ကဆုန်လပြည့် (ဗုဒ္ဓနေ့)

မြန်မာ့ပြက္ခဒိန်အရ ကျရောက်သော ကဆုန်လပြည့်နေ့သည် ဂေါတမဗုဒ္ဓဘုရားရှင်၏ ဘုရားအဖြစ် ပွင့်တော်မူမည့် ဗျာဒိတ်တော်ခံယူသောနေ့၊ ဂေါတမမြတ်စွာအလောင်းအလျာ သိဒ္ဓတ္ထမင်းသား ဖွားမြင်တော်မူသောနေ့၊ သဗ္ဗညုတဉာဏ်တော်ကိုရရှိပြီး ဗုဒ္ဓအဖြစ်ကို ရရှိတော်မူသောနေ့နှင့် ပရိနိဗ္ဗာန်စံလွန်တော်မူသောနေ့တို့ ဖြစ်ခြင်းကြောင့် ဗုဒ္ဓနေ့ဟူ၍ ဗုဒ္ဓဘာသာဝင်များမှ လွန်စွာအလေးအမြတ်ထားသည့် အရေးကြီးသော နေ့ထူးနေ့မြတ် ဖြစ်ပါသည်။ ဂေါတမမြတ်စွာဘုရားသည် မဟာဗောဓိညောင်ပင်အောက်တွင် တရားကျင့်ကြံရင်း ကဆုန်လပြည့်နေ့တွင် ဘုရားအဖြစ်ကို ရောက်ရှိခဲ့သောကြောင့် ဗောဓိညောင်ပင်ကိုလည်း အလေးထားပူဇော်သောအားဖြင့် ကဆုန်လပြည့်နေ့ရောက်တိုင်း…

Continue Readingကဆုန်လပြည့် (ဗုဒ္ဓနေ့)