👨🏽‍🏭👨🏻‍🏫👨🏻‍🔧👮 အပြည်ပြည်ဆိုင်ရာ အလုပ်သမားနေ့ အထိမ်းအမှတ်ပွဲ ကျင်းပခြင်း 👨🏽‍🏭👨🏻‍🏫👨🏻‍🔧👮

အပြည်ပြည်ဆိုင်ရာ အလုပ်သမားနေ့ (မေလ – ၁ ရက်နေ့) အထိမ်းအမှတ်အဖြစ် စထာပါနာလီမိတက်ရုံးချုပ်တွင် ဧပြီလ (၂၈) ရက်နေ့၌ ဝန်ထမ်းများ စုပေါင်းကျင်းပခဲ့ပါသည်။
စထာပါနာလီမိတက်၏ အမှုဆောင်အရာရှိချုပ် (CEO) ဖြစ်သူ Mr. Sudeep Gupta မှ အပြည်ပြည်ဆိုင်ရာ အလုပ်သမားနေ့တွင် ဝန်ထမ်းများအားလုံးအား စုစုစည်းစည်း တွေ့ဆုံခွင့်၊ နှုတ်ဆက်ခွင့် ရသည့်အတွက် ဝမ်းမြောက်ကျေးဇူးတင်ကြောင်း၊ အောင်မြင်သော လုပ်ငန်းအဖွဲ့အစည်းများ၏ နောက်ကွယ်တွင် ဝန်ထမ်းများ၏ မဆုတ်မနစ်သော ကြိုးပမ်းအားထုတ်မှုများရှိပြီး ဝန်ထမ်းများသည် လုပ်ငန်းအဖွဲ့အစည်း၏ တန်ဖိုးဖြတ်မရသော အရင်းအမြစ်များဖြစ်ပါကြောင်း၊ စထာပါနာ၏ လုပ်ငန်းများ ယခုကဲ့သို့ အောင်မြင်‌အောင် အဖက်ဖက်မှ ကြိုးပမ်းအားထုတ်ပေးကြသော ဝန်ထမ်းတစ်ဦးချင်းကို ကျေးဇူးတင်ပါကြောင်း ပြောကြားသွားခဲ့ပါသည်။
ထို့နောက် အမှုဆောင်အရာရှိချုပ် (CEO) Mr. Sudeep Gupta မှ ဝန်ထမ်းများအားလုံးအတွက် အမှတ်တရ နှုတ်ခွန်းဆက်ကဒ်ပြားများကို ဌာနတစ်ခုချင်းအလိုက် ပေးအပ်ခဲ့ပြီး၊ အမှတ်တရ စုပေါင်းဓာတ်ပုံများ ရိုက်ကူးကာ အခမ်းအနားကို ရုတ်သိမ်းခဲ့ပါသည်။ ထို့နောက် ဝန်ထမ်းများအားလုံး ဌာနအလိုက် မုန့်များ ပျော်ရွှင်စွာ အတူတကွ စားသောက်ခဲ့ကြပါသည်။

 

Share this post