ချောက်မြို့နယ်နှင့် ညောင်ဦးမြို့နယ်တို့မှ ကျေးရွာများအား သောက်ရေသုံးရေများလှူဒါန်းခြင်း

စထာပါနာလီမိတက်သည် မိမိပတ်ဝန်းကျင်ရှိ လူမှုအကျိုးပြုလုပ်ငန်းများတွင် စဉ်ဆက်မပြတ် တတ်အားသရွေ့ ကူညီဆောင်ရွက်နေသောအဖွဲ့အစည်းတစ်ခုဖြစ်သည့်အလျောက် ယခုအခါတွင်လည်း ပူပြင်းသည့်ရာသီဥတုဒဏ်ကိုခံစားနေရသော အညာဒေသရှိ ချောက်မြို့နယ်နှင့် ညောင်ဦးမြို့နယ်တို့မှ ကျေးရွာများအား သောက်ရေသုံးရေများ သွားရောက်လှူဒါန်းခဲ့ပါသည်။

ချောက်မြို့နယ်ရှိ ထိန်ကန်ရွာ၊ မြေပဒုံရွာနှင့် မိုလာရွာ၊ တစ်ဖန် ညောင်ဦးမြို့နယ်ရှိ ကန်တိန်ရွာ၊ တပေါက်ကုန်းရွာ၊ ရွှေလက်ပံရွာနှင့် တက်မခါးရွာ တို့အား ၂၀၂၄ ခုနှစ် မေလ ၁၇ ရက်နေ့မှ မေလ ၂၀ ရက်နေ့အတွင်း အသီးသီးသွားရောက်ပေးလှူခဲ့ပါသည်။

ထိုသို့လှူဒါန်းရာတွင် သောက်ရေ (၂၀) လီတာဆံ့ ရေသန့်ဘူး (၂၄၅၀) ဘူးနှင့် သုံးရေ ရေဂါလန် (၃၂၀၀) ဆံ့ ရေဘောက်ဆာကား သုံးစီးတို့ဖြင့် ၄င်းမြို့နယ်နှစ်မြို့နယ်ရှိ အိမ်ထောင်စုပေါင်း (၂၀၀၅) စု၏ သောက်ရေသုံးရေ လိုအပ်ချက်များကို ဖြည့်ဆည်းပေးခဲ့ပါသည်။

 

Share this post