ယုံကြည်ပါသည်။ ကျွန်ုပ်တို့အတူတကွပူးပေါင်းပြီး အခွင့်အလမ်းများ၊ အောင်မြင်ခြင်းများ၊ ပြီးမြောက်လုပ်ဆောင်မှုများနှင့် ပြည့်ဝသော အနာဂတ်ကို တည်ဆောက်နိုင်ကြမည်ဖြစ်သည်။
ဤကဲ့သို့ ကျွန်ုပ်တို့ အောင်မြင်မှုခရီးလမ်း၏ အဓိကကျသော အခန်းကဏ္ဍတွင် ပါဝင်သော သင်တို့အားလုံးအား များစွာ ကျေးဇူးတင်ရှိပါသည်။ ကျွန်ုပ်အနေနှင့်လည်း လာမည့်နှစ်တွင် အတူတကွတိုးတက်အောင်မြင်ခြင်းနှင့် အဓိပ္ပာယ်ရှိသော အကျိုးသက်ရောက်မှုများဖန်တီးနိုင်ရန် ယုံကြည်စောင့်စားမိပါသည်။
အားလုံး ပျော်ရွှင်စရာ နှစ်သစ်ကို ပိုင်ဆိုင်နိုင်ကြပါစေ။
နွေးထွေးစွာဖြင့်
Sudeep Gupta
အမှုဆောင်အရာရှိချုပ် (CEO)
စထာပါနာလီမိတက်